Skip to main content

Posts

Showing posts with the label ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ပို့ကုန်ဥပဒေအရ အာဏာသိမ်းစစ်တပ် တရားစွဲ

  ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ပို့ကုန်ဥပဒေအရ အာဏာသိမ်းစစ်တပ် တရားစွဲ 04 ဖေဖော်ဝါရီ၊ 2021 ဗွီအိုအေ (မြန်မာပိုင်း) မွ်ေ၀ပါ   Print (Zawgyi/Unicode) ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်တပ် အာဏာပိုင်တွေက သွင်းကုန်၊ ပို့ကုန် ဥပဒေတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရဆီကနေ အာဏာ သိမ်းယူပြီး ၂ ရက် အကြာမှာ အခုလို တရားစွဲလိုက်တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သတင်းပြန်ကြားရေးအရာရှိ အပါအဝင် ပါတီ တာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုခံရတဲ့အကြောင်းကို အတည်ပြုပြောကြားကြပါတယ်။ တနင်္လာနေ့က စစ်တပ်က အာဏာသိမ်းချိနကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည့်ဟာ ခွင့်ပြု ချက် မရှိဘဲ ဝေါ်ကီတော်ကီ စကားပြောစက် ၆ လုံးကို တရားမဝင် တင်သွင်း အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီ ပစ္စည်းတွေ ကို ဒေါ်အောင်းဆန်းစုကြည်ရဲ့ အိမ်ကို ရှာဖွေ စဉ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ အနီးကပ် ...

အတိုင်ပင်ခံရုံးမှမွတ်စလင်နှင့်ရခိုင်များအတွက် ဆောင်းရာသီအနွေးထည်ဝယ်ရန် သိန်း ၆၀၀ ကျော်လှူဒါန်း

  အတိုင်ပင်ခံရုံးမှမွတ်စလင်နှင့်ရခိုင်များအတွက် ဆောင်းရာသီအနွေးထည်ဝယ်ရန် သိန်း ၆၀၀ ကျော်လှူဒါန်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ မွတ်စလင်နှင့် ရခိုင်များအတွက် ဆောင်းရာသီအနွေးထည်ဝယ်ရန် သိန်း ၆၀၀ ကျော်လှူဒါန်းခဲ့ကြောင်းသိရသည်။ ဇန်နဝါရီက ၁၆ ရက်တွင် ပြည်နယ်အစိုးရကကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများမှ ရခိုင် နှင့် မွတ်ဆလင် IDP စခန်းများတွင်ရှိသည့် အသိုင်းအဝန်း ၂ ခုစလုံးမှ မိသားစုပေါင်း ၁၅၈၁၂ စု အတွက် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ခြုံစောင်များ လှူဒါန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရှိနေသည့် အိမ်ထောင်စု (၁၅၀၀၀)ကျော်အတွက် ဆောင်းတွင်းကာလတွင် အမှန်တစ်ကယ် လိုအပ်သည့်နေရာများ၏ စာရင်းကိုတောင်းခံ၍ စောင်များကို လှူဒါန်းရန် စီစဉ်ရခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ လှူဒါန်းသည့်အခါတွင် မည်သို့လှူဒါန်းပါက အထိရောက်ဆုံး ဖြစ်မည်နှင့် အောက်ခြေအထိ သက်ဆိုင်ရာပုဂ္ဂိုလ်များ လက်ထဲအထိရောက်အောင် အကောင်းဆုံး မည်သို့ လှူဒါန်း၍ရမည်ကို စဉ်းစားသည့် အခါတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လှူဒါန်းခြင်းသည် အထိရောက်ဆုံ...

နားလိုက်တော့

  နားလိုက်တော့ ••••••••••••••• တရုတ်သမ္မတ ရှီကျင့်ဖင်သည် ၂၀၁၃ စက်တင်ဘာလ မှစ၍ ၎င်း၏ ရပ်ဝန်း နှင် လမ်းစီမံကိန်းကြီးဖြင့် ကမ္ဘာတဝှမ်း ရှိ နိုင်ငံပေါင်း ၇၀ ခန့်တွင်ရှိ အခြေခံ အဆောက်အအုံ ပိုင်း များ အား ရင်းနှီးမြုပ်နှံရန် စတင် လာခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်သည် ၎င်းတို့အတွက် စွမ်းအင်ဖူလုံရေး နှင့် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေး အတွက် မြန််မာ အပေါ် လုံးဝ မျက်စိကျလာခဲ့ကြသည်။ ထို့အတွက်လည်း ၂၀၁၇ တွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းဆိုကာ ကချင် နှင့် ရှမ်းပြည်နယ်များတွင် စက်မှုဇုံများ တည်ဆောက်ရေး၊ ကျောက်ဖြူတွင် ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံများ၊ ယူနန်- မန္တလေး- ရန်ကုန်၊ မန္တလေး-ကျောက်ဖြူ အဝေးပြေးလမ်း စီမံကိန်းများ၊ ရန်ကုန် ခေတ်မီ မြို့သစ် တိုးချဲ့ရေး စီမံကိန်းများ အဆိုပြုလာခဲ့သည်။ ထို့ပြင် မြန်မာတွင် တူးဖေါ်၍ ရမည့် ရေနံ နှင့် သဘာဝဓါတ်ငွေ့ အကွက်ပေါင်း ၁၀၄ ကွက်လည်း ရှိနေပြီး အရှေ့တောင်အာရှ တွင် ပမာဏ အများဆုံး ဖြစ်မည်ဟု ထင် ကြေးပေးခံနေရသည်။ ထိုစီမံကိန်းများ အကောင်အထည် ဖေါ်ရေးအတွက် မြန်မာတွင် နိုင်ငံရေးအရ တည် ငြိမ်ပြီး လူထု ထောက်ခံမှု ရထားသည့်။အစိုးရတရပ် ပေါ်ထွန်းရေးသ...