Skip to main content

Posts

Showing posts with the label မူးရစ်

အိန္ဒိယ သမုဒ္ဒရာအတွင်း မြန်မာ သင်္ဘောထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း အိန္ဒိယ ကမ်းခြေ ​စောင့် တပ်ဖွဲ့ သတင်းထုတ်ပြန်

အိန္ဒိယ သမုဒ္ဒရာအတွင်း မြန်မာကုန်စည် သင်္ဘောတစ်စီးထံမှ မူးယစ်ဆေးဝါး ၁၁၆၀ ကီလိုဂရမ်ဖမ်းဆီးရမိကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ (ICG) ကသတင်းထုတ်ပြန်လိုက်သည်။ မြန်မာကုန်စည်သင်္ဘောသည် အိန္ဒိယ မူးယစ်ဆေးဝါးကွန်ရက်များနှင့် ဆက်နွယ်ဖွယ်ရှိနေကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။ အိန္ဒိယ ကာနီကိုဘာ ကျွန်းအနီးတွင် မြန်မာ ကုန်စည်သင်္ဘောထံမှ ကက်သမင်း မူးယစ်ဆေးဝါး ၁၁၆၀ ကီလိုဂရမ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်ကုန်စည်သင်္ဘောပေါ်တွင် ပါသော သင်္ဘောသား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က “ ကမ်းခြေစောင့်တပ်ဖွဲ့ ရဲ့ ထောက်လှမ်းရေး လေယာဉ်တွေ ဟာ စက်တင်ဘာ ၁၈ ရက်က သမုဒ္ဒရာအတွင်း သံသယဖြစ်ဖွယ်ရှိတဲ့ သင်္ဘောကို တွေ့ရှိခဲ့တယ်။ မြန်မာသင်္ဘောကို ရပ်တန့်ဖို့ ပြောဆိုချိန်မှာ တုံ့ပြန်တာမျိုးမရှိခဲ့ဘူး၊ ဒါကြောင့် အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့က ရက်ဗီယာ သင်္ဘောဟာ မြန်မာကုန်စည်သင်္ဘောကို လိုက်ဖမ်းခဲ့ပါတယ်။ အိန္ဒိယ ကမ်းခြေစောင့်သင်္ဘောဟာ မြန်မာကုန်စည်သင်္ဘောနား ရောက်ရှိချိန်မှာ မြန်မာသင်္ဘောသားတွေ ဟာထွက်ပြေးဖို့ ...

ဒီလောက်​များတဲ့စိတ်​ကြွဆေးတွေ ဘယ်​သူသယ်​လာတာတုံး သူဌေးကြီးလား သူဌေးလေးလား လူဆိုကြီးလား လူမိုက်​ကြီးလား

Zin Myo Aung ၁၈ နာရီ ဒီလောက်​များတဲ့စိတ်​ကြွဆေးတွေ ဘယ်​သူသယ်​လာတာတုံး သူဌေးကြီးလား သူဌေးလေးလား လူဆိုကြီးလား လူမိုက်​ကြီးလား ================= မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းဝင်း အတွင်းမှ ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၂၃၃၀၈၀ ကို စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး ကွင်းဆက်သတင်းအရ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်းဦး ကြီးကြပ်သည့် ပူးပေါင်းအဖွဲ့သည် ညီချစ်ပိုင် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း ကျောက်ခွဲစက်ဝင်း အတွင်းရှိ အုတ်ပုံအား ရှာဖွေရာ အ၀ါရောင်ပီနန်အိတ် ၂၇ လုံးအတွင်း ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၆၂၃၃၀၈၀ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၂၄၆၆၁၆၀၀၀၀ (ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်း လေးထောင်ခြောက်ရာ ခြောက်ဆယ့် တစ်သိန်း ခြောက်သောင်း) ခန့်ရှိကြောင်း မောင်တော ခရိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ # crd .အထူးဟစ်​တိုင်

နမ့်စန်တွင် ကျပ် ၁၀ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ တောခိုသွားသည်ဟု သတင်းများထွက်ပေါ်

ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို အချိန်မီ ထိန်းသိမ်းထားဟု တပ်မတော်ပြော -------------------------------- နမ့်စန်မြို့နယ်တွင် ကျပ် ၁၀ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ တောခို သွားသည်ဟု သတင်းများ ထွက် ပေါ်နေပြီး ပြည်သူ့စစ်အချို့ကို ထိန်းသိမ်းစစ်ဆေးနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲကျေးရွာအနီး တွင် ကျပ် ၁၀ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ၊ လက်နက်ခဲယမ်းနှင့် မူးယစ် ဆေးဝါးချက်စခန်းအချို့ကို တပ် မတော်က ဩဂုတ် ၂၂ ရက်နှင့်၂၃ ရက်၌ ဖမ်းဆီးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နားပွဲဌာနေပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အပါအဝင် ၃၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးနေစဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ တောခိုသွား သည်ဟု ဒေသခံများကပြောပြီး တပ်မတော်ကလည်း ဟုတ်မှန် သည်ဟု ဆိုသည်။ ‘‘တောထဲပြန်ဝင်သွားတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်လို့ ပြော တယ်။ သတင်းကတော့ အခိုင် အမာပေါ့။ အဲဒီလူတွေ (ပြည်သူ့ စစ်အဖွဲ့ဝင်များ) မရှိတော့ဘူး လေ’’ဟု နမ့်စန်မြို့နယ်မှ ဒေသခံ တစ်ဥ...

မြန်မာပလာဇာ ရှေ့ ဆေးပြား (၄၀၀) ဖမ်းမိ ရာမှ ကွင်းဆက်များအဖြစ် အေအေအဖွဲ့ နှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား (၂၆) သိန်းကျော် ဖမ်းမိ

  admin   0 Comments မြန်မာပလာဇာ ရှေ့ ဆေးပြား (၄၀၀) ဖမ်းမိ ရာမှ ကွင်းဆက်အဖြစ် အေအေ အဖွဲ့နှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား (၂၆) သိန်းကျော် ဖမ်းမိ ဩဂုတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နေ့ခင်း ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ ရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့ တွင် ထွဋ်အောင်လွင် (၂၈)နှစ်နှင့် ကြည်ခိုင်(၄၀)နှစ် တို့ အား ရှာဖွေ စစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား ဖမ်းဆီးရမိပြီး ထွက်ဆို ချက်များ အရ ၎င်းတို့ မူးယစ်ဆေးဝါး ဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက် ရပ်ကွက် ၊ ဇလွန်လမ်း နေ မအေးအေးဝင်း (ခ) စုလှိုင် (၂၈)နှစ်၏ နေအိမ်သို့ ဆက်လက် ရှာဖွေ စစ်ဆေးရာ ၎င်း အမျိုးသမီးနှင့် အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၈၀၀ ပြား သိမ်းဆည်း ရမိခဲ့ကြောင်း။ တရားခံ မအေးအေးဝင်း(ခ) စုလှိုင် ၏ ထွက်ဆိုချက် အရ ၎င်း မူးယစ်ဆေးဝါးဝယ်ယူခဲ့သည့် မခိုင်ခိုင်(၃၂)နှစ် နှင့် နိုင်နိုင်ထွန်း(၂၈)နှစ် တို့ မောင်နှမ (၂) ဦး ငှားရမ်း နေထိုင်သော ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၇) ရပ်ကွက်၊ ရတနာ အိမ်ရာ(၁)၊ ရတနာလမ်း ရှိနေအိမ်သို့ စစ်ဆေး ရှာဖွေရာ ၎င်းတို့နှင့် အတူ စိတ...

ရှမ်းပြည်နယ်၌ ၁၀ ရက်အတွင်း မူးယစ်ဆေး ကျပ် ၄၁ ဘီလီယံကျော်ဖိုး ဖမ်းမိ

ရှမ်းပြည်နယ်၌ ၁၀ ရက်အတွင်း မူးယစ်ဆေး ကျပ် ၄၁ ဘီလီယံကျော်ဖိုး ဖမ်းမိ By ထွန်းထွန်း 26 August 2019 Want create site? Find Free WordPress Themes and plugins. ရှမ်းပြည်နယ် အတွင်း သြဂုတ် ၁၆ ရက်မှ ၂၅ ရက် အထိ ကျပ်သိန်းပေါင်း ၄၁၇၄၆၅ (၄၁.၇၄၆၅ ဘီလီယံ) ခန့် တန်ဖိုးရှိ WY မူးယစ်ဆေးပြားနှင့် ICE များ ဖမ်းမိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။ နမ့်စန်မြို့နယ် အတွင်း သြဂုတ်၂၂ ရက်နှင့် ၂၃ ရက်က ဖမ်းမိသည့် မူးယစ်ဆေးချက် စခန်းများနှင့် ပတ်သက်၍ သံသယ ရှိသည်ဟု ဆိုကာ ပန်ကေတုကျေးရွာ အနီးမှ ၁၇ ဦး၊ ဝမ်ဖွန်း ကျေးရွာအနီးမှ ၇ ဦး၊ မက်လန်းကျေးရွာ အနီးမှ ၁၅ ဦး စုစုပေါင်း ၃၉ ဦးအား ဖမ်းဆီးကာ တပ်မတော်က စစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။ ရှမ်းပြည်နယ် မူးယစ် ရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး လင်းထွန်းမြင့်က“နမ့်စန်က၂၃ ရက်က ဖမ်းမိတဲ့ ဆေးချက်စခန်းက ဆေးပြား ထည့်ထားတဲ့ အိတ်တွေထဲကနေ ဆေးပြား ၅၇ သိန်း ရှိပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဖမ်းထားသူတွေကို တပ်ကပဲ စစ်နေ တာပါ။ ကျနော်တို့ဘက်ကို မလွှဲသေးပါဘူး။ အမှုလည်း လက်ရှိ မဖွင့်ရသေးပါဘူး”ဟု ယနေ့ မွန်းလွဲပိုင်းက ပြောသည်။ သြဂုတ် ၁၆ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်းမြို့ အနောက်ဘက်...

မြန်မာ - ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးသယ်သည့် မြန်မာနှင့်ထိုင်းပူးပေါင်းအဖွဲ့မှ (၅၃)ဦးကို မူးယစ်ဆေး၊ လက်နက်များနှင့်အတူ UWSA တောင်ပိုင်းအဖွဲ့က ဖမ်းမိထား

 ·  UWSAအဖွဲ့ကဖမ်းပေးတာကြောင့်ပိုင်ရှင်မဲ့မဟုတ်တော့ဘူးလေ..... မြန်မာ - ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးသယ်သည့် မြန်မာနှင့်ထိုင်းပူးပေါင်းအဖွဲ့မှ (၅၃)ဦးကို မူးယစ်ဆေး၊ လက်နက်များနှင့်အတူ UWSA တောင်ပိုင်းအဖွဲ့ က ဖမ်းမိထား https://www.tachileik.net/2019/08/uwsa.html ********* ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ လွယ်လျန်းဒေသကို ဖြတ်ကာ ထိုင်းဘက်သို့ မူးယစ်ဆေးသယ်လာသည့်အဖွဲ့အား UWSA “ဝ”တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ထိုင်းနိုင်ငံသား (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၃၉)ဦးကို မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။ “ သြဂုတ် (၂၆) ရက်နေ့ မနက်စောစောမှာ ထိုင်း (၁၄)ယောက်နဲ့ မြန်မာဘက်ခြမ်းက (၃၉)ယောက်ကို တောင်ပိုင်း “ဝ”ပြည်နယ် ၁၇၁ တပ်ဖွဲ့ကနေ ဖမ်းထားတယ်။ ဖမ်းမိတဲ့ပစ္စည်းတွေ မူးယစ်ဆေးနဲ့ လက်နက်တွေကို စိစစ်ဆဲဖြစ်ပါတယ်။ သူတို့က သွားလာနေကြလို့ သတင်းရတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေက စောင့်ဖမ်းတယ်။ သူတို့က တောလမ်း မှောင်ခိုလမ်းကနေ သွားတဲ့အဖွဲ့တွေဖြစ်တယ်”ဟု UWSA ၏...

ရန်ကုန်တိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းဆီးရမိ Wednesday, August 28, 2019 ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်နေ ထွဋ်အောင်လွင်(ဘ)ဦးရဲထွဋ်၊ အမှတ်(၁) ရပ်ကွက်နေ ကြည်ခိုင်(ဘ)ဦးစိန်လွင်နှင့် စမ်းချောင်းမြို့ နယ်၊ လင်းလွန်း(မြောက်)ရပ်ကွက်နေ မအေးအေးဝင်း(ဘ) ဦးမောင်ဘခင်တို့ သုံးဦးအား ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် သတင်းကို သြဂုတ် ၂၇ ရက်နေ့ထုတ် မြ၀တီသတင်းစာ၌ ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်သည်။ ဖမ်းဆီးရမိခဲ့သည့် မအေးအေး ၀င်းအား စစ်ဆေးမေးမြန်းချက်အရ သြဂုတ် ၂၆ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်တွင် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၅)ရပ်ကွက်၊ မြိတ်လမ်းနှင့် ဧရာဝတီ လမ်းထောင့်၊ အင်းဝအိမ်ရာ၊ တိုက်အမှတ်(၁၉)၊ (၄)လွှာရှိ အခန်း(၃၀၂) ၌ မခိုင်ခိုင်(ဘ)ဦးမောင်စိုးရင်နှင့် ၎င်း၏ မောင်ဖြစ်သူ နိုင်နိုင် ထွန်းတို့ နှစ်ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နေထိုင်သည့် ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ (၆၇)ရပ်ကွက်၊ ရတနာ အိမ်ရာ (၁)၊ ၂ လမ်း၊ တိုက်(၃၁)အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁ နာရီခန့်တွင် သွားရောက်ရှာဖွေရာ နေ...

ပြင်ဦးလွင်တိုက်ခိုက်မှုဖတ်ပြီး.စဉ်းစားမိတာတစ်ခုက

"သိ​နေတယ်​​လေအဟုတ်​ကိုပ" ပြင်ဦးလွင်တိုက်ခိုက်မှုဖတ်ပြီး.စဉ်းစားမိတာတစ်ခုက.. ပထမအဆင့် မိမိတို့အစိုးရအနေနဲ့ ရင်ကြားစေ့ရေးမူကို စွဲကိုင်ပြီး တပ်ရော တစ်ဘက်လက်နက်ကိုင်တွေရောကို စေ့စပ်ကြည့်တယ် ( ရလာဒ် မကောင်း) ဒုတိယအဆင့်အနေနဲ့ တပ်မတော်အပါအဝင် လက်နက်ကိုင်အားလုံး.ငြိမ်းချမ်းရေးစားပွဲပေါ်ခေါ်ပြီး ညှိနှိုင်းပေးတယ်... အပစ်အခတ်ရပ်စဲပေးဖို့ ကြားကနေ ဖြန်ဖျေ ချော့မော့ပြောဆို ညှိပေးတယ် ·( NCA ကတစ်ဖွဲ့ပြီး တစ်ဖွဲ့ထွက်သွားကြတယ်) တတိယအဆင့်အဖြစ်.. အသက်ပြန်သွင်းထားတဲ့ပင်လုံမှာ ဘုံသဘောတူညီချက်တွေရဖို့ လမ်းကြောင်းပေးတယ် ( အခုအသံတောင်မကြားရ) အဲ့ဒီသုံးဆင့်လုံး တစ်ပြိုင်နက်လို လုပ်ပေးခဲ့ပါတယ် သို့သော်... လက်နက်ကိုင်ပြီး ကြွယ်ဝချမ်းသာ စည်းစိမ်ပြည့်ဝနေသူတွေက တိုင်းပြည်နဲ့ ပြည်သူအတွက် ဒေသခံနဲ့တိုင်းရင်းသားတို့ရဲ့ ရပိုင့်ခွင့်တွေထက် သူတို့တွေ အပြန်အလှန်စမာန်ခုတ်တာတွေ... ဝေခြမ်းမရတဲ့..နယ်မြေအချိုးကျတွေ... သံယံဇာတ လုနေတာတွေ...ကများနေပြီး ဘယ်ပြည်သူ တိုင်းရင်းသား ဒေသခံ တွေအကျိုးမှ မရှေ့ရှုခဲ့ဘူး ပါးစပ်ကသာ.. ဟိုဘက်ရော ဒီဘက် ပြည်သူ့အတွက် မိမိတို့ဒေသအတွက် ဘာညာ အာပေါင်အာရင်းသန်သန် ပြောနေကြတ...

ဆောက်လုပ်ရေး ဝန်ကြီးဌာန တံဆိပ်ပါ ကားအတွင်းမှ ကျပ်သိန်း ၉ ထောင်ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို စစ်ဆေးနေစဉ် / ပျဉ်းမနား မြို့မ ရဲစခန်း နေပြည်တော် ဘောဂသီရိ ကားဝင်း၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံဆိပ်ပါသည့် အဖြူရောင် ကား၏ ဆီတိုင်ကီ အတွင်းမှ ကျပ်သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း ပျဉ်းမနား မြို့မ ရဲစခန်း က ပြောသည်။ ပျဉ်းမနား မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်ဦးက“ ကားက ဆောက်လုပ်ရေးကကား။ အဲဒီကားကို ဆီထည့်တော့ ဆီက အများကြီး မဆံ့ဘူးဖြစ်နေတာ။ နည်းနည်းပဲ ဆံ့လို့ ဝပ်ရှော့ကို လာပြီး ဆီတိုင်ကီကို ဖြုတ်ခိုင်း တာ။ တိုင်ကီကို ဖြုတ်လည်း ဖြုတ်ရော၊ တိုင်ကီက အကန့် ၂ ကန့်ဖြစ်နေတာ။ ဂဟေဆော်ထားတာက တခြမ်း၊ အဲဒီ အထဲမှာ မူးယစ်ဆေးဝါးတွေ ထည့်ထားတာ ”ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။ ထိုသို့ မူးယစ်ဆေးဝါး ပမာဏ ဖမ်းဆီးရမိခြင်းသည် နေပြည်တော်တွင် ယခုတကြိမ် ပထမဆုံး ဖမ်းဆီးရမိကြောင်း၊ တရားခံ အစစ် မည်သူ ဆိုသည်ကို သိရှိရန်အတွက် စုံစမ်း စစ်ဆေးနေကြောင်း၊ အဆိုပါ ကားကို မောင်းနှင်လာသူမှာ ဝန်ကြီးဌာနမှ အဆင့် ၅ ရှိသူ ယာဉ်မောင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက ပျဉ်းမနား ဘောဂသီရိ ကားကွင်းထဲက ယာဉ်ပြင်ရုံ အ...