Skip to main content

Posts

Showing posts with the label ဗုဒၶ ဘာသာ

သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်

    အများမြင် နှင့်အတူ မျှဝေခဲ့သည် M Zaw Tun ဝိပဿနာတရားအားထုတ်သူများ ဆုံစည်းရာ ၇ နာရီ    ·  သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ် ═══════════════ တော်တော်ကို သမာဓိကောင်းလာတဲ့ အချိန်ကျရင်တော့ ဝေဒနာ လုံးလုံး ပျောက်သွားတာလည်း ရှိတယ်။ အဲလို ဝေဒနာပျောက်သွားရတဲ့ အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိူင်တယ်။ သတိ သမာဓိကောင်းလာရင် ဝေဒနာပျောက်သွားတယ်ဆိုတာ သတိကြောင့် သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။ ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြော လေ့ မရှိဘူး။ အနောက်နိူင်ငံတွေမှာတော့ သူတို့တွေက အမျိုးမျိုးစမ်းသပ်တတ်တဲ့ အလေ့အကျင့်ရှိတာကိုး။ တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့ ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေပြန်ထွက်လာတဲ့ သွေးကို ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ ' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ် တော်တော်များနေတာ တွေ့ရတယ်။ ဦးနှောက်က ဒီEndophinဓာတ်ကို ထုတ်ပေးတယ်။ သာမန်လူတွေမှာလည်း ' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်က ရှိတယ်။ အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင် ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့် နာကျင်ကိုက်ခဲနေတော့မှာပဲ။ အင်ဒိုဖင်းဆိုတာ ' Endogenenous...

အဝိရောဓနတရား မမေ့ကြပါနဲ့ သီတဂူဆရာတော်ကြီ

  အဝိရောဓနတရား မမေ့ကြပါနဲ့ ----------------------------------------- တိုင်းပြည်အရေးနဲ့ပတ်သက်တဲ့ကိစ္စမို့ မပြောမဖြစ် ပြောရပါလိမ့်မယ်..... သီတဂူဆရာတော်ကြီး ဟောထားတဲ့တရား အားလုံး နားထောင် သုံးသပ်ကြည့်ကြပါ၊ မစင်စားတဲ့ ဝက်သတ္တဝါတွေက ခြင်္သေ့ကို အလိုလိုလန့်နေတဲ့အကြောင်း၊ ဝက်သတ္တဝါတွေ ပတ္တမြာဂူနဲ့မထိုက်တန်ကြောင်း ကျက်သရေမဲ့တဲ့အကြောင်း... တိုင်းပြည်မှာလည်း ကိုယ့်နေရာကိုယ်မသိ ကိုယ်နဲ့မထိုက်တန်တဲ့နေရာတက်ထိုင်နေတာ တိုင်းပြည် ကျက်သရေမဲ့တဲ့အကြောင်း... နောက်ဆုံး ဟောပြောချက်ထဲမှာ ရည်ရွယ်ချက်က ဘွားကနဲပေါ်လာတယ်.... တောင်ဥက္ကလာက မဲရုံတစ်ခုမှာ မဲတွေရေတွက် ဗဟိုပို့ပီးတဲ့အချိန်ရောက်မှ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ မဲ ၄၀၀၀၀လောက်ပါတဲ့ မဲပုံးကြီးတစ်ခု မဲရုံထဲက စားပွဲပေါ် ကျန်ခဲ့တယ်တဲ့... ဒီလို မဲမသမာမှုတွေ အများရှိနိုင်တဲ့သဘော... သာဝတို့ဆရာတော်ကြီးရဲ့ ဟောပြောဟန်က ကပ္ပိယသာဝတို့နဲ့ တစ်ပုံစံတည်းပဲ၊ ဆရာတပည့်တွေ တီးလုံးတိုက်ထားသလား တိုင်ပင်ကိုက်ထားသလား အောက်မေ့ရတယ်။ ဟောပြောပုံကလည်း မျက်နှာကိုမဲ့ကာရွဲ့ကာနဲ့ ဟိတ်ဟန်အပြည့် စောင်းချိတ်ဟောထားတာ ပြည်သူအားလုံး လေ့လာကြည့်ကြပါ။ ဒီသတင်းတကယ်သေချာတယ်ဆိုရင် သာဝတို့ကပ္ပိယအ...