မြန်မာဌာန | သတင်းဆောင်းပါးများ နေမျိုးထွန်း 2020-11-24 ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေ ကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိ နေကြောင်း တုံ့ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ နိုင်ငံတရားရုံး ICJ မှာ စွပ်စွဲခံနေရတဲ့ မြန်မာအစိုးရဟာ ဒုတိယအကြိမ် အစီရင်ခံစာကို နိုဝင်ဘာ ၂၃ ရက်နေ့ မနေ့က တင်သွင်းလိုက်ပါတယ်။ မြန်မာအစိုးရဟာ မကြာသေးခင်က ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေကို မဲထည့်ခွင့်မပြုခဲ့သလို ရိုဟင်ဂျာ အမတ်လောင်းတွေကိုလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ခဲ့ကြောင်း နယူးယောက်အခြေစိုက် Global Justice Center ရဲ့ ဥပဒေရေးရာ ဒါရိုက်တာ Grant Shubin က ထောက်ပြပါတယ်။ တရားရုံးစီရင်ချက်အတိုင်း လိုက...