Skip to main content

တပ်မတော် အာဏာသိမ်းမှုဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ICJ သဘောထား ထုတ်ပြန်

 တပ်မတော် အာဏာသိမ်းမှုဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ICJ သဘောထား ထုတ်ပြန်

ဖေဖေါ်ဝါရီ-၈၊ ၂၀၂၁
တပ်မတော်ရဲ့ အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်သလို အခြေခံ ဥပဒေ နည်းလမ်း အားလုံးနဲ့လည်း ကိုက်ညီမှု မရှိကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ) က ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းယူလိုက်တာနဲ့ ပတ်သက်လို့ ICJရဲ့ သဘောထား ယူဆချက်ကို နောက်ထပ် တစ်ပတ်အကြာ ဖေဖော်ဝါရီ ၈ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်းတယ် ဆိုတာက ၂၀၀၈ ခုနှစ်မှာ တပ်မတော်က ဦးဆောင် ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့ အခြေခံ ဥပဒေကို တပ်မတော်ကပဲ ချိုးဖောက်လိုက်တဲ့ လုပ်ရပ်မျိုးလို့ ICJရဲ့ အထွေထွေ အတွင်းရေးမှူး ဆမ် ဇာရီဖီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မူမမှန်တဲ့ အခြေအနေတွေ ရှိခဲ့ကြောင်း မကြာသေးခင် ကာလတွေအတွင်း တပ်မတော်က စွပ်စွဲခဲ့ပေမယ့် ဒီအခြေအနေကြောင့် အရေးပေါ် အခြေအနေ ကြေညာတယ် ဆိုတဲ့အပေါ် တရားမျှတတယ်လို့ ယူဆလို့ မရကြောင်း၊ အခုလုပ်ရပ်ဟာ ပြည်တွင်းမှာ အရင်ကတည်းက အားနည်းမှုတွေ ရှိနေခဲ့တဲ့ တရားဥပဒေ စိုးမိုးရေး ကဏ္ဍကို ပိုမို လှုပ်ခတ်သွားစေကြောင်း ဇာရီဖီက ဆိုပါတယ်။
တပ်မတော်က အာဏာသိမ်းပြီး အရေးပေါ် အခြေအနေ ကြေညာတယ်ဆိုတာ ၂၀၀၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံ ဥပဒေပါ သတ်မှတ်ချက်တွေကို လေးစားလိုက်နာမှု မရှိတဲ့ သဘောလို့ ICJက ထောက်ပြပါတယ်။ အခြေခံ ဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးမှာ သမ္မတက အရေးပေါ် အခြေအနေ ကြေညာရတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၁၈ အရ သမ္မတကသာ ကာကွယ်ရေး ဦးစီးချုပ်ဆီ နိုင်ငံအာဏာ လွှဲပြောင်း ပေးအပ်ရတာပါ။ ဒါပေမဲ့ တပ်မတော်က အာဏာသိမ်းယူတဲ့ ဖြစ်ရပ်မှာတော့ သမ္မတ ဦးဝင်းမြင့်ကို ထိန်းသိမ်းလိုက်ပြီးမှ ဒုတိယ သမ္မတက အရေးပေါ် အခြေအနေ ကြေညာသွားတာ ဖြစ်ပါတယ်။
အရပ်သား စီမံအုပ်ချုပ်မှုအပေါ် တပ်မတော်ရဲ့ တာဝန်ယူ၊ တာဝန်ခံမှုဆိုတာ တရားဥပဒေ စိုးမိုးရေး အခြေခံ စည်းမျဉ်းတွေရဲ့ အနှစ်သာရဖြစ်ကြောင်း၊ မြန်မာစစ်ဘက် အကြီးအကဲတွေဟာ နိုင်ငံအာဏာကို နောက်တစ်ကြိမ် အတင်းအကျပ် သိမ်းယူဖို့အတွက် ဒီအခြေခံ စည်းမျဉ်းတွေကို ပြောင်းလဲပစ်ခဲ့ကြောင်း ဇာရီဖီက ပြောကြားသွားပါတယ်။
အာဏာသိမ်းမှုအပြီး မြန်မာ့ ဖွဲ့စည်းပုံ ဥပဒေပါ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်လိုမျိုး လူ့အခွင့်အရေး စံနှုန်းတွေ ဆိုင်းငံ့ခံရတာမျိုး ကြုံလာမှာကိုလည်း ICJက စိုးရိမ်နေကြောင်း သိရပါတယ်။ ဇာဖီရီက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ လှုပ်ရှားနေမှုတွေကိုလည်း အသိအမှတ် ပြုခဲ့ပါတယ်။
တုန်လှုပ်စရာ အာဏာသိမ်းမှု သတင်းကို ကြားသိပြီးတဲ့နောက် အခုအခါ ရဲရင့်တဲ့ ဥပဒေ ပညာရှင်တွေ၊ လူမှုအသင်းအဖွဲ့နဲ့ တက်ကြွ လှုပ်ရှားသူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုဖို့အတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အားထုတ်နေတာ တွေ့ရကြောင်း၊ ဒီလှုပ်ရှားမှုဟာ တစ်စုံတစ်ရာ၊ ဒါမှမဟုတ် ပါတီတစ်ရပ်ကို ဦးတည်တာမျိုး မဟုတ်ဘဲ မြန်မာပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် စီမံခွင့်ရှိပြီး ကိုယ်ပိုင် အနာဂတ်အတွက် ဆုံးဖြတ်နိုင်တယ်လို့ ယုံကြည် ယူဆဖို့ဖြစ်ကြောင်း ဇာဖီရီက ပြောကြားသွားပါတယ်။
Source: 7 Day
ZN.H 🇦🇺
၉
မျှဝေမှု ၁ခု
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...