Skip to main content

မြန်မာပလာဇာ ရှေ့ ဆေးပြား (၄၀၀) ဖမ်းမိ ရာမှ ကွင်းဆက်များအဖြစ် အေအေအဖွဲ့ နှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား (၂၆) သိန်းကျော် ဖမ်းမိ

မြန်မာပလာဇာ ရှေ့ ဆေးပြား (၄၀၀) ဖမ်းမိ ရာမှ ကွင်းဆက်အဖြစ် အေအေ အဖွဲ့နှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား (၂၆) သိန်းကျော် ဖမ်းမိ
ဩဂုတ်လ ၂၉ ရက်
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နေ့ခင်း ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ ရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့ တွင် ထွဋ်အောင်လွင် (၂၈)နှစ်နှင့် ကြည်ခိုင်(၄၀)နှစ် တို့ အား ရှာဖွေ စစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား ဖမ်းဆီးရမိပြီး
ထွက်ဆို ချက်များ အရ ၎င်းတို့ မူးယစ်ဆေးဝါး ဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက် ရပ်ကွက် ၊ ဇလွန်လမ်း နေ မအေးအေးဝင်း (ခ) စုလှိုင် (၂၈)နှစ်၏ နေအိမ်သို့ ဆက်လက် ရှာဖွေ စစ်ဆေးရာ ၎င်း အမျိုးသမီးနှင့် အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၈၀၀ ပြား သိမ်းဆည်း ရမိခဲ့ကြောင်း။
တရားခံ မအေးအေးဝင်း(ခ) စုလှိုင် ၏ ထွက်ဆိုချက် အရ ၎င်း မူးယစ်ဆေးဝါးဝယ်ယူခဲ့သည့် မခိုင်ခိုင်(၃၂)နှစ် နှင့် နိုင်နိုင်ထွန်း(၂၈)နှစ် တို့ မောင်နှမ (၂) ဦး ငှားရမ်း နေထိုင်သော ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၇) ရပ်ကွက်၊ ရတနာ အိမ်ရာ(၁)၊ ရတနာလမ်း ရှိနေအိမ်သို့ စစ်ဆေး ရှာဖွေရာ
၎င်းတို့နှင့် အတူ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၈၀ ပြား ထပ်မံ ဖမ်းဆီးရမိခဲ့ကာ နေအိမ်စောင့် စိုင်းနော်မိန်း (၃၈)နှစ် ကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်း၊
မခိုင်ခိုင် သည် ရခိုင်တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး ၎င်းအား စစ်ဆေးချက် အရ အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ရန်ကုန်-စစ်တွေ ခရီးသည် တင် ယာဉ်လိုင်း လေးဝတီနှင့် မင်းထက်သာ ယာဉ် လိုင်း ကားဂိတ်များ တွင် အဝတ်အထည် များနှင့် ရောနှော၍ စိတ်ကြွ ရူးသွပ်ဆေးပြားများ အား စစ်တွေသို့ ပို့ဆောင်ရန် ပေးပို့ အပ်နှံထားကြောင်း သိရှိရသည်။
စစ်ဆေးသိရှိ ခဲ့သည့် သတင်းအရ ဩဂုတ်လ ၂၆ ရက် နံနက် ၈ နာရီခန့်တွင် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ မင်းထက်သာ ယာဉ်လိုင်း ခရီးသည်တင် ယာဉ်အမှတ် 6C/xxxx ၏ ယာဉ်ပစ္စည်းတင် အကန့်အတွင်းမှ ဆာလာအိတ် ၇ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း အား လည်းကောင်း၊
စစ်တွေသို့ ထွက်ခွာသွားပြီးဖြစ်သည့် မင်းထက်သာနှင့် လေးဝတီ ယာဉ်လိုင်းများပေါ်တွင် ၅ အိတ်စီ တင်ပို့ပြီးဖြစ်ကြောင်း သိရှိ ရသဖြင့် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၃ နာရီတွင် အမ်းမြို့ ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ မင်းထက်သာ ခရီးသည်တင်ယာဉ် 6C/xxxx ယာဉ်ပေါ်မှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၇.၅ သိန်းနှင့်
နံနက် ၈ နာရီခွဲတွင် မင်းပြားမြို့၊ ရာမောင်တံတားကူး နေရာတွင် လေးဝတီ ခရီးသည်တင်ယာဉ် 5Q/xxxx ပေါ်မှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၇၄၉၉၇၅ ပြား အား လည်းကောင်း ရှာဖွေ တွေ့ရှိခဲ့ပြီး
  
စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၂၆၇၅၉၅၅ ပြား (တန်းဖိုး ကျပ်သိန်းပေါင်း ၈၀၂၇၈ကျော်) အား သိမ်းဆည်း ရမိခဲ့ကြောင်း။
မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိ တရားခံ မခိုင်ခိုင်၏ ထွက်ဆိုချက် အရ ၎င်းသည် ၂၀၁၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ သို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင် စဉ်
AA အဖွဲ့၏ စည်းရုံးမှုကြောင့် AA အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကာ AA အဖွဲ့အတွက် စည်းရုံး လူသစ် စုဆောင်းခြင်း၊
ရန်ပုံငွေ ရရှိရေး အတွက် မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ေ ရောင်းဝယ် ဖြန့်ဖြူးခြင်းများ ကို လုပ်ကိုင်လျက် ရှိကြောင်းနှင့်
ယခင် ကလည်း ရန်ကုန်-စစ်တွေ ခရီးသည် တင်ယာဉ်များ ကို အသုံးပြု၍ မူးယစ်ဆေးဝါးများ အား ၅ ကြိမ် သိုဝှက် သယ်ယူ ပို့ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ထုတ် သိရှိ ရသဖြင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိပြီး တရားဥပဒေနှင့် အညီ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Source – ရဲဇာနည်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...