စစ်အာဏာသိမ်းမှု အခြေခံဥပဒေ ရှုထောင့် နှင့် နိုင်ငံတကာ ဝင်စွက်နိုင်ခြေ 02 ဖေဖော်ဝါရီ၊ 2021 အင်ကြင်းနိုင် နေပြည်တော်ရှိ လမ်းတခုတွင် စစ်ကားများနဲ့ လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ (ဖဖော်ဝါရီ ၀၁၊ ၂၀၂၁) မွ်ေ၀ပါ Print (Zawgyi/Unicode) ထိုင်းနိုင်ငံမှာ စစ်အစိုးရတိုင်းဟာ သူတို့အာဏာသိမ်းပြီးတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲခဲ့တာကြောင့် ဖွဲ့စည်းပုံ စုစုပေါင်း အခု ၂၀ ထိ ရှိခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကိုကြည့်ရင် ထိုင်း စစ်တပ်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး မြန်မာနိုင်ငံမှာရော ပုံစံတူ ပြင်ဆင်မယ့်အလားအလာရှိပါသလား။ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန် ဖယ်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးအောင်ထူး။ ။ ဘာလုပ်ချင်သလဲ ၂၀၀၈ ထဲမှာ မပါတဲ့ဟာတွေ လုပ်ချင်တယ်ဆိုရင် ၂၀၀၈ ကို ဖျက်သိမ်းကြောင်း ကြေညာရမှာ။ သို့သော်လည်း လက်တွေ့ကျတော့ အခု ကျနော်တို့ အာဏာသိမ်းတာက တရားကို မဝင်ဘူး။ တကယ်တမ်းတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခ...