ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ကော့သောင်း မြို့နယ်တရားရုံးမှာ တပ်မတော်က တရားစွဲ ဆိုလိုက်တယ်လို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းက တနင်္သာရီတိုင်းမှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံကြိုဆိုပွဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ပြောဆိုခဲ့တာတွေကြောင့်ဆိုကာ ကော့သောင်းမြို့နယ် ခမောက်ကြီး တပ်နယ်က ဒုဗိုလ်မှူးကြီး ဇော်ဇော်က ကော့သောင်းတရားရုံးကို ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ပြီး တရားရုံးက အမှုကို အောက်တိုဘာ ၃၁ ရက်နေ့မှာ လက်ခံခဲ့ပါတယ်။ “အဲ့ဒီပွဲမှာ ဘာကိုမှ လွန်လွန်ကျူးကျူး မပြောခဲ့ဘူး။ ပြီးတော့ အဲ့ဒီပွဲက အာဏာရပါတီက လုပ်တဲ့ပွဲမှာ မိနစ် ၂၀ လောက်ကိုပဲ ဟောပြောခဲ့တာ၊ ပြောတဲ့အကြောင်းကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူတွေက ဘယ်လိုတွေ ဆွဲခဲ့တယ်၊ ပြည်သူကို ကိုယ်စားမပြုခဲ့ဘူး၊ ဒါ့ကြောင့်ပြည်သူကို ကိုယ်စားပြုတဲ့ အခြေခံဥပဒေကို ပြန်ဆွဲရမယ်၊ လက်ရှိ တပ်မတော်ကို ထိခိုက်စေတာ ဘာတခုမ...