Skip to main content

Posts

Showing posts with the label ၈၈

ကိုမင်းကိုနိုင်အပါအဝင် ခုနစ်ဦးကို စစ်အစိုးရ ဖမ်းဝရမ်းထုတ်

  ကိုမင်းကိုနိုင်အပါအဝင် ခုနစ်ဦးကို စစ်အစိုးရ ဖမ်းဝရမ်းထုတ် 2021-02-13 ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ်ပို့ရန် ၂၀၁၂ ခုနှစ်က ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာတွေ့ရတဲ့ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီ   Photo- AFP ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် ခုနစ်ဦးကို စစ်အာဏာသိမ်း အစိုးရက ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ ကိုမင်းကိုနိုင်နဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ အချုပ်အခြာအာဏာ ကွန်ရက်က ကိုမျိုးရန်နောင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် လုပ်ခဲ့ဖူးတဲ့ အဆိုတော်လင်းလင်း၊ လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတွေရေးတဲ့ အိပန်ဆယ်လို၊ ကိုမောင်မောင်အေး၊ အင်းစိန်အောင်စိုး တို့ကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ စစ်အာဏာသိမ်းအစိုးရက ကြေညာပါတယ်။ သူတို့တွေဟာ လူမှုကွန်ရက်စာမျက်နှာ Facebook အသုံးချပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။ ကိုမင်းကိုနိုင် အပါအဝင် ခုနစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထ...

စစ်အာဏာသိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုကို ရှုံ့ချဟု ဗကသ ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၂၉

  ·   အများမြင် နှင့်အတူ မျှဝေခဲ့သည် ဗိုလ်ချုပ်သမီး ၁၅ နာရီ    ·  စစ်အာဏာသိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုကို ရှုံ့ချဟု ဗကသ ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က စစ်အာဏာ သိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုများကို ပြင်းပြင်း ထန်ထန်ရှုံ့ချကြောင်း ယနေ့ ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာချက်တွင် "ဗကသများအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတွေးအခေါ် သန္ဓေတည်တဲ့ကာလကစပြီး လက်ရှိ ရှင်သန်ကြီးထွားနေတဲ့ကာလအထိ အစဉ်တစိုက် ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။ အလုံးစုံဖျက်သိမ်းပစ်ရမယ့် ဥပဒေလို့လည်း တသမတ်တည်းရပ် တည်ခဲ့တယ်။ ခုချိန်ထိလည်း အဲဒီအတိုင်း ရပ်တည်ယုံကြည်နေဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ စစ်အာဏာသိမ်းတဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ စစ်အာဏာသိမ်းမယ်ဆိုတဲ့ ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်"ဟု ဖော်ပြထားသည်။ ယင်းကြေညာချက်တွင်ပင် " ဒီမိုကရေစီအခြေခံမူတွေကို အလျော့ပေးစေ့စပ်ပြီး ၂၀၀၈ အောက် ရွေးကောက်ပွဲဝင...

"အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူး"လို့ ကိုမြအေးပြော

  "အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူး"လို့ ကိုမြအေးပြော --------------------- ရန်ကုန်၊ ဇန်နဝါရီ၂၉ရက် အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူးလို့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုဦးဆောင် တည်ဆောင်သူ ကိုမြအေးကပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ၂၉ရက် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ Dwave သတင်းဌာနကဆက်သွယ်မေးမြန်းရာမှာ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုဦးဆောင် တည်ဆောင်သူ ကိုမြအေးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ "ကျွန်တော်မြင်တာကတော့မကောင်းဘူးပေါ့ဗျာ။နောက်တစ်ခုက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်အင်အားနဲ့အနိုင်ယူမယ်ပုံစံမျိုး၊ အနိုင်ကျင့်မယ့်ပုံစံမျိုးပဲမြင်တယ်။အဲဒီတော့ အာဏာသိမ်းမယ်ဆိုတာကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူး"လို့ ၎င်းကပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဇန်နဝါရီ ၂၇ရက် တပ်မတော်ထိပ်ပိုင်းအရာရှ...