Skip to main content

Posts

Showing posts with the label ၂၀၀၈ ဖွဲ့စည်းပုံ

စစ်အာဏာသိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုကို ရှုံ့ချဟု ဗကသ ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၂၉

  ·   အများမြင် နှင့်အတူ မျှဝေခဲ့သည် ဗိုလ်ချုပ်သမီး ၁၅ နာရီ    ·  စစ်အာဏာသိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုကို ရှုံ့ချဟု ဗကသ ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က စစ်အာဏာ သိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုများကို ပြင်းပြင်း ထန်ထန်ရှုံ့ချကြောင်း ယနေ့ ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာချက်တွင် "ဗကသများအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတွေးအခေါ် သန္ဓေတည်တဲ့ကာလကစပြီး လက်ရှိ ရှင်သန်ကြီးထွားနေတဲ့ကာလအထိ အစဉ်တစိုက် ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။ အလုံးစုံဖျက်သိမ်းပစ်ရမယ့် ဥပဒေလို့လည်း တသမတ်တည်းရပ် တည်ခဲ့တယ်။ ခုချိန်ထိလည်း အဲဒီအတိုင်း ရပ်တည်ယုံကြည်နေဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ စစ်အာဏာသိမ်းတဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ စစ်အာဏာသိမ်းမယ်ဆိုတဲ့ ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်"ဟု ဖော်ပြထားသည်။ ယင်းကြေညာချက်တွင်ပင် " ဒီမိုကရေစီအခြေခံမူတွေကို အလျော့ပေးစေ့စပ်ပြီး ၂၀၀၈ အောက် ရွေးကောက်ပွဲဝင...

အခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်လို့ရကြောင်း ကာကွယ်ရေးဦးစီးချုပ်ပြော

  အခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်လို့ရကြောင်း ကာကွယ်ရေးဦးစီးချုပ်ပြော ~~~~~~ သက်စုအောင်၊ သီဟထွန်း ■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဒီဥပဒေကို ဖျက်သိမ်းပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အရာရှိတွေကို မနေ့က အွန်လိုင်းကတဆင့် အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ "ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ၊ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက် နာဖို့ လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေ ကို ဖျက်ပစ်ရမယ်၊ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။" ပြဌာန်းထားတဲ့ဥပဒေတွေကို ကိုယ်လိုရာဆွဲပြောနေမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကို ဦးတည်သွားနိုင် ကြောင်း၊ ဥပဒေကို မလေးစားမလိုက်နာရင် အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ့်အကြောင်း တော်လှန် ရေးကောင်စီခေတ်တုန်းက ၁၉၄၇ ဥပဒေကို ဖျက်ခဲ့ကြောင်း၊ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ လည်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ဖျက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ...