Moremarnn Kha သည် Moemarnn Kha နှင့်အတူ ရှိနေသည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် တရားစွဲခံရတာလဲ
~~~~~~
~~~~~~
■ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုင်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဂျင်တီးနားတရားရုံးက ဆင့်ခေါ်ခြင်းခံရမယ်ဆိုရင် ဖုံးကွယ်စရာမရှိကြောင်း သက်သေထူဖို့တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း သုံးသပ်ကြသူတွေရှိပေမယ့် NLD ပါတီကတော့ ဒါဟာ အချုပ်အခြာကိုထိပါးတာလို့ရှုမြင်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့် တို့ကို အရေးယူပေးဖို့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ မနေ့က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တစ်ခုက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေ ၂၀၁၂ ကတည်းက မြို့ပြင်မောင်းထုတ်တာတွေ၊ ဒုက္ခသည်စခန်းကိုတွန်းပို့တာတွေ၊ ၂၀၁၇ ခုနှစ်မှာ လူဦးရေ ၇ သိန်းကျော် မောင်းထုတ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် အထက်ဖော်ပြပါ နိုင်ငံ့ခေါင်းဆောင်တွေမှာတာဝန်ရှိလို့ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားကြတာပါ။
တပ်မတော်အစိုးရလက်ထက်မှာ ဒီမိုကရေစီရရှိရေးကြိုးပမ်းပြီး၊ နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်မှာ ကမ္ဘာကလေးစားရတဲ့ နိုဘယ်ဆုရှင်ဖြစ်လာခဲ့ပါတယ်။ အတိုက်အခံဘဝကနေ အခုလက်ရှိအာဏာရ ပါတီခေါင်းဆောင်ဖြစ်လာချိန် သက်တမ်းတလျှောက် နိုင်ငံခြားတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် တရားဆွဲဆိုခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က အမှုကို တရားရုံးက လက်ခံလိုက်ပြီဖြစ်ပြီး ပြစ်မှုတွေ ကျူးလွန်းခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေအပြင် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကိုပါ ထည့်သွင်းတရားစွဲဆိုထားတယ်လို့ RFA ကို မနေ့က ပြောဆိုထားပါတယ် ။
အရပ်သားအစိုးရက တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစိုက်မတ်မတ် နိုင်ငံတကာအသိုင်းအဝိုင်းကို ငြင်းဆန်ပြီးတော့ အမြဲတမ်းအကာအကွယ်ပေးနေကြောင်း၊ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ မြင်တဲ့အခါမှာ တပ်မတော်ကို ကာကွယ်ပေးနေဟာက ပြစ်မှုကျူးလွန်သူတွေကို အားပေးကူညီရာရောက်တဲ့သဘောဖြစ်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ တရားစွဲတဲ့အထိဖြစ်လာတယ်လို့ မြင်မိကြောင်း Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေရဲ့ထိန်းချုပ်မှုအရတပ်မတော်က လူ့အခွင့်ရေးချိုးဖောက်တာကို အစိုးရက တားဆီးနိုင်ခြင်းမရှိပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို မလုပ်သင့်ဘူးလို့ သတိပေးပြောဆိုမှုလုပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြဿနာကြီးထွားလာတာလို့ သူကရှုမြင်ပါတယ်။
“စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူ့အနေနဲ့ စစ်တပ်ကို ထိန်းချုပ်လို့မရဘူး။ ဒီအခြေခံဥပဒေကြီးကလည်း အာဏာမရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်၊ ဒါပေမဲ့ သူတို့က ဘာလုပ်ရမလဲဆိုရင် လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကနေ စစ်တပ်ကို သတိပေးတာလေးတော့ လုပ်သင့်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်သင့်ဘူး၊ ဒါမျိုးတွေ မဖြစ်သင့်ဘူးဆိုတဲ့ သတိပေးမှုတွေ ပျက်ကွက်ခဲ့တဲ့အခါကျတော့ ပြဿနာက ပိုပြီးကြီးထွားလာတာ”
ဒီအမှုအတွက် ရိုဟင်ဂျာတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ ကင်တားနား ဖြစ်ပြီး တရားစွဲဆိုတဲ့အကြောင်းအရာမှာ ရိုဟင်ဂျာဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်းဆိုတာလည်း ပါဝင်နေပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံထိပ်တန်းခေါင်းဆောင်တွေ တရားစွဲခံရမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်လို့ လိုက်နာမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“ရခိုင်ပြည်မြောက်ပိုင်းအရေးအခင်းမှာ သာမန်သွေးရိုးသားရိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ မြန်မာပြည်အတွင်းကနေ ထွက်ခွာသွားတဲ့လူတွေကို တိုင်းရင်းသားအဖြစ် အလိုအလျှောက် အသိအမှတ်ပြုခွင့်ရဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တစ်ခုလို့ မြင်မိပါတယ်ခင်ဗျ။ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာကို ထိပါးပြီးတော့ တောင်းဆိုမှုတွေဆိုရင်တော့ ကျွန်တော်တို့ လိုက်နာလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး”
ဒါ့အပြင် ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားတွေ အပေါ် မူတည်ပြီး စွဲဆိုတာဖြစ်သလို လက်ရှိအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအတွက် လုံလောက်တဲ့ စုံစမ်းစစ်ေ ဆးမှုတွေ၊အရေးယူမှုတွေ လုပ်နေတယ်ဆို တာကို သိသာမြင်သာအောင် ထုတ်ပြန်နေတာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW အာရှရေးရာဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က “ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးမားတဲ့ကိစ္စကတော့ သူဟာ ရိုဟင်ဂျာလူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဖုံးဖိရာမှာ ပါဝင် ခဲ့ခြင်း ရှိ၊ မရှိဆိုတာပါပဲ။ အာဂျင်တီးနားမှာ တရားစွဲဆိုလိုက်တာက အင်မတင်ကောင်းမွန်တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ဟာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာအစိုးရနဲ့လုံခြုံရေးတပ်ဖွဲ့တွေက စွပ်စွဲခံထားရတဲ့အချက်တွေကို ချက်ကျလက်ကျ ပြန်လည်ဖြေရှင်းရမှာဖြစ်လို့ပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားရုံးမှာရင်ဆိုင်ဖို့ ငြင်းဆိုရင် ဘာဆက်ဖြစ်မလဲလို့ HRW ကို မေးတဲ့အခါ Phil Robertson က ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက ဆင့်မခေါ်ခင်မှာ ကြားမှာ အဆင့်တွေအများကြီးရှိဦးမှာဖြစ်ကြောင်းနဲ့ ဥပဒေကြောင်းဆိုင်ရာ မသေချာမှုတွေလည်း ရှိနေဦးမှာဖြစ်ကြောင်းသုံးသပ်ပါတယ်။ အာဂျင်တီးနားမှာ ဖြစ်ပွားနေတဲ့ နိုင်ငံတကာစီရင်ပိုင်ခွင့်ဆိုင်ရာ အမှုတွေကို အငြင်းပွားနေကြတာရှိကြောင်းနဲ့ အမှုကို အာဂျင်တီးနားဘက်က ဘယ်လိုအနေအထားနဲ့ လက်ခံမလဲဆိုတာ မရှင်းလင်းကြောင်း ပြောပါတယ်။
တကယ်လို့တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဆင့်ခေါ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ဖုန်းကွယ်စရာ အပြစ်မရှိကြောင်းကို သက်သေပြဖို့ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Phil Robertson က ပြောပါတယ်။
NLD ပါတီဘက်က ပြောဆိုတာနဲ့ပတ်သတ်ပြီး Phil Roberston ကတော့ အမြဲတမ်းလိုလိုပဲ NLD က ပြောခွင့်ရတွေဟာ ကိုယ်က ဘာကိုပြောနေမှန်းတောင် မသဲကွဲကြဘူးလို့ ဝေဖန်ပါတယ်။
“အထင်ကရ ပါတီတစ်ခုမှာ စဉ်းစားဆင်ခြင်မှုအားနည်းပြီး ရောက်တတ်ရာရာ ပြောဆိုတတ်တဲ့သူတွေကို ဆက်ပြီးသုံးနေတာက အတော်လေးစိတ်မကောင်းစရာပါပဲ။” လို့ Phil Robertson က ပြောပါတယ်။
နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ဆိုတာ ဥပဒေသီအိုရီအရ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် မူတည်ကြောင်း၊ ဥပမာအားဖြင့် ပြင်းထန်တဲ့ရာဇဝတ်မှုကျူးလွန်ဖို့အတွက် အမိန့်ပေးခဲ့တဲ့ တပ်မတော်၊ ပြည်ထဲရေး၊ ဒါမှမဟုတ် အရပ်ဖက်ခေါင်းဆောင်တွေ၊အထူးသဖြင့် ရာဇဝတ်မှုတွေကို ဖုံးဖိရာမှာပါဝင်ခဲ့သူတွေကို ပစ်မှတ်ထားစွဲဆိုတာဖြစ်ကြောင်း HRW လက်ထောက် ညွှန်ကြားရေးမှူး က ရှင်းပြပါတယ်။
“ဒါကြောင့် အာဂျင်တီးနဲ့ မြန်မာနှစ်နိုင်ငံအကြားဖြစ်ပေါ်လာတဲ့ အချုပ်အခြာကိစ္စတစ်ခုမဟုတ်ပါဘူး။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဘယ်နိုင်ငံကမဆို တရားဝင်ဆန့်ကျင်လို့ရတဲ့အကြောင်းဖြစ်ပြီးတော့၊ ကျူးလွန်သူတွေကို တာဝန်ယူမှုရှိလာရေး ဆောင်ရွက်နိုင်ပါတယ်။ မြန်မာနိုင်ငံက အဲဒီလိုရာဇဝတ်မှုတွေကို ရှောင်လွှဲဖို့ နိုင်ငံ့အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုတဲ့ စောဒကတစ်ခုတည်းတဲ့ သက်သေထူလို့မရပါဘူး။” လို့ Phil Robertson က ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ကတော့ နိုင်ငံတစ်နိုင်ရဲ့ ဂုဏ်သိက္ခာအရ၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာအရရော ဒီပေါ်တွေမှာတော့ ထိပါးမှုရှိတယ်လို့ပဲ ပြောချင်ပါတယ်။”
ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူ။
Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်းကတော့ အခုလို တရားစွဲဆိုခံရတာက နိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်စေတဲ့အပြင် နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အမြှော်အမြင်ရှိရှိနဲ့ ကိုင်တွယ်ဖို့ လိုအပ်သလို ကိုင်တွယ်မှု အားနည်းခဲ့မယ်ဆိုရင် နိုင်ငံရဲ့ဖွံ့ဖြိုးမှုတွေ၊ ဒီမိုကရေစီတိုးတက်မှုတွေ၊ လူ့အခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးရေးတွေအပေါ် ရိုက်ခတ်ပြီး အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
အစ္စလမ်မစ်နိုင်ငံ ၅၇ နိုင်ငံရဲ့ ထောက်ခံချက်နဲ့ ဂမ်ဘီယာနိုင်ငံက ဦးဆောင်ပြီးတော့ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းပြဿနာကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း မြန်မာကိုအရေးယူဖို့ နယ်သာလန်နိုင်ငံ The Hague မြို့က နိုင်ငံတကာခုံရုံး ICJ မှာ တရားစွဲတင်ထားပါတယ်။
- Unicode
~~~~~~~~~~~~~~~

- Zawgyi
~~~~~~~~~~~~~~~
- Zawgyi
~~~~~~~~~~~~~~~

Comments
Post a Comment