Skip to main content

Posts

Showing posts with the label ရွေးကောက်ပွဲ

တပ်မေတာ်က မဲစာရင်းစစ်ဆေးခဲ့သည့် နည်းပညာကိုသိရှိလို

 တပ်မေတာ်က မဲစာရင်းစစ်ဆေးခဲ့သည့် နည်းပညာကိုသိရှိလို တပ်မတော်က မဲစာရင်းစစ်ဆေးခဲ့သည့်နည်းပညာကိုသိရှိလိုဟု ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ MYNFREL ဆို | The Myanmar Times (mmtimes.com)

ဦးနှောက်ထဲစစ်သုတ်ပိုးဝင်ခြင်းရောဂါ

  "ဦးနှောက်ထဲစစ်သုတ်ပိုးဝင်ခြင်းရောဂါ" (Spermatomilitaro encephalitis) စောစောသိ စောစောကုကြပါ ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုရင် - အဖေကစစ်သားဖြစ်တာနဲ့ပဲ မဆီမဆိုင် တပ်ချုပ်ကသူ့အကျိုးအတွက်အာဏာသိမ်းတာကို အတင်းထောက်ခံသူများ.. - NLD တစ်ဖက်ပိတ်တွေကို အမြင်ကပ်တာနဲ့ပဲ ဥပဒေမဲ့ စစ်တပ်အာဏာသိမ်းတာကို အတင်းထောက်ခံသူများ... - ရည်းစား၊ ယောကျ်ားက စစ်သား စစ်ဗိုလ်ဖြစ်တာတစ်ခုထဲနဲ့ အာဏာသိမ်းရင် ချက်ချင်း ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းတော့မလိုလိုထင်နေတဲ့ သူများ... - NLD အာဏာရချိန်မှာ NLD အမတ်တွေနဲ့ ပရောပရီမနေရ၊ ပရောဂျက်မရ၊ ဂေါက်တွဲရိုက်ခွင့်မရ သူများ... - ဘယ်သူ တက်တက် မနက်ထမင်း ညထမင်းပဲ ဘာမှမထူးဘူး ဆိုသူများ နှင့် တနေ့တာ အကျိုးအတွက် ငွေမျက်နှာကြည့်ပြီး တပ်ချုပ်အကျိုးကို ကိုယ့်အကျိုးထင်နေကြသူများပဲ ဖြစ်ပါတယ်... ရောဂါရှိသူ၏ လက္ခဏာများမှာ - အမြင်မတူရင် ကျော်သွားနိုင်တယ် - မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ - လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် - တော်ကြပါတော့ - အပြုသဘောနဲ့အကြံပေးတာပါ ဆင်ခြင်စေခြင် - သူများရဲ့ ဘဝကို မသိပဲ မဝေဖန်ပါနဲ့ - ဆရာဝန်တွေက ကျင့်ဝတ်မညီဘူး blah blah စသည့် အပြုအမူအရေးအသားများ ဖြစ်ပြီး အထက်...

အာဏာသိမ်းအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတကာသံတမန်များကို အန်အယ်လ်ဒီ တောင်းဆို

အာဏာသိမ်းအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတကာသံတမန်များကို အန်အယ်လ်ဒီ တောင်းဆို Published By   DVB | 7 February, 2021 2     0  Share 0  Comment 0  Likes အာဏာသိမ်းအုပ်စုက ဖွဲ့စည်းထားတဲ့  အစိုးရအပါအဝင် အဖွဲ့အစည်းတွေဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  မြန်မာနိုင်ငံနဲ့ တရားဝင်သံတမန် အဆက်အသွယ်ရှိတဲ့ နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းလိုက်ပါတယ်။ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စစ်ခေါင်းဆောင်တစုက မည်သည့်ဥပဒေနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ အတင်းအဓမ္မ သိမ်းယူခဲ့တာကြောင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်သာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတဖြစ်ပြီး၊ သမ္မတ ဦးဝင်းမြင့်ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့သာ နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ဒါ့အပြင် မတ...

ရွေးကောက်ခံ NLD အမတ်များ လွှတ်တော်ခေါ်ယူခြင်းကို အပြည်အဝ ထောက်ခံကြောင်း ထုတ်ပြန်ကြေညာချက် NSA

  ရွေးကောက်ခံ NLD အမတ်များ လွှတ်တော်ခေါ်ယူခြင်းကို အပြည်အဝ ထောက်ခံကြောင်း ထုတ်ပြန်ကြေညာချက် ရက်စွဲ။          ။ ဖေဖေါ်ဝါရီလ(၄)ရက်၊ ၂၀၂၁ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စည်ပင်ဧည့်ရိပ်သာ၌ NLD လွှတ်တော်ကိုယ်စား လှယ် အမတ် ၇၀ စုပေါင်းပြီး လွှတ်တော်ခေါ် "ကတိသစ္စာပြု" ပွဲကို လက်မှတ် ရေးထိုး ခဲ့ ကြသည်ဟု ကြားသိရပါသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော လွှတ် တော် ကိုယ်စားလှယ်များက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်း ချက်များအရ အခြေခံဥပဒေနှင့်အညီ လွှတ်တော်ခေါ်ယူခွင့် အာဏာ အပြည့်အဝ အပ်နှင်းထားပြီးဖြစ်ခြင်းနှင့်   UEC ၏ သတ်မှတ်ထားသော ဥပဒေ များအရလည်း လွှတ်တော်ခေါ်ယူခွင့် အပြည်အဝရှိသည့်အတွက် အနိုင်ရ NLD လွှတ်တော် ကိုယ်စား လှယ်များ ခေါ်ယူ လိုက်သော လွှတ်တော်အား မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မိတ်ဆွေများအသင်း (ဩစတြေးလျ)မှ အကြွင်းမဲ့ အပြည့်အဝ ထောက်ခံပါကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။   အတွင်းရေးမှူးအဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မိတ် ဆွေများအသင်း (ဩစတြေးလျ)

ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ပို့ကုန်ဥပဒေအရ အာဏာသိမ်းစစ်တပ် တရားစွဲ

  ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ပို့ကုန်ဥပဒေအရ အာဏာသိမ်းစစ်တပ် တရားစွဲ 04 ဖေဖော်ဝါရီ၊ 2021 ဗွီအိုအေ (မြန်မာပိုင်း) မွ်ေ၀ပါ   Print (Zawgyi/Unicode) ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်တပ် အာဏာပိုင်တွေက သွင်းကုန်၊ ပို့ကုန် ဥပဒေတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရဆီကနေ အာဏာ သိမ်းယူပြီး ၂ ရက် အကြာမှာ အခုလို တရားစွဲလိုက်တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သတင်းပြန်ကြားရေးအရာရှိ အပါအဝင် ပါတီ တာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုခံရတဲ့အကြောင်းကို အတည်ပြုပြောကြားကြပါတယ်။ တနင်္လာနေ့က စစ်တပ်က အာဏာသိမ်းချိနကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည့်ဟာ ခွင့်ပြု ချက် မရှိဘဲ ဝေါ်ကီတော်ကီ စကားပြောစက် ၆ လုံးကို တရားမဝင် တင်သွင်း အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီ ပစ္စည်းတွေ ကို ဒေါ်အောင်းဆန်းစုကြည်ရဲ့ အိမ်ကို ရှာဖွေ စဉ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ အနီးကပ် ...

ဝါရှင်တန် မြန်မာသံရုံးအတွင်းဝန် နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပြီ

  ဝါရှင်တန် မြန်မာသံရုံးအတွင်းဝန် နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပြီ 04 ဖေဖော်ဝါရီ၊ 2021 အင်ကြင်းနိုင် ဝါရှင်တန် ဒီစီမှာရှိတဲ့ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးမောင်မောင်လတ်ဟာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံပြီး ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်ခဲ့ မွ်ေ၀ပါ   Print (Zawgyi/Unicode) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို မကျေနပ်တဲ့အတွက် ပထမဆုံး မြန်မာသံတမန်အရာရှိတဦးအနေနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ ရာထူးကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပါပြီ။ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ကိုယ်တိုင်လာရောက် ဆနပြခဲ့တဲ့ ဦးမောင်မောင်လတ်ကို ဗွီအိုအေက သီးသန့်မေးမြန်းရာမှာ သူနုတ်ထွက်ရတဲ့ အကြောင်းအရင်းကို အခုလိုပြောပါတယ်။ “ကျနော် ပထမအတွင်းဝန် မောင်မောင်လတ်ပါ။ မြန်မာသံရုံးကနေ နုတ်ထွက်လာတာပါ။ လူထုက တင်မြှောက်ထားတဲ့ NLD အစိုးရကို မတရားဖြင့် ဖမ်းဆီးပြီး၊ စစ်အာဏ...

NLD ပါတီခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များအား တပ်က ဖမ်းဆီးထိန်းသိမ်း

  NLD ပါတီခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များအား တပ်က ဖမ်းဆီးထိန်းသိမ်း ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၁ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေး စတင်ကျင်းပမည့် ယနေ့မနက်အစောပိုင်း တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ခေါင်းဆောင်များနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များအား တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွှန့်က- “ ကျနော့်ဆီသတင်းပို့တာတော့ ဦးသိန်းဦး ဖမ်းသွားပြီ၊ ဦးဟံသာမြင့် အိမ်ကိုလည်း ဝိုင်းထားပြီလို့ပြောတယ်။ CEC ကထဲ သိရသလောက်တော့ သူတို့နှစ်ယောက် ပေါ့၊ ကျနော့ဆီလည်း လာနေပြီလို့ ပြောလို့ ဒါကြောင့် ကျနော်လည်း အထုပ်အပိုးပြင်ပြီး စောင့်နေတာပါ”ဟု- ဧရာဝတီသို့ အတည်ပြုပြောကြားသည်။ ဆက်လက်ပြီး- “လက်နက်ရှိတဲ့သူက လက်နက်နဲ့ အာဏာသိမ်းတာပေါ့၊ အကြောင်းပြတာကတော့ နောက်မှပြလို့ ရတာပေါ့ဗျာ။ ကျနော်တို့က ဥပဒေနဲ့အညီဆိုရင် အဖမ်းခံရပြီး ဥပဒေနဲ့အညီပဲ ဆက်ပြီးပြောရမှာပေါ့” ၎င်းကပြော သည်။ ယနေ့မနက်အစောပိုင်းကလည်း သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဦးနိုင်ငံလင်းနှင့် လွှတ်တော် ကိုယ်စားလှယ် ဦးပြုံချိုတို့အား နေအိမ်တ...