CDM တိုက်ပွဲဝင်သူရဲကောင်းများထံ အိတ်ဖွင့်ပေးစာ (၂) ဒီနေ့ နေပြည်တော်(ရုံးချုပ်)က ဌာနဆိုင်ရာအသီးသီးမှာ CDM ဝန်ထမ်းအရေးကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်ကြတယ်လို့ သတင်းရရှိပါတယ်။ အစည်းအဝေးကို ဌာနဆိုင်ရာအကြီးအကဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ဉီးဆောင်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးတွေ တက်ရောက်ရပါတယ်။ အစည်းအဝေးမှာ CDM နဲ့ပတ်သက်ပြီး ဘာတွေဆုံးဖြတ်ကြသလဲဆိုတော့ - (၁) ဝန်ထမ်းတွေကို ဖုန်းဖြင့် တတ်နိုင်သမျှ ချော့မော့ပြောဆို၍ ရုံးပြန်တက်ခိုင်းရန် (ပြောဆိုရာတွင် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးအတွက် အကြမ်းမဖက်ရန်၊ အနုနည်းဖြင့်သာ စည်းရုံးရန်) (၂) မနက်ဖြန်(၂၃.၂.၂၀၂၁)ရက်နေ့တွင် ရုံးပြန်တက်ပါက ယခင်ပျက်ကွက်ခဲ့သော နေ့များအား တာဝန်ချိန်အဖြစ်သတ်မှတ်ပေးပြီး၊ နောက်နောင်ထိုသို့မပြုလုပ်စေရေးအတွက် ခံဝန်ကတိ ထိုးခိုင်းရန် (၃) မည်သည့်ညွှန်ကြားချက်ကိုမျှ စာမထုတ်ရန် (စာထုတ်ပါက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နိုင်ပြီး မလိုလားအပ်သည် ပြဿနာများဖြစ်ပေါ်နိုင်သည့်အတွက် ဖုန်းဖြင့်သာ ဆက်သွယ်ပြောကြားရန်) (မှတ်ချက်- တချို့ဌာနများ စာထုတ်ပါတယ်။ ) (၄) (၂၆.၂.၂၀၂၁)ရက်နေ့၊ သောကြာနေ့အထိ ရုံးပြန်မတ...