Skip to main content

သူတို့လက်ထဲ ၀ ကွက် အပ်ကြတော့မည်လော၊

သူသာ ဆက်လုပ်ခွင့် ရမည်ဆိုက မြန်မာပြည်ကို ၅ နှစ် အတွင်း စင်္ကာပူလို ဖြစ်အောင် လုပ်ပေးမည် ဆိုသော နိုင်ငံကျော် မိန့်ခွန်းကို ချွေခဲ့သော ဧရာဝတီတိုင်းဝန် ကြီးချုပ် သည် ယခုအခါ နောက်ထပ် နာမည်ကျော် မိန့်ခွန်းတခုကို ဂျူလိုင် ၂၀ ရက်နေ့ ထပ်မံ မိန့်ကြားခဲ့ပြန်သည်။

'ဆိုက္ကား နင်းပြီး ချမ်းသာအောင် လုပ်နိုင်သည်' ဟု ဆိုလေသတည်း။


ဦးဌေးဦးမှလည်း အီသီယိုပီးယား ကို မမှီတော့သော်လည်း ဆိုမာလီ အထက်တွင် ရှိနေသေး၍ တိုးတက်သည်ဟု ဆိုနိုင်သည်ဟု ဆိုပြန်သည်။
သမ္မတ ဆိုသူကလည်း ပညာရေးသည် ပြန်ရနိုင်စရာ မရှိသော ရင်းနှီးမြှုပ်နှံမှုမျိုး ဆိုလိုဆို၊

ဦးရဲထွတ်၏ ဘုန်းတော်ဘွဲ့ ပို့စ်များတွင် သမ္မတကြီး နှင့် ကာချုပ်မင်းအောင်လှိုင်တို့သာ ငြိမ်းချမ်းရေးကို အမှန်တကယ် ဖေါ်ဆောင်နိုင်ပြီ၊ ဆင်ဖြူတော်က တိုင်းပြည် အေးချမ်းစေသည့် အတိတ်နမိတ်ဟု ဆိုကာ အားရ၀မ်းသာ လေလည် ပြခဲ့သော်လည်း ယခုအခါ ငြိမ်းချမ်းရေးသည် ဘယ်နေမှန်း မသိတော့သည့်အပြင် ကာချုပ်ဆိုသူမှ ငြိမ်းချမ်းရေးမရသေးပါက နိုင်ငံရေးမှ တပ်မတော်
ထွက်ခွာရန် ခက်ခဲနိုင်ဟု ဆိုပြန်ရာ တိုင်းပြည်မငြိမ်းချမ်းအောင် နည်းအမျိုးမျိုး ဖြင့် တိုင်းရင်းသား လက်နက်ကိုင်များကို ဗိုလ်နေ၀င်း လက်ထက်မှစပြီး ကြိုးရှည်ရှည် ဖြင့် လှန်ထားခဲ့သည်မှာလည်း အားလုံးအသိ၊

အခုလည်း မင်းအောင်လှိုင်မှ အားကျမခံ လူထုက တောင်းဆိုပါက သမ္မတ လုပ်ရန် စဉ်းစားမည်ဟု ဆိုလာပြန်သည်။
လူထု ဆိုသည်က သူ၏ ဖေ့ဘုတ် စာမျက်နှာပေါ်တွင် ရနေသော Like ၂၂၀,၀၀၀ ကို ပဲ လူထု ဟု ထင်နေရှာသည် ဟုသာ သူ့ဘက်မှ လျော့လျော့ပေါ့ပေါ့ စဉ်းစားပေရန်သာ ရှိတော့သည်၊ သို့မဟုတ်ပါက ကာကွယ်ရေး ဦးစီးချုပ်မှအစ စိတ်မမှန်ဟု ဘေးဘီ နိုင်ငံများ သိသွားက ရန်စ ကျူးကျော်မှုများ ပြုနိုင်သည့် အရေးက ရှိနေပေသေးသည်။

ဤကဲ့သို့ အူကြောင်ကျားများသာ လွှမ်းမိုးနေသော ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံကြရန် မြောင်းမြမြို့ရှိ ရွှေသာလျောင်း ဘုရားဝင်းကြီးအတွင်းတွင် ဂျူလိုင်လ (၁၈) ရက်နေ့က ကျင်းပခဲ့သော နတ်စင်တရာ ကျောင်းတိုက် ဆရာတော်၏ စတုဒီသာ ကျွေးပွဲတွင် မဘသ တံဆိပ်တပ်ဆင်ထာသော လူငယ်များက NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား မဲမပေးသင့်ကြောင်း အပုတ်ချ စာရွက်စာတန်းများကို ဖြန့်ဝေခဲ့ကြသည့် အတွက် အလှုရှင် ဆရာတော်မှ အရေးယူ စုံစမ်းစစ်ဆေးသွားမည်ဟု မိန့်ကြားခဲ့ကြောင်း သိရပါတယ်။

ဤဖြစ်စဉ်များကို ကြည့်ပါက မဘသ အဖွဲ့ အနေဖြင့် မိမိတို့အား ဆွမ်းကွမ်း ဆက်ကပ်နေသော ဒါယကာများ၏ တိုးတက်ကြီးပွားရာကို မကြည့်ပဲ ဘာသာရေး မှိုင်းတိုက်ကာ ဆင်းရဲတွင်းထဲသို့ ရောက်သထက် ရောက်အောင် လမ်းပြနေကြသလို ဖြစ်နေရပေသည်။

အူမတောင့်မှ သီလစောင့်နိုင်မည် ဟူသော စကားပုံအတိုင်း အူမတောင့် အောင်ပင် မနည်းရုန်းကန် လှုပ်ရှားလာနေရပါက ဘုန်းကြီးကျောင်းသို့ပင် သီလ လာမယူနိုင် ဖြစ်ကြပေမည်။ အဆိုပါ ဆရာတော်များ အဖို့ကတော့ ဆွမ်းကွမ်း ပူပင်စရာ မလိုပေ၊ အနှီ အူကြောင်ကျား ပုဂ္ဂိုလ်ကြီးများက မကြောင့်မကျ ထောက်ပံ့သွားမည်သာ ဖြစ်သည်။ ကား လိုချင် ကား၊ မြေ လိုခြင်မြေ၊ သိမ် လိုခြင် သိမ် လိုလေသေး မရှိအောင် လုပ်ပေးသွားကြမည်ကား ဗေယင်ပင် မေးစရာ မလိုပေ၊

လူထုအနေဖြင့် မိမိတို့သားစဉ်မြေးဆက် လူနေမှု အဆင့်မြင့်မားအောင် အခြားသော အရှေ့တောင်အာရှ ရှိ နိုင်ငံသားများကဲ့သို့ အိမ်တိုင်းနီးပါး ရေခဲသေတ္တာ ထားနိုင်သော အဆင့်မျိုး ရောက်ရှိလာနိုင်မည့်အရေး အခုလောလောဆယ် နားမယောင်ကြဘို့ လိုပေသည်။ အခုရွေးကောက်ပွဲက နောက်ဆုံး အခွင့်အလမ်း ဖြစ်လာနေချေပြီ။

ဤအရေးကို ရိပ်စားမိသော တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များပင် လက်ရှိရာထူးကို စွန့်ကာ တိုင်းပြည်အတွက် အရေးကြီးသော အချိန်မျိုးတွင် NLD အား ၀ိုင်းရံလာနေကြပေပြီ၊

လက်ရှိ အောက်ပါ နယ်ပါယ်အသီးသီးမှ ထင်ရှားသော ပုဂ္ဂိုလ်များက ရွေးကောက်ခံနိုင်ရန် စာရင်းပေးထားကြပြီ ဖြစ်သည်။ (credit to Martin Swe)

1)Dr ဒေါ်ဇင်မာအောင်
2)Dr ဦးသိန်းလွင် ( NNER )
3)Dr ဒေါ်ညိုညိုသင်း
4)Dr ဦးအောင်သူ (ရန်ကုန်တက္ကသိုလ် ပါချုပ် )
5)Dr ဦးသန်းဝင်း (မန္တလေးဆေးတက္ကသိုလ် ပါချုပ် ငြိမ်း )
6)Dr ဦးမင်းမြင့် ( ပါမောက္ခ၊ ဌာနမှူး (ငြိမ်း) *အတွင်းဝန် ဦးအုန်းမောင်၏ သား )
7)Dr ဦးဝင်းမြင့် ( မန္တလေးတော်ဝင်ဆေးရုံပိုင်ရှင် )
8)Dr ဒေါ်ခင်စိုးစိုးကြည်(မအူပင်ဆေးရုံအုပ်ကြီးငြိမ်း)
9) ဦးဝင်းချို ( တက်ကြွလှုပ်ရှားသူ )
10) ဒေါ်သက်သက်ခိုင်( ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်)
11) ဒေါ်ဆူဇန်နာလှလှစိုး
12) Blogger နေဘုန်းလတ်
13) ဦးကိုကိုကြီး
14) မမီးမီး
15) ကိုအောင်သူ
16) မဖြူ ဖြူသင်း
17) ဦးသိမ်းဆွေ

HSW

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...