Skip to main content

Posts

Showing posts with the label ကဗ်ာ

"ငါတို့အားလုံးတခုထဲ" မင်းကိုနိုင်

    "ငါတို့အားလုံးတခုထဲ" ================ ကင်မရာ​တွေ​ရှေ့ ဗိုက်ဖုံးအင်္ကျီလှန်ပြလိုက်တာ အဲဒီမိန်းမရွယ်ရဲ့ ဗိုက်သားမဟုတ်ဖူး "အနာဂါတ်ကြီး"ဗျ ​နေ့​စေ့ လ​စေ့ အနာဂါတ်ကြီး "မဖျက်ဆီးနဲ့ အညွှန့်မချိုးနဲ့ "လို့ ​ပြော​နေတာ အိုက်တင်​ကောင်းလို့ သရုပ်​ဆောင်​နေတာမဟုတ်ဘူး ပလက်​ဖောင်း​ပေါ်လက်အုပ်ချီရင်း စီးကျလာတဲ့ မျက်ရည်​တွေက စာနာဖို့ ဆင်ခြင်ဖို့ နံရံကို မှုတ်​ဆေးနဲ့ လက်​​​ဆော့​နေတာမဟုတ်ဘူး ငယ်သူအိပ်မက် အပျက်မခံ ပန်းချီမှာ လွတ်လပ်ခြင်းရဲ့ ဒရမ်​တွေ"ထမြည်​"နေတာ အိုးခွက်ပန်းကန်​တွေကို ထုရိုက်​နေတာ မဟုတ်ဘူး ကျင့်ဝတ်မဲ့မ​ကောင်းဆိုးရွား​တွေကို ​​ မောင်းထုတ်​နေတာ ဘဏ်ဖယ်ရီက သူ့​ရှေ့လမ်း​ပေါ် ပစ်ခင်းချလိုက်တဲ့ နှလုံးသား​တွေ​ရှေ့ ကျွီ"ကနဲ ဘရိတ်အုပ်လိုက်​တော့ အနင်းကျိတ်ခံဖို့ ​ရွေးထားတဲ့ လူသားစင်စစ် ဧကန်ဖြစ်​တွေကို​တွေ့ရတယ် မီးပွိုင့်မှာ စက်​သေကုန်တဲ့ကား​တွေ ရှေ့ ရင်ကျပ်လာလို့ တုံးလုံးရပ်လိုက်ရတဲ့ လူသား​​တွေ အို...ကမ္ဘာကြီးရဲ့.... ​လေထဲဝဲပျံ​နေတဲ့ ဓါတ်ပုံ​တွေကြည့်လိုက်ပါ ယုံကြည်ရာပိုစတာကိုယ်စီနဲ့ လမ်းကူးလာတဲ့ လူအိုစုံတွဲလည်းပါတယ် သံပုံးတီးရင်း ငိုမဲ့မဲ့ အ​ဒေါ်ကြီးလည...

၀မ်းနည်းပါကြောင်း

၀မ်းနည်းပါကြောင်း လမ်းဖောက်တော့ သူမပါ လမ်းပြင်ရာ သူမရောက် ဖြောင့်ဖြူးစွာ လမ်းပြေချောတော့ ကျော့ကျော့လေးလျှောက် ။ ကန်တူးရာ သူမပါ ကန်ပြင်ရာ သူမရောက် မြကန်သာ ရေကြည်သန့်မှ ခန့်ခန့်လေးသောက် ။ ပန်းစိုက်ရာ သူမပါ ပေါင်းသင်ရာ သူမရွိ ပန်းပေါင်းစုံ သင်းကြူမွှေးတော့ ရွေးပန်ချင်၏ ။ ရပ်ရွာရေး ဆွေးနွေးရာ ဖယ်ရှောင်ခွာ သူနေကာ သူထင်ရာ မြင်အတွေးနဲ့ ဘေးထိုင် ဘုပြော ။ လူ့ဘဝ ခဏတာ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့ လူပြည့်ရွာ ကိုယ့်အမျိုးတွက် óကးလိုက်စမ်းပါ ။ သိလျက်နဲ့ သွေရှောင်ခွာ ဝေဖန်ကာ အမြင်စောင်း မူမမှန် တယူသန်အတွေးတွေနဲ့ ကလေးလို အရေးဆိုကြမ်းတော့ ဝမ်းနည်းပါကြောင်း ။ ။ ဆရာကြီးမင်းသုဝဏ် ၂ Bo Chay နှင့် Aung Naing ကြိုက် မှတ်ချက်ပေးရန် မျှဝေမယ် မှတ်ချက်များ မှတ်ချက်တစ်ခု ရေးရန် ...

အမေသိတာပေါ့

ပဒုမပေါင်တို ဇာတ်တော်ထဲကလို ခြေနှစ်ချောင်းနဲ့ နားရွက်တိုကို မကယ်ကောင်းဘူး ကယ်မိရင် ကိုယ့်ကိုတစ်သက်လုံး ဒုက္ခပေးမယ်ဆိုတာ။ အမေသိတာပေါ့- အစွယ်လိုသူ မိဖုရား အသွားစေခိုင်သူ မင်းဧကရာဇ် ကြံရာပါမုဆိုး (၃)ယောက်ရဲ့ ကြားထဲမှာ အသက်ခန္ဓာကိုယ် စတေးပီး အစွယ်ကို အဖြတ်ခံရမယ်ဆိုတာ။ အမေသိတာပေါ့- ၀ိဓူရဇာတ်တော်ထဲကလို အမေ့ရင်ထဲက ဓမ္မစကားတွေကို နားထောင် ချင်သူတွေမှ မဟုတ်တာ အဓမ္မကို ရင်မှာပိုက် မြင်းမီးမှာ ကြိုးချည်ဆွဲ တောတောင်ခါးပန်းနဲ့ရိုက် အသက်ကိုသာ ရန်ရှာချင်နေသူတွေဆိုတာ။ အမေသိတာပေါ့- ဘူရိဓာတ်နဂါးမင်းလို အမေ့သည်းခံမှုကို အခွင့်ကောင်းယူ အမေ့ခန္ဓာနဲ့ ရုပ်လုံးပြ စီးပွားရှာ အမေ့ကိုအမြဲတမ်း ရန်လိုနေသူတွေဆိုတာ။ အမေသိတာပေါ့- ဝေသန္တရာ ဇာတ်တော်ထဲကလို အမေ့သားသမီးတွေနဲ့ မယားပါမကျန် အကုန်အလှူပေးပေမဲ့ အမေ့ရှေ့မှာတင် အမေ့သားသမီးတွေကို ရိုက်နှက် နိပ်စက်မဲ့သူတွေဆိုတာ။ အမေသိတာပေါ့- မဟော်သဓာလို တရားစီရင်ခွင့်မရှိ တေမိမင်းလို နှုတ်ပိတ်နေရပေမဲ့ ဒီမိုကရေစီ ခရီးအတွက် ဇနက္ကမင်းလို ဇွဲကောင်းရမယ်ဆိုတာ။ အမေသိတာပေါ့- လူအသားကို တစ်ကြိမ်တစ်ခါ ချက်ကျွေးမိလေတော့ လူအသားရဲ့ အရသာကိုသိပီး မစားရရင်မနေနိုင်တော့တဲ့ ဗောရိသာရလို လူစားမျိုးတွေ ဖ...