တိုင်းရင်းသား ပြည်သူ လူထုသည် တိုင်းပြည်၏ အရှင်သခင်ဖြစ်မည်ဆိုလျှင် ဒီမိုကရေစီအခြေခံအုတ်မြစ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ရေရှည်တည်တံ့ အားကောင်းမောင်းသန်မည်ဖြစ်သည်။ စစ်တပ် (တပ်မတော်) သည် တိုင်းပြည်၏ အစေခံဖြစ်ရ မည်ဟု တပ်မတော်ဖခင်ကြီး ဗိုလ် ချုပ်အောင်ဆန်းက လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက မိန့်ကြားခဲ့ပြီးဖြစ်သည်။ စစ်တပ် (တပ်မတော်)အနေဖြင့် တိုင်းရင်း သားပြည်သူလူထုကို အရှင်သခင် အဖြစ်လည်းကောင်း၊ မိမိကိုယ် ကိုယ် အစေခံအဖြစ်လည်းကောင်း သတ်မှတ်နိုင်ရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လျှင် ၁၉၆၂ ခုနှစ် မတ် လ ၂ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် တိုင်းရင်းသား ပြည်သူလူထုနှင့် စစ်တပ် (တပ် မတော်)အကြား ဆက်ဆံရေး တစ်နည်းအားဖြင့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် တစ်စ ထက်တစ်စကျိုးပဲ့လာခဲ့သည်။