ရိုဟင်ဂျာကတ် အာဏာသိမ်းကောင်စီ ထုတ်ကစား ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားရှိ မွတ်ဆလင်ဒုက္ခသည်များ / Getty Images 8.3k Want create site? Find Free WordPress Themes and plugins. ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းသောကြောင့်ကြီးမားသောဆန္ဒပြပွဲများ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂတို့၏ ရှုတ်ချမှုကို ခံရသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ထောက်ခံမှုရရန် ကစားစရာ ဖဲ အနည်းငယ်သာ ရှိတော့ပုံရသည်။ သို့သော် ကစားရမည့် ဖဲတချပ်ဟု အာဏာသိမ်းသူများ ထင်သောဖဲမှာ ၂၀၁၆-၁၇ ကလုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများကြောင့်ထွက်ပြေးရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်နေသူများနှင့်ပြည်တွင်းတွင် ကျန်ရစ်သော ရိုဟင်ဂျာခေါ် ရခိုင်မြောက်ပိုင်းနေမွတ်ဆလင်များ၏ ဆိုးရွားသော ကံကြမ္မာဖြစ်နေကြောင်း အံ့သြဖွယ်တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသောအစိုးရကိုဖြုတ်ချပြီး မကြာမီမှာပင် စစ်အစိုးရသစ်သည် မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ် သံအမတ်မှတဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရသို့စာတစောင်ပေးပို့ကာ စစ်အာဏာသိမ်းရခြင်း အကြောင်းရင်းကို ရှင်းပြသည်။အတိအကျဆိုရပါက ဒေါ်အောင်ဆန်းစု...