Skip to main content

Posts

Showing posts with the label AA

မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဖေဖော်ဝါရီမှာ တွေ့ဖို့စီစဉ်နေ

  မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဖေဖော်ဝါရီမှာ တွေ့ဖို့စီစဉ်နေ ~~~~~ ■ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ လာမယ့် ဖေဖော်ဝါရီ ဒုတိယအပတ်မှာ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု ဆိုးရွားတဲ့ အခြေအနေမဟုတ်ဘူးဆိုရင်တော့ အစိုးရ ကမ်းလှမ်းထားတဲ့ မြစ်ကြီးနားနဲ့ ကျိုင်းတုံမှာ တွေ့ဆုံဖို့ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့နဲ့ အပစ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ အစိုးရဘက်က ကမ်းလှမ်းထားတာပါ။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေထဲက ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ အွန်လိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာလမှာ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ တစ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ၂၀၂၀ ရ...

မောင်တောတွင် ရွာသားနှစ်ဦးကို လက်နက်ကိုင်တချို့က ဖမ်းဆီးရိုက်နှက်

 မောင်တောတွင် ရွာသားနှစ်ဦးကို လက်နက်ကိုင်တချို့က ဖမ်းဆီးရိုက်နှက် ရခိုင်ပြည်နယ် မောင်တောမြို့မှ ဒေသခံနှစ်ဦး ဝါးခုတ်နေစဉ် မည်သည့်အဖွဲ့ကမှန်း မသိရသည့် လက်နက်ကိုင်ငါးဦးက နာရီပိုင်းကြာ ဖမ်းဆီးပြီး ရိုက်နှက်ခဲ့သည် သန့်မြတ်ခိုင် Published on Jan 22, 2021 ရိုက်နှက်ခံရသည့် ဦးကျော်ဇောအောင်နှင့် ကိုမင်းသိန်းထွန်းတို့အား မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ကို ဇန်နဝါရီ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-သန့်မြတ်ခိုင်/ Myanmar Now)  ရိုက်နှက်ခံရသည့် ဦးကျော်ဇောအောင်နှင့် ကိုမင်းသိန်းထွန်းတို့အား မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ကို ဇန်နဝါရီ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-သန့်မြတ်ခိုင်/ Myanmar Now)  ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသစ်မှ ရွာသားနှစ်ဦးကို လက်နက်ကိုင်အချို့က ရိုက်နှက်ခဲ့သောကြောင့် မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်။ အင်းဒင်ကျေးရွာတောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၊ မောင်တော - အငူမော်ကားလမ်းရှိ ဆားငံချောင်းခွဆုံအရှေ့ဘက် မေယုတောင်ကြောတွင် ယမန်နေ့ (ဇန်နဝါရီ ၂၁) နေ့လယ်၌ ဝါးခုတ်နေစဉ် လက်နက်ကိုင်အချို့ ရောက်လာပြီး ဖမ်းဆီးရိုက်...

ရခိုင်တွင် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုင်တန်းရာတွင် လူ့အခွင့်အရေးကော်မရှင်က အရေးမယူဘဲ ဟန်ပြ လုပ်နေ

    Khit Thit Media   ဇန်နဝါရီ ၁၈ ရက် ညနေ ၁၈:၂၉    ·  ရခိုင်တွင် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုင်တန်းရာတွင် လူ့အခွင့်အရေးကော်မရှင်က အရေးမယူဘဲ ဟန်ပြ လုပ်နေ ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားစဉ် တပ်မတော်က AA ဟု သံသယဖြစ်သူများကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ကျူးလွန်ခဲ့သော လူ့အခွင့် အရေး ချိုးဖောက်မှုဖြစ်စဉ်များကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်တန်းသော်လည်း ထိရောက်စွာ အလုပ်မလုပ်နိုင်ဘဲ ဟန်ပြသာ လုပ်ဆောင်နေကြောင်း ရခိုင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာဦးမြတ်ထွန်းက ပြောဆိုသည်။ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြန်လည် ငြိမ်သက်လာချိန်တွင် တိုက်ပွဲကာလအတွင်း ပျောက်ဆုံးသွားခြင်း၊ ဖမ်းဆီးခံရစဉ် နှိပ်စက်၍ သေဆုံးသွားသော ပြည်သူများနှင့်ပတ်သက်၍ ကျန်ရစ်သူ မိသားစုများက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားကြကြောင်း၊ သို့ရာတွင် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းအရေးယူရန်ထက် ကာကွယ်ရေးဝန်ကြီးဌာနထံ မေးမြန်း၍ ဝန်ကြီးဌာန၏ ပြန်ကြားချက်ကို...