"အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူး"လို့ ကိုမြအေးပြော
By
burmaaffairs
"အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူး"လို့ ကိုမြအေးပြော
---------------------
ရန်ကုန်၊ ဇန်နဝါရီ၂၉ရက်
အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူးလို့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုဦးဆောင် တည်ဆောင်သူ ကိုမြအေးကပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ၂၉ရက် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ Dwave သတင်းဌာနကဆက်သွယ်မေးမြန်းရာမှာ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုဦးဆောင် တည်ဆောင်သူ ကိုမြအေးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"ကျွန်တော်မြင်တာကတော့မကောင်းဘူးပေါ့ဗျာ။နောက်တစ်ခုက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်အင်အားနဲ့အနိုင်ယူမယ်ပုံစံမျိုး၊ အနိုင်ကျင့်မယ့်ပုံစံမျိုးပဲမြင်တယ်။အဲဒီတော့ အာဏာသိမ်းမယ်ဆိုတာကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။အာဏာသိမ်းမယ်လို့ ချိန်းခြောက်တာ၊ အကြပ်ကိုင်တာ၊ဖိအားပေးတာ၊တွန်းတိုက်တာ အဲဒါတွေအကုန်လုံးတစ်ခုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူး"လို့ ၎င်းကပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဇန်နဝါရီ ၂၇ရက် တပ်မတော်ထိပ်ပိုင်းအရာရှိများနဲ့တွေ့ဆုံစဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့လည်းဆိုထားပါတယ်။
"ဒါက ဒီမိုကရေစီ ကူးပြောင်းရေးကာလသွားရမယ့် စံနှုန်းတွေနဲ့လည်းမကိုက်ညီဘူး။မြန်မာပြည်မှာအားကြီးတဲ့သူကနိုင်စတမ်းဆိုလို့ရှိရင် ဘယ်တော့မှတရားမျှတမှုကရှိတော့မှာမဟုတ်ဘူး။တရားမျှတတဲ့လူ့ဘောင်အဖွဲ့အစည်းနဲ့လူထုရဲ့ အကျိုးကိုလိုလားတဲ့စနစ်တစ်ခုပေါ်ထွန်းဖို့ဆိုတာလည်း လွယ်ကူတော့မှာ မဟုတ်ဘူး။အဲဒီတော့ ချုပ်ပြီးတိုတိုလေးပဲပြောပါမယ်။အာဏာသိမ်းတဲ့ကိစ္စ၊ အာဏာသိမ်းဖို့ ကြံစည်တဲ့ကိစ္စ အကြောင်းအမျိုးမျိုးပြပြီးတော့မှအနိုင်ယူပြီးတော့မှအာဏာကို ယူလိုက်မယ်ဆိုတဲ့ကိစ္စတွေအားလုံးကိုလက်မခံပါဘူး"လို့ ကိုမြအေးကထပ်မံဆိုပါတယ်။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံ အခန်း၁ နိုင်ငံတော်၏အခြေခံမူများ ပုဒ်မ၄မှာ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်သည်လို့ပြဌာန်းထားပါတယ်။
မင်းမင်း/ Dwave
၁.၂ထောင်သင်၊ Moe Moe San၊ ဦး ဆန်း ဝင်း နှင့် အခြား ၁.၂ထောင် ဦး
မှတ်ချက် ၃၇ ခု
မျှဝေသူ ၁၄၈ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
- Get link
- X
- Other Apps
Labels
၂၀၀၈ ဖွဲ့စည်းပုံ ၈၈ စစ္တပ္ ရွေးကောက်ပွဲ
Labels:
၂၀၀၈ ဖွဲ့စည်းပုံ
၈၈
စစ္တပ္
ရွေးကောက်ပွဲ
- Get link
- X
- Other Apps

Comments
Post a Comment