ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာကောင်းကြောင်း TNLA ပြောဆို ~~~~~~ ■ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အခြေအနေကောင်းတယ်လို့ ရှုမြင်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပြောလိုက်ပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ TNLA ရဲ့ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးရဲ့ သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတာပါ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း TNLA တပ်ဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ ဆွေးနွေးမှုစတင်နိုင်ပြီး ရခိုင်ပြည်နယ်မှာ လတ်တလော အပစ်ရပ်တန့်နိုင်တာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ် ဖော်ဆောင်မယ်ဆိုတဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွေကြောင့် ရှေ့ဆက်ဖို့ခက်ခဲနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်အစပြုဖို့ အခြေအနေကောင်းတယ်လို့ ရှုမြင်တာဖြစ်ကြောင်း ပြောထားပါတယ်။ TNLA အနေနဲ့လည်း အပစ်အခတ် ရပ်ဆဲရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် အမြဲတမ်းအသင့်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်...