·
ရွေးကောက်ပွဲရလဒ်ကို မထောက်ခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော်တိုက်တွန်း
~~~~~~
■ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ မဲရလဒ်ကို လက်မခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က တပ်မတော် ခင်းကျင်းပြသခဲ့တဲ့ အရေအတွက်၊ စာရင်းဇယားတွေကို မစိစစ်ဘဲ ပုံမှန်လုပ်ဆောင်နေကျအတိုင်းပဲလို့ သဘောထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မထောက်ခံသင့်ကြောင်း တိုက်တွန်းထားတာပါ။
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့၊ အသွင်ကူးပြောင်းရေး ကြန့်ကြာအောင်မလုပ်ဖို့နဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာဖို့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်၊ ဗြိတိန်၊ ဩစတေးလျ၊ နယူးဇီလန်၊ ကနေဒါနဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံသံရုံးတွေ စုပေါင်းပြီး ဇန်နဝါရီလ (၂၉) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အသွင်းကူးပြောင်းရေးကို တပ်မတော်က နှောင့်နှေးကြန့်ကြာစေတယ်ဆိုတဲ့ အချက်ကိုလည်း တပ်မတော်က ငြင်းလိုက်ပါတယ်။
မဲမသမာမှုဖြစ်နိုင်ချေရှိတဲ့ မဲစာရင်း ၁၀သန်းခွဲခန့်ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ နိုင်ငံတကာ သံတမန်တွေ အနေနဲ့ တကယ့်ဖြစ်ရပ်မှန်ကို မသိဘဲ ယူဆချက်သက်သက်နဲ့ ထုတ်ပြန်ပြောဆိုတာတွေမလုပ်သင့်ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး (၂၀၀၈) ဖွဲ့စည်းပုံနဲ့အညီ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပေမယ့် ဘာဆက်လုပ်မယ်ဆိုတာကို သေသေချာချာပြောမထားပါဘူး။
(Unicode)
————

(Zawgyi)
Photo - AFP
တပ်မတော်ကလွန်ခဲ့တဲ့ ၂၅ မိနစ်ခန့် က ထုတ်ပြန်ချက်တစ်စောင်ထပ်ထုတ်ပါတယ်။
အကျဉ်းချုပ်ကတော့ သံတမန်တွေဘာမှမသိပဲ ၊ ဘာမှသေချာမလေ့လာထားပဲ ဘာမှဝင်မပြောပါနဲ့ဆိုတဲ့သဘောပါပဲ။
တပ်မတော်က ဒီမိုကရေစီအရေးအတွက်လုပ်ဆောင်နေတာဖြစ်တယ် ၊ ဖြစ်နိုင်သမျှသော လုပ်ဆောင်မှုများကို ဆောင်ရွက်သွားမည် လို့ ဆိုထားပါတယ်။ ဘာကိုဆိုလိုချင်ပါလဲ ???????၊
“ ဖြစ်နိုင်သမျှသော “ စကားလုံးရဲ့အဓိပ္ပါယ်ကလည်း ကျယ်ပြန့်လွန်းပါတယ်။စဉ်းစားစရာတွေအများကြီးရှိလာပါတယ်။
ဆောင်ရွက်သွားမည်ဆိုရာမှာ “ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “ဥပဒေနှင့်အညီ “လို့ဖော်ပြထားတာတော့မတွေ့ရပါဘူး။ မလိုအပ်လို့မထည့်တာလား၊ တမင်ချန်ထားခဲ့တာလားစဉ်းစားစရာပါ။
မနက်ဖြန်လွှတ်တော်စတော့မည့်အချိန်မှာ ဒီလိုညဖက်ကြီး သဘောထားထုတ်ပြန်တာကိုတော့ စိတ်ထဲတမျိုးဖြစ်မိပါတယ်။ အစီုးရိမ်လွန်နေတာလည်းဖြစ်နိုင်ပါတယ်။
နေပြည်တော်မှာ လွန်ခဲ့တဲ့ ၅ မိနစ်အထိအားလုံး အေးအေးပဲလို့သိရပါတယ်။
တပ်မတော်ထုတ်ပြန်ချက်ထဲမှာ မဲစာရင်းအမှား ၁၀.၅ သန်းလို့ဖော်ပြထားတာကို အံ့အားသင့်မိပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းထဲက ၁၀.၅ သန်းကိုနှုတ်လိုက်ရင် ၂၇.၅ သန်းပဲကျန်ပါမယ်။
၁၀.၅ သန်းအမှားဆိုတာမြို့နယ် အကုန်ကိုစစ်ထားတာပါလား ။ အဲ့ဒါကိုမဖေါ်ပြထားပါဘူး။ ကျွန်တော်သိရသလောက် မြို့နယ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ပဲရှိပါသေးတယ်။
၁၀.၅ သန်းအမှားဆိုတာ မြို့နယ် အချို့ပဲရှိသေးတဲ့အတွက် မြို့နယ်အကုနိသာစစ်လိုက်ရင် ၃၈ သန်းထက်ပိုသွားမှာစဉ်းစားမိပါတယ်။ မြန်မာနိုင်ငံမှာမဲပေးခွင့်ရှိသူ သုည သို့မဟုတ် အနှုတ်ပြသွားမှာစီုးရိမ်မိတာပါ။
မြို့နယ်အချို့နဲ့တင် ၁၀.၅ သန်းတောင်မှားနေပြီဆိုတော့ မဲပေးခွင့်ရှိသူ ၃၈ သန်းနှင့် နှိုင်းယှဉ်၊ ချင့်ချိန်စေချင်ပါတယ်။
လေးစားစွာဖြင့်
မျိုးရန် နောင်သိန်း
၃၁-၁-၂၀၂၁
၂၁-၄၁ နာရီ

Comments
Post a Comment