Skip to main content

Posts

Showing posts with the label စီးပြားေရး

CDM တိုက်ပွဲဝင်သူရဲကောင်းများထံ အိတ်ဖွင့်ပေးစာ (၂)

  CDM တိုက်ပွဲဝင်သူရဲကောင်းများထံ အိတ်ဖွင့်ပေးစာ (၂) ဒီနေ့ နေပြည်တော်(ရုံးချုပ်)က ဌာနဆိုင်ရာအသီးသီးမှာ CDM ဝန်ထမ်းအရေးကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်ကြတယ်လို့ သတင်းရရှိပါတယ်။ အစည်းအဝေး‌ကို ဌာနဆိုင်ရာအကြီးအကဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ဉီးဆောင်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးတွေ တက်ရောက်ရပါတယ်။ အစည်းအဝေးမှာ CDM နဲ့ပတ်သက်ပြီး ဘာတွေဆုံးဖြတ်ကြသလဲဆိုတော့ - (၁) ဝန်ထမ်းတွေကို ဖုန်းဖြင့် တတ်နိုင်သမျှ ချော့မော့ပြောဆို၍ ရုံးပြန်တက်ခိုင်းရန် (ပြောဆိုရာတွင် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးအတွက် အကြမ်းမဖက်ရန်၊ အနုနည်းဖြင့်သာ စည်းရုံးရန်) (၂) မနက်ဖြန်(၂၃.၂.၂၀၂၁)ရက်နေ့တွင် ရုံးပြန်တက်ပါက ယခင်ပျက်ကွက်ခဲ့သော နေ့များအား တာဝန်ချိန်အဖြစ်သတ်မှတ်ပေးပြီး၊ နောက်နောင်ထိုသို့မပြုလုပ်စေရေးအတွက် ခံဝန်ကတိ ထိုးခိုင်းရန် (၃) မည်သည့်ညွှန်ကြားချက်ကိုမျှ စာမထုတ်ရန် (စာထုတ်ပါက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နိုင်ပြီး မလိုလားအပ်သည် ပြဿနာများဖြစ်ပေါ်နိုင်သည့်အတွက် ဖုန်းဖြင့်သာ ဆက်သွယ်ပြောကြားရန်) (မှတ်ချက်- တချို့ဌာနများ စာထုတ်ပါတယ်။ ) (၄) (၂၆.၂.၂၀၂၁)ရက်နေ့၊ သောကြာနေ့အထိ ရုံးပြန်မတ...

ဩစတေးလျအခြေစိုက် Woodside စွမ်းအင်ကုမ္ပဏီက သဘာဝဓာတ်ငွေ့ထုတ်ဖို့

  ဩစတေးလျအခြေစိုက် Woodside စွမ်းအင်ကုမ္ပဏီက သဘာဝဓာတ်ငွေ့ထုတ်ဖို့ မြန်မာစစ်အုပ်စုနဲ့ စာချုပ်ချုပ်မယ့် သတင်းတွေ ထွက်လာပါတယ်.. လူတွေ စိုးရိမ်တာက စစ်တပ်သာ ဓာတ်ငွေ့တွေကို ပြည်ပရောင်းစားနိုင်ရင် နိုင်ငံခြားငွေ ဘီလျံချီရပြီး စစ်အာဏာ သက်ဆိုးရှည်မှာကို စိုးကြတာပါ.. သတင်းထွက်လာတာနဲ့ တပြိုင်နက် Twitter မှာလည်း လူအခွင့်အရေးကာကွယ်သူတွေ၊ မြန်မာပြည်သူတွေ ဝိုင်း tweet လိုက်ကြတာ ခုတော့ စာထွက်လာပါပြီ.. ထုတ်ပြန်ကြေညာချက်အရဆို “ဩစတေးလျအစိုးရရဲ့ ညွှန်ကြားချက်တွေ” အတိုင်း လုပ်သွားမယ်လို့ ယူဆရတဲ့အတွက် စာချုပ်ချုပ်မယ့်ကိစ္စဟာ နှောင့်နှေးရပ်တန့်သွားနိုင်စရာ ရှိပါတယ်.. ဘာလို့လဲဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် စစ်အုပ်စုကို ပြင်းပြင်းထန်ထန် ဖိအားပေးနေတဲ့နိုင်ငံတွေထဲ ဩစတေးလျဟာ ထိပ်ဆုံးက ပါလို့ပါပဲ.. ကြာသပတေးနေ့ညနေက လုပ်တဲ့ QUAD (ဂျပန်၊ အိန္ဒိယ၊ ဩစတေးလျ၊ အမေရိကန်) လေးနိုင်ငံအစည်းအဝေးမှာလည်း မြန်မာပြည် ဒီမိုကရေစီရရေးကို ဦးစားပေး ဆွေးနွေးခဲ့တာဖြစ်ပြီး ဩစတေးလျဟာ စစ်အုပ်စုကို ပြင်းပြင်းထန်ထန် စီးပွါးရေးပိတ်ဆို့မယ့်နိုင်ငံတွေထဲက တခုဖြစ်လို့ပါပဲ.. Woodside ကုမ္ပဏီက လုပ်ချင်ရင်တောင် သူ...

ရေအားလျှပ်စစ်ထုတ်ယူရေး ကန့်ကွက်နေမှု လူထုကို နားလည်အောင်ရှင်းပြရန် ကာချုပ်ပြော

ရေအားလျှပ်စစ်ထုတ်ယူရေး ကန့်ကွက်နေမှု လူထုကို နားလည်အောင်ရှင်းပြရန် ကာချုပ်ပြော – DVB ရေအားလျှပ်စစ်ထုတ်ယူရေး ကန့်ကွက်နေမှု လူထုကို နားလည်အောင်ရှင်းပြရန် ကာချုပ်ပြောPublished By ပိုင်စိုး | 23 August, 2020 2.4K 0 Share 0 Comment 0 Likes ရေအားလျှပ်စစ်ထုတ်လို့ရတဲ့နေရာတွေ ကန့်ကွက်ခံနေရတာကြောင့် လူထုကို နားလည်အောင်ရှင်းပြကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သား ဆရာဝန်တွေကို မှာကြားလိုက်ပါတယ်။ ဒီနေ့လုပ်တဲ့ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့က ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေက မြို့နယ်၊ တိုက်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားဆရာဝန်တွေကို ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဘယ်လောက်ပဲ စက်မှုနိုင်ငံထူထောင်ဖို့ စိတ်ကူးနေနေ၊ လျှပ်စစ်မရှိရင် ဘာမှ လုပ်လို့မရဘူး။ အခု အစိုးရကနေပြီးတော့ စက်မှုစီမံကိန်းတွေ လုပ်နေတာတွေ ရှိတယ်။ စက်မှု စီမံကိန်းလုပ်တာတော့ ဟုတ်ပြီ။ လျှပ်စစ် ဘယ်ကရမလဲ။ လျှပ်စစ်မရှိရင် ခက်မယ်။ အဲဒီတော့ လျှပ်စစ်ရမယ့် လမ်းကြောင်းတွေ အများကြီးရှိတယ်။ ရေအားလျှပ်စစ်‌တွေရှိတယ်။ ကျောက်မီးသွေးနဲ့ ထုတ်လို့ရတာ...

NLD အစိုးရ မဖြေရှင်းနိုင်ခဲ့သည့် ရန်ကုန် ပန်းခြံ ငှားရမ်းခ အရှုပ်တော်ပုံ

  NLD အစိုးရ မဖြေရှင်းနိုင်ခဲ့သည့် ရန်ကုန် ပန်းခြံ ငှားရမ်းခ အရှုပ်တော်ပုံ  ပေါက်စျေးထက် အဆမတန်နည်းနေသည့် ပန်းခြံငှားရမ်းခများ တိုးမြှင့်ကောက်ခံရန် ရန်ကုန်တိုင်းလွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း အစိုးရက အကောင်အထည်မဖော်နိုင်သေးပေ။   ဇော်ရဲသွေး Published on  Jan 29, 2021 ၂၀၂၁ ဇနျနဝါရီ ၂၈ ရကျနေ့က တှေ့ရသော  ရှှတေိဂုံစတေီအနောကျဘကျမုချအနီးရှိ ပွညျသူ့ရငျပွငျ၊ ပွညျသူ့ဥယြာဉျပနျးခွံ (ဓာတျပုံ – စိုငျးဇောျ/Myanmar Now) ရန်ကုန်မြို့ရှိ ပန်းခြံဧရိယာ ၅၂၂ ဧကကို အဆင်မြှင့်တင်ရေး အကြောင်းပြ၍ လုပ်ငန်းရှင်များထံသို့ စစ်အစိုးရလက်ထက်က နှစ်ရှည်အငှားချခဲ့သော ပန်းခြံကြီးများမှာ အများပြည်သူ အပန်းဖြေရာနေရာအဖြစ်မှ ပုဂ္ဂလိကကုမ္ပဏီတို့ စီးပွားရှာသည့် မြေနေရာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ထားသည့် နှုန်းထားထက် ၄ ဆကျော် လျော့နည်းသည့် ပန်းခြံငှားရမ်းခများဖြင့် ငှားရမ်းထားသည့် ကုမ္ပဏီများမှာ အကျိုးအမြတ်များစွာ ရရှိနေပြီး အချို့ပန်းခြံများအတွက်မူ ပန်းခြံမြေ ငှားရမ်းခ လုံးဝမရတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ စတင်ငှားရမ်းခဲ့သည့် မြေငှားရမ်း...