ခုမှ တကယ့်ကို ဘယ်သူ့အားကိုးရမှန်း မသိဖြစ်ကြရှာပြီ
အပစ်ရပ်အဖွဲ့တွေကလည်း အမေစုအစိုးရသစ် ထပ်ဖြစ်မှာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြပြန်ပါပြီ ....
ရွေးကောက်ပွဲတောင်ပြိုကမ်းပြို အနိုင်ရခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ ဒီချုပ်ထံ သဝဏ်လွှာပို့
=========================
ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ က တောင်ပြိုကမ်းပြို အနိုင်ရရှိသည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA) လက် မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး ...
ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ က တောင်ပြိုကမ်းပြို အနိုင်ရရှိသည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA) လက် မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး ဆောင်အဖွဲ့(PPST)က နိုဝင်ဘာ ၂၆ ရက်တွင်ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
NLD အနေဖြင့် လက်ရှိ တိုင်းပြည် အတွင်း ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာအရပ် ရပ်ကို အမျိုးသားညီညွတ်ရေးနှင့်အမျိုး သားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ် အခြေခံဖြင့် ရင်ဆိုင်ဖြေရှင်းဆောင်ရွက် သွားလိမ့်မည်ဟု မျှော်လင့်မိကြောင်း PPST ၏ သဝဏ်လွှာ၌ပါရှိသည်။
PPST အနေဖြင့်လည်း ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည် ဆောက်ရေးအတွက် မကြာခင်ကာလ တွင် ဖွဲ့စည်းမည့် အစိုးရနှင့်အတူ နိုင်ငံ ရေး ကတိကဝတ်ခိုင်မာစွာဖြင့် ကြိုး ပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
PPST အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင် အွန်လိုင်းမှ ကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ယင်းသို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ် သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီးခွန်ဥက္ကာက ‘‘NLD အ စိုးရက လွန်ခဲ့တဲ့ သူအာဏာရတဲ့ ပထမငါးနှစ် ကတည်းက ကျွန်တော်တို့နဲ့ နိုင်ငံရေး ဆွေးနွေးဖက်ဖြစ်တယ်လေ။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၊ ပြည်ထောင်စုတည် ဆောက်ရေးလုပ်ငန်းစဉ်မှာ ဆွေးနွေး နေတော့ ဒီတစ်ခါ ပြန်လည်အနိုင်ရတဲ့ အခါကျတော့ ကျွန်တော်တို့က ထပ် လောင်းပြီးတော့ ချီးကျူးဂုဏ်ပြုဖို့လို တယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်တယ် ဆိုတာ ပြောဖို့လိုတယ်။ ဒါကြောင့်ပဲ နောက်ထပ်ငါးနှစ်ဆက်ပြီးတော့ လက် တွဲလုပ်ရမယ်ဆိုတော့ ကျွန်တော်တို့ စုပေါင်းပြီးတော့ ဒီလိုတင်ပြတာပါ’’ဟု ပြောသည်။
PPST ယာယီအဖွဲ့ခေါင်းဆောင် ဖြစ်သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်က တိုင်းရင်းသားပါတီများ အ ပါအဝင် NLD တို့၏ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ပြုကြောင်း အသိအမှတ်ပြု ပြောကြားလိုသည်ဟု ဆိုသည်။ PPST အစည်း အဝေးအပြီး နိဂုံးချုပ်မိန့်ခွန်းပြောကြားစဉ် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘လာမယ့် အနာဂတ်နိုင်ငံရေး အခင်းအကျင်းနဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွေမှာ အတူတကွလက်တွဲပြီး အောင်မြင်အောင် ဆောင်ရွက်သွား နိုင်လိမ့်မယ်လို့ အလေးအနက်ယုံကြည် ပါတယ်’’ ဟုလည်း ဗိုလ်ချုပ်ကြီးယွက် စစ်က ပြောသည်။
Source: 7 Day




Comments
Post a Comment