ဦးဝီရသူကို ရုံးထုတ်ပေးဖို့တောင်းဆိုတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ဘုန်းကြီးတွေကို ဒဏ်ငွေ နှစ်သောင်းစီချ
ကြောက်စရာကေါင်းတဲ့ ဥပဒေကပေးသောမျိုးညစ်များအတွက်အပြစ်ဒဏ် """""""""""""""""""""""""""""""""""""""""" ဦးဝီရသူကို ရုံးထုတ်ပေးဖို့တောင်းဆိုတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ဘုန်းကြီးတွေကို ဒဏ်ငွေ နှစ်သောင်းစီချ ================ ဇန်နဝါရီ (၂၂) ရက်၊ ၂၀၂၁။ ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ တောင်းဆိုခဲ့တဲ့ လူလေးယောက်နဲ့ ဘုန်းကြီးနှစ်ပါးကို ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) နဲ့ လမ်းမတော်မြို့နယ်တရားရုံးက ဇန်နဝါရီလ (၂၁) ရက်နေ့မှာ ဒဏ်ငွေနှစ်သောင်း ချမှတ်ခဲ့တယ်လို့ အမျိုးသားရေးသမားတွေဆီက သိရပါတယ်။ တရားစွဲခံရသူတွေဟာ ကိုသက်မျိုးဦး၊ ကိုထွန်းကျော်၊ ကိုမင်းမင်းနဲ့ ကိုစိုးပိုင်တို့ဖြစ်ပြီး သံဃာတွေကတော့ ဦးတေဇာဝန္တနဲ့ ဦးပညာဝံသတို့ ဖြစ်တယ်လို့ သိရပါတယ်။ “အခုလို တရားစွဲအမိန့်ချတာတွေအတွက်ကိုတော့ ဘာမှပြောစရာမရှိတော့ပါဘူး။ လာမယ့်ရုံးချိန်းတွေကျရင်လည်း တရားဝင်ဆက်လုပ်သွားဦးမှ...