Skip to main content

နားလိုက်တော့

 နားလိုက်တော့

•••••••••••••••
တရုတ်သမ္မတ ရှီကျင့်ဖင်သည် ၂၀၁၃ စက်တင်ဘာလ မှစ၍ ၎င်း၏ ရပ်ဝန်း နှင် လမ်းစီမံကိန်းကြီးဖြင့် ကမ္ဘာတဝှမ်း ရှိ နိုင်ငံပေါင်း ၇၀ ခန့်တွင်ရှိ အခြေခံ အဆောက်အအုံ ပိုင်း များ အား ရင်းနှီးမြုပ်နှံရန် စတင် လာခဲ့သည်။
ထိုအချိန်မှစ၍ တရုတ်သည်
၎င်းတို့အတွက် စွမ်းအင်ဖူလုံရေး နှင့်
အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေး
အတွက် မြန််မာ အပေါ် လုံးဝ မျက်စိကျလာခဲ့ကြသည်။
ထို့အတွက်လည်း ၂၀၁၇ တွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းဆိုကာ ကချင် နှင့် ရှမ်းပြည်နယ်များတွင် စက်မှုဇုံများ တည်ဆောက်ရေး၊ ကျောက်ဖြူတွင် ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံများ၊ ယူနန်- မန္တလေး- ရန်ကုန်၊ မန္တလေး-ကျောက်ဖြူ အဝေးပြေးလမ်း စီမံကိန်းများ၊ ရန်ကုန် ခေတ်မီ မြို့သစ် တိုးချဲ့ရေး စီမံကိန်းများ အဆိုပြုလာခဲ့သည်။
ထို့ပြင် မြန်မာတွင် တူးဖေါ်၍ ရမည့် ရေနံ နှင့် သဘာဝဓါတ်ငွေ့ အကွက်ပေါင်း ၁၀၄ ကွက်လည်း ရှိနေပြီး အရှေ့တောင်အာရှ
တွင် ပမာဏ အများဆုံး ဖြစ်မည်ဟု ထင်
ကြေးပေးခံနေရသည်။
ထိုစီမံကိန်းများ အကောင်အထည် ဖေါ်ရေးအတွက် မြန်မာတွင် နိုင်ငံရေးအရ တည်
ငြိမ်ပြီး လူထု ထောက်ခံမှု ရထားသည့်။အစိုးရတရပ် ပေါ်ထွန်းရေးသည် တရုတ်
အတွက် သေရေးရှင်ရေး တမျှ အရေးကြီး
နေရပြီ ဖြစ်သည်။ ထိုအချက်ကို ပေါ်လွင်
စေရန် တရုတ်သမ္မတ ရှီကျင့်ဖင်သည်
မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ
ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ
နှင့် ဆွေးနွေးခဲ့သဖြင့် နှစ်ပေါင်း နှစ်ဆယ်
အတွင်း မြန်မာပြည်သို့ ရောက်ရှိလာသော
တရုတ်သမ္မတ ၏ သမိုင်းဝင် ခရီး ဖြစ်
သွားခဲ့ရသည်။
တရုတ်ဖက်ကလည်း နိုင်ငံရေး တည်ငြိမ်မှု လည်း ရှိမည် ဗိုလ်ချုပ်ကြီးများ အလိုကျလည်း ဖြစ်မည်ဆိုက တရုတ်တို့ အဖို့ အတိုင်းထက်အလွန်တံခွန်နှင့် ကုက္ကား ဖြစ်ပေမည်သာ။ လိုချင်တာ မှန်သမျှ ပံ့ပိုးပေးခဲ့ရှာသော မိတ်ဆွေဟောင်းများနှင့်သာ ဆက်ဆံချင်ကြပေလိမ့်မည်သာ။
သို့သော် ထိုအခြင်းအရာ နှစ်ရပ်ကား တပြိုင်တည်း မည်သို့မျှ ဖြစ်လာနိုင်ဖွယ်မရှိ၊ ဗိုလ်ချုပ်ကြီးများ အလိုကျ ဖြစ်က တိုင်းပြည်တဝှမ်းဆူပူ ကာ မတည်မငြိမ် အခြေအနေကို အမြဲလို ရင်ဆိုင်သွားရပေတော့မည်။
နိုင်ငံတွင်းရှိ တရုတ်ထောက်လှမ်းရေး
သတင်းရပ်ကွက်များကလည်း ၎င်းတို့၏
အဓိပ္ပါယ်မဲ့ လုပ်ရပ်များကို ထောက်ခံမှု
မရှိကြောင်းကို ရှီကျင့်ပင်ထံ အပြည့်အစုံ
အစီရင်ခံထားပြီးလည်း ဖြစ်ပေမည်။
ထို့အတွက်လည်း တရုတ် အစိုးရ အာဘော်
သတင်းစာများက အရေးတယူလုပ်၍
ဖေါ်ပြရေးသားခဲ့ခြင်း မရှိသည်ကပင်
ထင်ရှားစွာ ပြဆိုနေပေသည်။
ထို့အတွက် မိမိအာဏာရရေး ကို
ဦးတည်ပြီး နိုင်ငံတကာ နှင့် ပြည်သူများက အတည်ပြုပြီးသား ရွေးကောက်ပွဲ
ရလဒ်ကို ဘာမဟုတ်သည့် အကြောင်းလေး
များဖြင့် ဆီလို အပေါက်ရှာပြီး မှောက်လှန်
ပြစ်ရန် ကြံစည်လာမှု မျိုးကို အဘယ်သို့
များ အားပေးပေမည်နည်း။
ထိုမှတဆင့် ကြိမ်းသေ ဖြစ်ပေါ်လာဖွယ်
ရှိနေသည့် ပြည်တွင်း‌ရေး မတည်ငြိမ်မှူ
များဖြင့် တိုင်းပြည်သည် ကျွမ်းထိုး
မှောက်ခုံ ဖြစ်လာက တရုတ်တို့ ခဲလေသမျှ သဲရေကျ ရပေတော့မည်သာ ဖြစ်သည်။
မိမိတို့နိုင်ငံ စွမ်းအင် ဖူလုံရေး နှင့် အိန္ဒိယ
သမုဒ္ဒရာသို့ ထွက်ပေါက်ရရေးထက်
တစုံတဦး အာဏာတည်မြဲရေးကို ဦးစားပေးရန်က ပို၍အရေးကြီး နေသလော။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည်
မြန်မာနိုင်ငံ မှ တဆက်တည်းသွားခဲ့သည့်
အင်ဒိုနီရှား၊ ဖိလစ်ပိုင် နှင့် ဘရူးနိုင်းတို့
တွင်လည်း ဒေသတွင်း တည်ငြိမ်မှူ ရှိရေး
ကို တဖွဖွ ပြောဆိုသွားခဲ့သည်။
နောက်တကြောင်းက မြန်မာသည် တရုတ်-အာဆီယံ ဆက်ဆံရေး ဆိုင်ရာ ညှိနှိုင်းရေး တာဝန်ခံ ရာထူးကို ရယူရတော့မည်ဖြစ်သည့်အပြင် တောင်တရုတ် ပင်လယ်တွင် နိုင်ငံများ လိုက်နာရမည့် Code of Conduct (COC) တွင် မြန်မာသည် ပူးတွဲဥက္ကဌ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။ တရုတ်သည် တောင်တရုတ် ပင်လယ်တွင် ဖြစ်ပွားနေသော အငြင်းပွားမှုများကို နိုင်ငံ တနိုင်ငံချင်းစီ နှင့် ဖြေရှင်းရန် လုံးဝ ဆန့်ကျင်
နေပြီး အာဆီယံ အဖွဲ့လိုက် နှင့်သာ ဆွေးနွေးလိုသည်၊ ဒီအတွက် အများ၏ ယုံကြည် လေးစားခြင်းခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံကသာ အာဆီယံကို စည်းရုံးနိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်၊ ထိုအရေးကို သာဝ-ကြံ့ခိုင် မဟာမိတ် အဖွဲ့ကဆောင်ကျဉ်းပေးနိုင်ပေမည်လော။
I don't think so.
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...