Skip to main content

"ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို CRPH ကဦးဆောင်ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုသွားမယ်" crph

 "ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို CRPH ကဦးဆောင်ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုသွားမယ်"

ဖေဖော်ဝါရီ ၂၀-၂၀၂၁
အေးချမ်းသူ(VOM)
တပ်မတော်က အာဏာရယူပြီးနောက် သမ္မတ၊ အတိုင်ပင်ခံတို့အပါအဝင် အစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ တပ်မတော်ရဲ့ အာဏာရယူမှုကို ရဟန်းရှင်လူ ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြတာ ၁၅ရက်တိုင်ခဲ့ပြီဖြစ်ပါတယ်။ NLDပါတီကတော့ CRPH ကော်မတီကိုဖေဖော်ဝါရီ ၅ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ NLDပါတီအနေနဲ့ ခုလက်ရှိ ဘာတွေဘာတွေလုပ်နေလဲနဲ့ ဘာတွေဆက်လုပ်ဖို့ရှိလဲ ဆိုတာသိနိုင်ဖို့ CRPH ကော်မတီအဖွဲ့ဝင် သန်လျင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်ကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။
VOM- တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ NLDပါတီကအမတ်တွေ ဘာတွေဆောင်ရွက်နေဆောင်ရွက်နေကြလဲ ခင်ဗျ။
LKL- အဓိကတော့လွှတ်တော်ရဲ့ ဥပဒေပြုရေးအာဏာကို ကျင့်သုံးပြီးတော့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အထောက်အကူပြုစေမယ့် စစ်ကောင်စီကမတရားထုတ်ထားတဲ့ ဥပဒေတွေကိုထုတ်ပြန်ပြီးတော့ ပြည်သူတွေရဲ့လူအခွင့်အရေးတွေကို အကန့်အသတ်လုပ်မယ့် ဥပဒေတွေကို ကာကွယ်ပေးမယ့် လိုအပ်တဲ့ဥပဒေတွေကို ထုတ်ပြန်နေပါတယ်။ နိုင်ငံတကာမှာလည်းပဲ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကိုသိရှိနိူင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတာရှိတယ်။ ပြည်တွင်းမှာရှိနေတဲ့ CDM လှုပ်ရှားမှုနဲ့ လူထုလှုပ်ရှားမှုတွေ အရှိန်မြင့်တင်ဖို့အတွက် ပြည်တွင်းမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။
VOM- CRPH ကို ဖွဲ့စည်းထားတယ်လို့ သိရတယ်။ CRPHက ဦးဆောင်နေသူတွေအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ပြည်သူတွေသိအောင်ရှင်းပြပေးပါလား။
LKL- NLD ကိုယ်စားလှယ်တွေ အားလုံးပေါ့နော်။ အခုဆိုရင် ဒီ ကိုယ်စားလှယ်တွေ အားလုံး ပေါ့နော်၊ ဒီနေ့ထိဆိုရင်တော့ ၃၈၀ ပေါ့နော် အားလုံးလက်မှတ်ထိုးပြီးတော့ လက်ရှိဖြစ်နေတဲ့ အကြပ်တည်းကာလမှာ လှုပ်ရှားဖို့အတွက် လျာပြီး ကျွန်တော်တို့ လွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်းပြီး CRPH ဖွဲ့စည်းထားပြီး လက်ရှိကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ ဒီကော်မတီက ပုံမှန်လွှတ်တော်တွေ မခေါ်နိုင်သေးတဲ့အထိမှာ ကျနော်တို့က လုပ်ငန်းစဥ် ၂ ခု အဓိက လုပ်မယ်။ တစ်ခုကတော့ ဥပဒေပြုရေးကို အဓိကလုပ်မယ်။ နောက်တစ်ခုက အစိုးရဖွဲ့ပြီး အစိုးရလုပ်ရမယ့်လုပ်ငန်းစဥ်တွေလုပ်တယ်။ အဓိက ဒီဦးတည်ချက်နှစ်ရပ်နဲ့ ဒီကော်မတီကိုဖွဲ့စည်းတယ်။ ဒီကော်မတီက လွှတ်တော်ကိုယ်စားလှယ် ၃၈၀သဘောထားနဲ့ ဒီကော်မတီကို ဖွဲ့စည်းထားပါ။
VOM- NLD ပါတီက ခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးခံရတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေ ဘယ်နှစ်ဦးလောက်ဖမ်းဆီးခံထားရလဲ အတည်ပြုပေးလို့ရနိူင်မလာခင်ဗျ။
LKL- ထိပ်ပိုင်း ခေါင်းဆောင်တွေအနေနဲ့ သမ္မတကြီးဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးချုပ်တွေ ပြည်နယ်နဲ့တိုင်းအလိုက်အစိုးရအဖွဲ့ဝင်တွေကို မတရားတဲ့ဥပဒေတွေနဲ့ တရားစွဲဖို့ကြိုစားနေတယ်။ တက်ကြွလှုပ်ရှားသူတွေ၊ CDM မှာ ပါဝင်တဲ့အစိုးရဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အာလုံးပေါင်း ၄၀၀ ကျော်ရှိတယ်။
VOM-ခေါင်းဆောင်တွေမရှိတဲ့အချိန်မှာရော NLDပါတီအနေနဲ့ ဘယ်လိုရပ်တည်နေလဲ။ အခက်အခဲရှိလား။
LKL- ဒါထုံးစံအတိုင်းပဲ စစ်တပ်ကသူအာဏာတည်မြဲဖို့အတွက်ကို ဆောင်ရွက်ကြတဲ့အခါမှာ သူတို့ပထမဦးဆုံးလုပ်တဲ့အလုပ်က ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေခွဲတာ၊ ပါတီမှာလည်းခွဲမယ်။ လူထုလှုပ်ရှားမှုမှာလည်းခွဲမယ်။ ပုံမှန် စစ်အာဏာသိမ်းတဲ့အချိန်မှာ ကျင့်သုံးလေ့ရှိတဲ့အလုပ်ပါပဲ။ အခုလို နိုင်ငံခေါင်းဆောင်တွေ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းထားတဲ့အတွက်ကြောင့်မို့ ကျန်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရော ပါတီဝင်တွေရော အားလုံးက နိုင်ငံရေးနည်းလမ်းနဲ့ ရွေးကောက်ခံထားရတဲ့ ပြည်သူ့အစိုးရကို စစ်အစိုးရလက်ထဲကနေ ပြန်ယူဖို့ကြိုးစားနေတယ်။ ဒီနေရာမှာ တော်လှန်ရေးပုံစံနဲ့ လူထုလှုပ်ရှားမှုပုံစံ၊ နိုင်ငံတကာရေးရာပုံစံ၊ ဥပဒေရေးရာပုံစံနဲ့ ကြိုးစားနေတယ်။ လောလောဆယ် ဘာအခက်အခဲမှ မရှိဘူး။ အားလုံးညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီညီလုပ်နိုင်တယ်။
VOM- NLDပါတီအနေနဲ့ နအစကောင်စီကို တရားစွဲဆိုမယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့တရားစွဲဆိုသွားမှာလဲ ခင်ဗျ?
LKL- နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုသွားမှာပါခင်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်အာဏာသိမ်းဖို့ အခွင့်အလမ်းပေးထားတာ တစ်ပိုဒ်မှ မရှိဘူး။ လက်ရှိသူတို့အာဏာသိမ်းလိုက်တဲ့ လုပ်ငန်းစဥ်တွေကလည်း ဥပဒေနဲ့လုံးဝမညီဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းတာ နိုင်ငံတော် ပုန်ကန်တာပဲ။ ဒါကြောင်မို့ စစ်ကောင်စီကို နိုင်ငံတော်ပုန်ကုန်မှုနဲ့ပဲ တရားစွဲဆိုသွားမှာပါ။
VOM- နအစကောင်စီလက်အောက်မှာရှိနေတဲ့ တရားရုံးတွေမှာ တရားစွဲဖို့အခက်အခဲရှိမယ်ဆိုရင် နိူင်ငံတကာမှာရော တရားစွဲဆိုသွားဖို့ရှိလား။
LKL- ဒီလိုတွေသိလို့ နိုင်ငံတကာမှာတရားစွဲဆိုဖို့လည်း စီစဥ်နေတယ် လိုအပ်တဲ့အချက်အလက်တွေစုစည်းနေတာလည်းရှိတယ်။ ဒါက ကျနော်တို့ ကော်မတီတစ်ခုတည်းမဟုတ်ဘူး။ ပြည်တွင်းမှာရှိနေတဲ့ AAPP၊ ILOစတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာသိမ်းအစိုးရရဲ့ လူသားတွေအပေါ်မှာ ချိုးဖောက်ထားတဲ့ ဥပဒေချိုးဖောက်မှုတွေကိုစုစည်းပြီး တရားစွဲဆိုသွားဖို့လုပ်မှာပါ။
VOM- လက်ရှိအခြေအနေမှာ ဒီမိုကရေစီလိုလားတဲ့ပြည်သူတွေ အာဏာရှင်စနစ်တွန်းလှန်နေကြတယ်။ NLD ပါတီက ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်တိုင်ထွက်ပြီး ဦးဆောင်ပေးဖို့ရောရှိလား။
LKL- လက်ရှိ ရှိနေတဲ့ လူထုလှုပ်ရှားမှုတွေနဲ့ ပါတ်သတ်ရင် မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ NLDပါတီဝင်တွေ ပြည်သူနဲ့ပူးပေါင်းဆောင်ရွက်နေတယ်။ လူထုဆန္ဒပြတဲ့လှုပ်ရှားစဥ်ကို ပိုပြီးအရှိန်အဟုန်မြင့်အောင် တိုင်းရင်းသားပါတီ၊ နိုင်ငံရေးပါတီတွေနဲ့ချိတ်ဆက်နေတယ်။ သိပ်မကြာခင်မှာတော့ တိုင်းရင်းသားပါတီ၊ မဟာမိတ်လုပ်ထားတဲ့ပါတီတွေနဲ့ပေါင်းပြီး တော်လှန်ရေးတောင်းဆိုမှုကြီး တစ်ရပ်လုပ်သွားဖို့ ကြိုးစားနေပါတယ်။
VOM-CRPH အပါအဝင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာရှိ CRPH အဖွဲ့ခွဲတွေက ဦးဆောင်သူတွေကို ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်တယ်လို့ ကြားသိရတယ် ဒီအပေါ်မှာရော သုံးသပ်ပေးပါအုံး။
LKL- ဒါတွေက ပြောရလို့ရှိရင် ကျနော်တို့ရဲ့ဒီမိုကရေစီနိုင်ငံရေးကို အမြစ်ကဖယ်နှုတ်ပစ်ဖို့ ကြိုးစားနေတဲ့ ကြိုးစားချက်ဖြစ်တယ်။ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဓိကလုပ်ငန်းကလည်း လွှတ်တော်လုပ်ငန်းတွေလုပ်သွားဖို့နဲ့ အစိုးရဖွဲ့သွားဖို့ဖြစ်တယ်။ ဒီလုပ်ငန်းတွေလုပ်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ် ။ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့အချိန်မှာ ပြည်တွင်းမှာလည်း လူထှလှုပ်ရှားမှုပူးပေါင်းဆောင်ရွက်မှုတွေကို အချိန်မလျှော့ဖို့နဲ့ တဖက်ကို ပြန်ကြည့်ရင် အဖမ်းခံတဲ့အလုပ်က နိုင်ငံရေးမဟုတ်ဘူး။ တက်နိုင်သမျှ လွတ်အောင်ရှောင်တိမ်းပြီး ကိုယ်စားလှယ်အလုပ်တွေကို မြန်မြန်ဆန်ဆန်နဲ့ တက်နိူင်သမျှ ဆောင်ရွက်နိုင်အောင် အကြောင်းကြားထားပါတယ်။
VOM- လက်တလောမှာ နအစကောင်စီရဲ့ လုပ်ငန်းတွေရပ်တန့်သွားအောင် CDMလုပ်နေတဲ့ အစိုးရဝန်ထမ်းတွေအတွက်ရော CRPH အနေနဲ့ ဘယ်လိုရပ်တည်ပေးသွားမလဲ။
LKL- နံပါတ်တစ် အနေနဲ့ ကျနော်တို့က နိုင်ငံရေးအရအားပေးချင်တယ်။ တကယ်တမ်းကျတော့ နိုင်ငံရဲ့အချုပ်အခြာအာဏာက နိုင်ငံသားတွေပိုင်တယ်။ ဒီနိုင်ငံသားတွေက ဆင်းသက်ပြီးမှ နိုင်ငံတစ်ဝန်းလုံးကို တည်တယ်။ အဲ့နိုင်ငံရေး အယူအဆကို ထိုးဖောက်ပြီး စစ်တပ်က အာဏာဝင်သိမ်းတဲ့ ကိစ္စသည် တရားမဝင်ဘူး။ တရားမဝင်တဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမလုပ်တာက နိုင်ငံသားတွေရဲ့ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒုတိယတစ်ရပ်က CDM လုပ်တဲ့ ဝန်ထမ်းတွေရဲ့ ဖြစ်ပေါ်လာမယ့် ကိစွရပ်တွေကို မြို့နယ်တိုင်းမှာ ပြည်သူကနေ ပြည်သူကို ပြန်ကူညီတဲ့ပုံစံ မျိုးနဲ့သွားနေတယ်။ အနုပညာရှင်တွေရော၊ လုပ်ငန်းရှင်တွေရော CDM ကို ကူညီတဲ့ လုပ်ငန်းစဥ်နဲ့ သွားနေတယ်။ ကျနော်တို့ CRPH ကရော ကော်မတီတစ်ခုဖွဲ့ပြီး အမြန်ဆုံးကူညီနိူင်ဖို့ ကြိုးစားနေတယ်။ သေချာတာတစ်ခုက ဒီတိုက်ပွဲအောင်ဖို့ ပြည်သူအားနဲ့ပဲ သွားရမယ်။ ပြည်သူကနေ ပြည်သူကို ပြန်ကူညီတဲ့ အပြန်အလှန်ဖေးမအားပေးတဲ့ ပုံစံမျိုးနဲ့သွားရမှာဖြစ်တယ်။
VOM- နေ့စဥ်နဲ့အမျှ ပြည်သူအစိုးရ အာဏာပြန်လည်ရရှိရေးအတွက် လမ်းပေါ်ထွက်တိုက်ပွဲဝင်နေတဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် CRPHအနေနဲ့ အားပေးစကားလေးပြောပေးပါအုံး?
LKL- စစ်အာဏာရှင်စနစ် ယန္တရားမလည်ပတ်အောင်အမြန်ဆုံး ဒီထက်ပိုပြီး အရှိန်မြင့်ပြီး လုပ်ကိုင်ဆောင်ရွက်ကြရမယ်။နိူင်ငံရေးအင်အားစုတွေအားလုံးပူးပေါင်းပြီးတော့လည်း ကြိုးစားဆောင်ရွက်နေတယ်။ပြည်သူလူထုအနေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဟာ ခရီးတစ်ဝက်ကိုရောက်နေပြီ နောက်ပြန်လှည့်လို့မရဘူး။အာဏာရှင်ယန္တရားကသာ လည်ပတ်သွားရင် ကျနော်တို့နေ့စဥ်လုပ်နေတာတွေ အာဏာရှင်တွေ သက်ဆိုးရှည်ဖို့အတွက် ဝဋ်ကြွေးလာခံပေးနေသလို ဖြစ်နေမယ်အဲ့ဘဝကို မရောက်ဖို့ဖြစ်နိူင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ရမယ်။ဒီမိုကရေစီ ရရှိရေးကိုဇွဲနဲ့ညဏ်ရည်နဲ့ နှလုံးရည်နဲ့ညီညွတ်မှုတွေနဲ့ အတူတကွ ပူးပေါင်းပြီးတော့ တုံပြန်ဖို့လိုတယ်။လွှတ်တော်ကိုယ်စားလှယ်အားလွံးလဲ ပြည်သူနဲ့အတူပူးပေါင်းသွားဖို့ သဓိဌာန်ချထားတယ်။ရှေလျှောက် နိူင်ငံရေး အရှိန်မြှင့်တင်မှုလုပ်ငန်းတွေကို ပိုပြီးတော့ ဆောင်ရွက်ရင်း ဒီမိုကရေစီပန်းတိုင်သွားရအောင်လို့ ပြောချင်ပါတယ်။
VOM- NLDအနေနဲ့ အနာဂတ်မှာ ဘာတွေလုပ်သွားဖို့ရှိလဲ။
LKL- ကျနော်တို့ကတော့ ဒီမိုကရေစီပန်းတိုင်ရောက်အောင် ဖြစ်တဲ့နည်းလမ်းပေါင်းစုံနဲ့သွားမှာပဲ။ ကျနော်တို့ NLD ပါတီကို တရားမဝင်ဝင်ပြီးတော့ မွှေနောက်ရှာဖွေတယ်။ အကြောင်းမရှိအကြောင်းရှာ ခေါင်းဆောင်တွေဖမ်းတယ်။ ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ ဖမ်းတယ်။ ဒီလိုလုပ်နေတာတွေက NLD မှာရှိနေတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ပေါ်ပေါ်တင်တင် ဗြောင်ချိုးဖောက်နေတာဖြစ်တယ်။ ဒီလိုမျိုးချိုးဖောက်မှုတွေက NLD က အခုမှရင်ဆိုင်ခဲ့တာ မဟုတ်ပါဘူး။ ၁၉၉၀ကတည်းက ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့်မို့ NLD ဟာ ပြည်သူနဲ့အတူတူပြန်ပြီးတော့ ဒီမိုကရေစီအရေးမှာ အောင်ပွဲရအောင် ဆောင်ရွက်နိုင်တဲ့ သေချာတဲ့အခြေအနေတစ်ခုပါ။ အဲ့လိုမျိုးဖြစ်အောင် ကျနော်တို့လုပ်သွားမှာပါ။
VOM-ဘာများဖြည့်စွက်ပြီးပြောချင်ပါလဲ?
LKL- ဒီတိုက်ပွဲ နောက်ပြန်လှည့်လို့မရဘူး။ ရှေကို ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ရောက်အောင်သွားမယ်။ ကျနော်တို့ရောကျနော်တို့မျိုးဆက်တွေရော နိစ္စဓူဝရှင်သန်မှုက စစ်အာဏာရှင်စနစ် ပုံမှန်လည်ပတ်နေဖို့ အထောက်အပံ့မဖြစ်စေရဘူး။ နောက်မျိုးဆက်တွေကို ဝဋ်ကြွေးခံရတဲ့ မျိုးဆက်မျိုးမဖြစ်အောင် အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်ရအောင်လို့ ပြောချင်ပါတယ်။
Thant Zaw Oo အပါအဝင် လူ ၉ ဦး၊ ရပ်နေသော လူများ နှင့် ထိုင်နေသော လူများ ရဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်ပါတယ်
သင်၊ Kyaw Kyaw၊ Mgk Aryush နှင့် အခြား ၅၅ ဦး
မှတ်ချက် ၁ ခု
မျှဝေသူ ၂ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...