ရွေးကောက်ခံ NLD အမတ်များ
လွှတ်တော်ခေါ်ယူခြင်းကို အပြည်အဝ ထောက်ခံကြောင်း ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။
ဖေဖေါ်ဝါရီလ(၄)ရက်၊ ၂၀၂၁
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်
စည်ပင်ဧည့်ရိပ်သာ၌ NLD လွှတ်တော်ကိုယ်စား လှယ် အမတ် ၇၀ စုပေါင်းပြီး
လွှတ်တော်ခေါ် "ကတိသစ္စာပြု" ပွဲကို လက်မှတ် ရေးထိုး ခဲ့ ကြသည်ဟု
ကြားသိရပါသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက
ရွေးချယ်တင်မြှောက်လိုက်သော လွှတ် တော် ကိုယ်စားလှယ်များက ရွေးကောက်ပွဲဆိုင်ရာ
ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်း ချက်များအရ အခြေခံဥပဒေနှင့်အညီ လွှတ်တော်ခေါ်ယူခွင့် အာဏာ
အပြည့်အဝ အပ်နှင်းထားပြီးဖြစ်ခြင်းနှင့် UEC ၏ သတ်မှတ်ထားသော ဥပဒေ များအရလည်း
လွှတ်တော်ခေါ်ယူခွင့် အပြည်အဝရှိသည့်အတွက် အနိုင်ရ NLD လွှတ်တော် ကိုယ်စား လှယ်များ ခေါ်ယူ လိုက်သော
လွှတ်တော်အား မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မိတ်ဆွေများအသင်း (ဩစတြေးလျ)မှ
အကြွင်းမဲ့ အပြည့်အဝ ထောက်ခံပါကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
အတွင်းရေးမှူးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
မိတ် ဆွေများအသင်း (ဩစတြေးလျ)

Comments
Post a Comment