အများမြင် နှင့်အတူ မျှဝေခဲ့သည်
သမာဓိကြောင့် ခန္ဓာကိုယ်မှာ
ဓာတ်တစ်မျိုးထွက်လာတယ်
═══════════════
တော်တော်ကို သမာဓိကောင်းလာတဲ့
အချိန်ကျရင်တော့ ဝေဒနာ လုံးလုံး
ပျောက်သွားတာလည်း ရှိတယ်။
အဲလို ဝေဒနာပျောက်သွားရတဲ့ အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိူင်တယ်။
သတိ သမာဓိကောင်းလာရင်
ဝေဒနာပျောက်သွားတယ်ဆိုတာ
သတိကြောင့် သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။
ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြော
လေ့ မရှိဘူး။ အနောက်နိူင်ငံတွေမှာတော့ သူတို့တွေက အမျိုးမျိုးစမ်းသပ်တတ်တဲ့ အလေ့အကျင့်ရှိတာကိုး။
တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့ ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေပြန်ထွက်လာတဲ့ သွေးကို ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ ' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ် တော်တော်များနေတာ တွေ့ရတယ်။ ဦးနှောက်က ဒီEndophinဓာတ်ကို ထုတ်ပေးတယ်။
သာမန်လူတွေမှာလည်း ' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်က ရှိတယ်။ အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင် ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့် နာကျင်ကိုက်ခဲနေတော့မှာပဲ။
အင်ဒိုဖင်းဆိုတာ ' Endogenenous Morphine ' ကို ပြောတာ။
' Endogenenous ' ဆိုတာ ခန္ဓာကိုယ် ကိုယ်တွင်းမှာဖြစ်တာ။ ' Morphine ' ဆိုတာ ဟော်မုန်းဓာတ်တစ်မျိုးရဲ့ နာမည်ပဲ။
ပြင်ပကလုပ်ထားတဲ့ Morphine နဲ့ မတူဘူး။ ပြင်ပက လူတွေလုပ်ထားတဲ့ မော်ဖင်း ' Morphine ' က ထိုင်းမှိုင်းတယ်၊ ငိုက်မြည်းတယ်။
ခန္ဓာကိုယ်တွင်းက သူ့အလိုလိုဖြစ်လာတာက ထိုင်းမှိုင်းမှု ငိုက်မြည်းမှု မဖြစ်ဘူး။
နာကျင်မှုတွေ ပျောက်ပြီးတော့
ကြည်လင်ပြီးတော့ အေးချမ်းနေတဲ့ သဘောရှိတယ်။ ခန္ဓာကိုယ်ရော စိတ်ရော နှစ်ခုလုံးကို ကြည်လင်ငြိမ်းချမ်းစေတယ်။
တရားအားထုတ်ရင် ဒီဓာတ်က ထွက်လာတာ။
ဒါတွေကအခု အနောက်နိူင်ငံမှာ
တရားအားထုတ်တဲ့သူတွေနဲ့ တွေ့ပြီးတော့ Research တွေအများကြီးလုပ်လို့ တွေ့ရှိတဲ့အချက်တွေပါ။
ဒီ Research တွေလည်း America မှာတော့ အမြဲတမ်းလိုလို လုပ်နေတယ်။
ဒါရဲ့တန်ဖိုးကိုလည်း သူတို့သိလာတယ်။
' အင်ဒိုဖင်း ' များများထွက်အောင် လုပ်လို့ရရင် ခန္ဓာကိုယ်မှာ အများကြီးအကျိုးရှိတယ်။
စိတ်နဲ့ပတ်သက်လို့လည်း
အကျိုးအများကြီးရှိတယ်ဆိုတာ သူတို့သိတယ်။ ခန္ဓာကိုယ်ရော စိတ်ရော
နှစ်ခုလုံးငြိမ်းချမ်းနေတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်မှာ (Stress) စိတ်ဖိစီးမှုတွေနည်းပြီး (immunity) ခုခံစွမ်းအား ကောင်းလာတယ်။
ဒီ အင်ဒိုဖင်းထွက်တဲ့အချိန်မှာ
စိတ်ပင်ပန်းတာလုံးဝ မရှိတော့ဘူး။
တရားထိုင်လိုက်လို့ အင်ဒိုဖင်း ထွက်လာရင် စိတ်ကျရောဂါ(depression) ပျောက်သွားရော။
အလွယ်ဆုံးပဲ။ ဆေးဝယ်သောက်စရာ မလိုဘူး။ အဲဒီ အင်ဒိုဖင်း level မြင့်လာတဲ့အခါ ညောင်းတာ နာတာ လျော့သွားတယ်။
အဲဒီ အင်ဒိုဖင်း level မြင့်လာဖို့ဆိုတာလည်းပဲ သမာဓိအား အတော်လေးကောင်းတဲ့အထိကို အားထုတ်ရမှာ။
ဝေဒနာပြင်းထန်လာလို့ သမာဓိမရဘူးလို့ ဒီလိုပြောပြီးတော့ ရပ်ထားလို့ မရဘူးနော်။
ဝေဒနာဖြစ်နေတာကိုပဲ သိ သိ သိပြီးတော့ ဆက်သွားရမှာပဲ။
တကယ်ပဲ မခံနိူင်တဲ့အဆင့်ကို ရောက်ရင်တော့ သိပြီးတော့ ဖြည်းဖြည်း ပြင်ပါ။
ပြင်နေတုန်းမှာ ဝေဒနာရဲ့သဘာဝ
ပြောင်းသွားနေတာကို သိနေပါ ..... ။
Credit.. ..
ဆရာတော်ဦးဇောတိက
အခြေခံ ဝိပဿနာ
ကူးယူပူဇော်ပါသည်MZT
Comments
Post a Comment