Skip to main content

ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ဦးသိန်းဆွေ ပြော

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ နှင့် ထိုင်နေသော လူများ

ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ဦးသိန်းဆွေ ပြော
------ ------ ------ ----- -----
လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ပေးခံရသူ မြန်မာနိုင်ငံသား ၂ ဦးအတွက် ထိုင်းဘုရင်ထံ အသနားခံစာ တင် ရန်အတွက် ၀န်ကြီးဌာနအနေနှင့် သက်ဆိုင်ရာနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာ ၂ ရက်တွင် ပြောကြားသည်။
“လိပ်ကျွန်းကိစ္စနဲ့ပတ်သက်ပြီး အမြင့်ဆုံးတရားရုံးက သေဒဏ်ကို အတည်ပြုတယ်လို့ ပြောပါတယ်။ ဆက်ပြီးတော့လုပ်မယ့်ကိစ္စကတော့ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်ဖို့ပဲရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းမှာရှိတဲ့အဖွဲ့အစည်းတွေကလည်း ဆောင်ရွက်ဖို့စီစဉ်နေပါပြီ။ မြန်မာနိုင်ငံဘက်က လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌတွေကိုယ်တိုင် သက်ဆိုင်ရာထိုင်းနိုင်ငံအကြီးအကဲတွေထံ မေတ္တာရပ်ခံစာတွေပေးပို့ပြီး ဆောင်ရွက်နေကြပါတယ်”ဟု ၀န်ကြီးက ပြောသည်။
အဆိုပါဝန်ကြီးဌာနရုံးတွင် စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးအပြီးတွင် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သတင်းထောက်များ၏မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရမှုအပေါ် နောက်ဆုံးအယူခံလျှောက်ထားခဲ့ရာ ပြီးခဲ့သည့်သြဂုတ် ၂၉ ရက် အယူခံကို ပယ်ချခဲ့ခြင်းဖြစ်သည်။
လိပ်ကျွန်းလူသတ်မှုဖြင့် မြန်မာနိုင်ငံသား ၂ ဦးဖမ်းဆီးခံရချိန်မှစ၍ ၎င်းတို့နှစ်ဦးလွတ်မြောက်ရေး အစစအရာရာကူညီဆောင်ရွက်ရန် နိုင်ငံအကြီးအကဲများကိုယ်တိုင် ညွှန်ကြားထားပြီဖြစ်ကြောင်း၊ ဌာနအနေနှင့်လည်း အလုပ်သမားသံအရာရှိများ၊ သံအမတ်ကြီးအပြင် ထိုင်းတွင်ရှိသည့် အလုပ်သမားရေးရာအဖွဲ့အစည်းများကလည်း အဆင့်လိုက် ကူညီပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင် ဦးဇော်ဇော်ကလည်း အမှုနှင့်ပတ်သက်သည့်ကုန်ကျစရိတ်များ ကျခံပေးလျက်ရှိကြောင်း ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။
၂၀၁၄ ခုနှစ်စက်တင်ဘာလလယ်က ထိုင်းနိုင်ငံ ကော့စမွီခရိုင်၊ကော့တောင်ကျွန်း(လိပ်ကျွန်း)ဆိုင်ရီး ကမ်းခြေတွင် ဗြိတိန် နိုင်ငံသား စုံတွဲ ၂ ဦး သတ်ခံရသည့်ဖြစ်စဉ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ်သည့်ဝင်းဇော်ထွန်းနှင့်ဇော်လင်း (၀င်းနှင့်ဇော်) တို့ကို တရားခံများအဖြစ် ထိုင်းအာဏာပိုင်များက စွပ်စွဲဖမ်းဆီးခဲ့သည်။
ထွန်း(နေပြည်တော်)
#News Watch

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...