မလိုက်နာပါက ဖွဲ့စည်းပုံအခြေခံဥပဒေပင်လျှင်လည်း ဖျက်ပစ်ရမည်ဆိုသော ပြောကြားချက်အပေါ် ဥပဒေပညာရှင်များ၏ သဘောထားအမြင်
မလိုက်နာပါက ဖွဲ့စည်းပုံအခြေခံဥပဒေပင်လျှင်လည်း ဖျက်ပစ်ရမည်ဆိုသော ပြောကြားချက်အပေါ် ဥပဒေပညာရှင်များ၏ သဘောထားအမြင် January 30, 2021 နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ဇန်နဝါရီ ၂၇ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိလျှင် ဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ”ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေရဲ့ mother law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေးကောင်စီ ခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ် ဥပဒေကို ဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆ...