Skip to main content

Posts

Showing posts with the label သတင်း

မမြသွဲ့သွဲ့ခိုင် ကွယ်လွန်

  မမြသွဲ့သွဲ့ခိုင် (၂၀၀၁-၂၀၂၁) ~~~~~~~~~~~~ မြန်မာနိုင်ငံမှာ ပြည်သူလူထုရွေးကောက်တင်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်နဲ့အပေါင်းပါတွေက ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေပေါ်ပေါက် လာသလို အဲဒီဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲနှိမ်နင်းတာလဲရှိနေပါတယ်။ အဲဒီလိုနှိမ်နင်းတဲ့အတွက် နေပြည်တော်မှာ ဖေဖော်ဝါရီလ (၉) ရက်နေ့က ဒသမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ဟာ ရဲတပ်ဖွဲွ့ကပစ်လိုက်တဲ့သေနတ်ကျည်ဆန်ဦးခေါင်းထဲဖောက်ဝင်ပြီး နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံက အရေးပေါ်ကုသခန်းမှာ ဆရာဝန်တွေက ၁၀ ရက်ကြာ အောက်စီဂျင် ပိုက်နဲ့အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့မှာတော့ လုံးဝလက်လျှော့လိုက်ပါပြီ။ ဒါကြောင့် စစ်တပ်ကအာဏာသိမ်းပြီး ပထမဆုံးအသက်ဆုံးရှုံးသွားတဲ့ အသက် (၂၀) အရွယ် ဒဿမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်နဲ့ ပတ်သက်လို့ သူဘယ်လိုမိန်းကလေးလဲဆိုတာ RFA ကစုဆောင်းတင်ပြလိုက်ပါတယ်။ -------------------------- မမြသွဲ့သွဲ့ခိုင် (၂၀၀၁-၂၀၂၁) ~~~~~~~~~~~~ မြန်မာနိုင်ငံမှာ ပြည်သူလူထုရွေးကောက်တင်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်နဲ့အပေါင်းပါတွေက ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် ပြည်လုံး...

၂၀၂၀ အတွင်း ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၁ ၂ ၃

  ၂၀၂၀ အတွင်း ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၁ ၂၉ ဒီဇင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, AFP ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်မြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ စစ်သည်တချို့ ၂၀၂၀ ပြည့်နှစ်ကို မြန်မာနိုင်ငံဟာ အချိုးအကွေ့များစွာ၊ စိန်ခေါ်မှုများစွာ၊ ခက်ခဲကြမ်းတမ်းမှုများစွာနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ မြန်မာ အပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ငါးနှစ်တစ်ကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပါအဝင် နိုင်ငံ‌ရေး၊ စီးပွားရေး၊ လူမှုရေး၊ အပြောင်းအလဲများစွာ၊ အလှည့်အပြောင်းများစွာကို ကိုဗစ်ကပ်ရောဂါနဲ့အတူ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပြီး ၂၀၂၀ တစ်နှစ်တာအတွင်း ဘီဘီစီကဖော်ပြခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းဖြစ်ရပ် ၁၅ ခုကို စာဖတ်သူတို့ ပြန်လည်ဖတ်ရှုနိုင်ဖို့ ပြန်လည်ပြင်ဆင်ကောက်နုတ်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း၂ နှစ်ကျော်ကြာ ရခိုင်ပြည်နယ်က မြန်မာတပ်မတော်နဲ့ အေအေ လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်သွားသလို ‌ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီဟာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်လာခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္...