Skip to main content

မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဖေဖော်ဝါရီမှာ တွေ့ဖို့စီစဉ်နေ

 မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဖေဖော်ဝါရီမှာ တွေ့ဖို့စီစဉ်နေ

~~~~~
■ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ လာမယ့် ဖေဖော်ဝါရီ ဒုတိယအပတ်မှာ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု ဆိုးရွားတဲ့ အခြေအနေမဟုတ်ဘူးဆိုရင်တော့ အစိုးရ ကမ်းလှမ်းထားတဲ့ မြစ်ကြီးနားနဲ့ ကျိုင်းတုံမှာ တွေ့ဆုံဖို့ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့နဲ့ အပစ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ အစိုးရဘက်က ကမ်းလှမ်းထားတာပါ။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေထဲက ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ အွန်လိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာလမှာ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ တစ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲပြီးနောက်ပိုင်းကစလို့ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ရပ်တန့်နေပါတယ်။
တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ ဒေသတွေကလွဲလို့ ကျန်ဒေသတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဇန်နဝါရီတစ်လ ရပ်ဆိုင်းထားမယ်လို့ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ အပစ်ရပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အခြေစိုက်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာတော့ တပ်မတော်နဲ့ KNU တိုက်ပွဲဖြစ်တာ၊ စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာမြင့်နေပါပြီ။
ဖာပွန်ခရိုင်မှာရှိတဲ့ ကျေးရွာ ၁၇ ခုက ဒေသခံ လေးထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က သတင်းထုတ်ထားပါတယ်။
တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲတွေဖြစ်နေလို့ မွန်ပြည်နယ် ဘီးလင်းမြို့နဲ့ ကရင်ပြည်နယ် ဘားအံမြို့ကြားက တပ်မဟာ ၁ နယ်မြေက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ တပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ရုပ်သိမ်းပေးဖို့လည်း ဒေသခံတွေ ထောင်နဲ့ချီပြီး ဇန်နဝါရီလအတွင်း ဆန္ဒထုတ်ဖော်နေတာ နှစ်ကြိမ်ရှိပါပြီ။
တပ်မတော်က တပ်စခန်းတွေ မတိုးချဲ့တဲ့အပြင် KNU နယ်မြေတွေမှာ တပ်မတော်စခန်း ၆၁ ခု ရုပ်သိမ်းပေးထားတယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပေမယ့် KNU ကတော့ တပ်ပြောကြားချက်အပေါ် ငြင်းထားပါတယ်။
- Unicode
---------------

- Zawgyi
---------------
ဓာတ်ပုံ - ကံသာ/ RFA
(အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ ၂၀၁၉၊ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်)
လူ ၉ ဦး၊ ထိုင်နေသော လူများ၊ ရပ်နေသော လူများ နှင့် 'VRPC NRPC RFA NRRC' ပြောသည့်စာသား ရဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်ပါတယ်
၆၂၀
မှတ်ချက် ၁၅ ခု
မျှဝေသူ ၂၄ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
သင့်အတွက် အကြံပြုထားသည်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...