Skip to main content

Posts

Showing posts with the label နိုင်ငံခြားသတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား

  ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား 8 February 2021 22:26(+0630)  (2 ရက် ခန့်က)  ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား အာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကို ပထမဆုံး အကြိမ် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ‌ရှေ့ဆက် လုပ်ဆောင်သွားမယ့် နိုင်ငံ‌ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမူဝါဒတွေ အကြောင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောသွားခဲ့ပါတယ်။ "ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေကို နှစ်နိုင်ငံ သဘောတူချက်များနဲ့ အညီ ကျွန်တော်တို့ရပ်တည်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်"လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာသူတွေနဲ့ IDP camp တွေမှာ ရှိနေသူတွေ နေရပ် ပြန်လာရေးကိုလည်း ဆွေးနွေး ဆောင်ရွက်သွားမယ...

ရွေးကောက်ပွဲရလဒ်ကို မထောက်ခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော်တိုက်တွန်း

  ·   RFA Burmese   ၇ နာရီ    ·  ရွေးကောက်ပွဲရလဒ်ကို မထောက်ခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော်တိုက်တွန်း ~~~~~~ ■ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ မဲရလဒ်ကို လက်မခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က တပ်မတော် ခင်းကျင်းပြသခဲ့တဲ့ အရေအတွက်၊ စာရင်းဇယားတွေကို မစိစစ်ဘဲ ပုံမှန်လုပ်ဆောင်နေကျအတိုင်းပဲလို့ သဘောထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မထောက်ခံသင့်ကြောင်း တိုက်တွန်းထားတာပါ။ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့၊ အသွင်ကူးပြောင်းရေး ကြန့်ကြာအောင်မလုပ်ဖို့နဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာဖို့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်၊ ဗြိတိန်၊ ဩစတေးလျ၊ နယူးဇီလန်၊ ကနေဒါနဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံသံရုံးတွေ စုပေါင်းပြီး ဇန်နဝါရီလ (၂၉) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အသွင်းကူးပြောင်းရေးကို တပ်မတော်က နှောင့်နှေးကြန့်ကြာစေတယ်ဆိုတဲ့ အချက်ကိုလည်း တပ်မတော်က ငြင်းလိုက်ပါတယ်။...

သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့နဲ့ မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

·  Zawana Shen ၇ နာရီ    ·  သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့နဲ့ မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း (Unicode) မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အလွန် စိုးရိမ် ပူပန်စွာနဲ့ စောင့်ကြည့်လေ့လာ နေကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက Stéphane Dujarric ပြောပါတယ်။ ပါဝင်ပတ်သက်နေသူ အားလုံးအနေနဲ့ သွေးထိုး လှုံ့ဆော် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ ခေါင်းဆောင်မှုကို ပြသဖို့၊ ဒီမိုကရေစီ စံနှုန်းတွေကို စောင့် ထိန်း လိုက်နာဖို့နဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလက်ခံဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်း တယ်လို့လည်း ပြောခွင့်ရ Stéphane Dujarric က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ပြဌာန်းထားတဲ့ ဥပဒေကြောင်းအရ ဖြေရှင်းသင့်တယ် လို့လည်း ပြောပါတယ်။ ငြိမ်းချမ်းရေး၊ အားလုံး ပါဝင်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာကိစ္စ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ မြန်မာ ပြည်သူတွေရ...