နေရိန်ကျော်(ဝါရှင်တန်ဒီစီ) 2021-02-04 ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ်ပို့ရန် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုစစ်အာဏာသိမ်းမှုမျိုးကမှ ပယ်ဖျက်လို့ မရတဲ့အတွက်၊ ဒီကနေ့ ဖေဖေါ်ဝါရီ ၄ ရက်နေ့ထိ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD လွှတ်တော်အမတ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူလိုက်ပါတယ်။ လွှတ်တ်ောခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပါမည်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပြည်သူ့ လွှတ်တ်ောကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့က ဦးဆောင်စီစဉ်တာဖြစ်ပါတယ်။ လွှတ်တော်အမတ်ရှိတဲ့နေရာတိုင်းမှာ လွှတ်တော်ခေါ်ယူခွင့်ရှိတဲ့အတွက် ဒါဟာ ပြည်သူကပေးထားတဲ့ လုပ်ပိုင်ခွင့်ကို ပြန်ယူတာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်...