Skip to main content

Posts

Showing posts with the label တိုင်းရင်းသား

ကချင်ပြည်နယ်အစိုးရကို ဗမာနိုင်ငံရေးအင်အားစုတွေမပါဘဲ ဖွဲ့စည်းမယ်လို့ (KNO) ထုတ်ပြန်

  ကချင်ပြည်နယ်အစိုးရကို ဗမာနိုင်ငံရေးအင်အားစုတွေမပါဘဲ ဖွဲ့စည်းမယ်လို့ (KNO) ထုတ်ပြန် 2021-06-03 ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ်ပို့ရန် ၆၉ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ၂၀၁၇ ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ်   Photo: RFA ကချင်ပြည်နယ်အစိုးရကို မည်သည့်ဗမာ့နိုင်ငံရေး အဖွဲ့အစည်းနဲ့ ဗမာ့နိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှု အောက်ကဖြစ်ဖြစ် လက်တွဲပြီးဖြစ်ဖြစ် ဖွဲ့စည်းပေးဖို့မလိုဘဲ၊ ကချင်ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေးအဖွဲ့ အစည်းတွေအကြားမှာပဲ လွတ်လပ်စွာဆွေးနွေးတိုင်ပင်ပြီး ဖွဲ့စည်းမယ်လို့ ကချင်အမျိုးသားအစည်းအရုံး (KNO) က မေ ၃၁ ရက် ရက်စွဲနဲ့ မနေ့က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Kachin Political Interim Coordination Team (KPICT) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)တို့ကြား မေလ ၂၇ ရက်နေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ၊ နှစ်ဖက်သဘောတူညီချက်နဲ့ ကချင်ဒေသ အစိုးရဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်လို့ KNO ရဲ့ ကြေညာချက် မှာပါရှိပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ယောက်၊ နှစ်ယောက်ရဲ့ တာဝန်ပေးခြင်းခံရသူတွေက ကချင် တစ်မျိုးသားလုံးကို ကို...

စစ်ကောင်စီနှင့်ဆွေးနွေးပွဲများ ရပ်ဆိုင်းမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြေညာ

  စစ်ကောင်စီနှင့်ဆွေးနွေးပွဲများ ရပ်ဆိုင်းမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြေညာ အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုက ယနေ့ (ဖေဖော်ဝါရီ ၂၀) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုအပါအဝင် လူထုလှုပ် ရှားမှုအားလုံးကို ထောက်ခံပြီး ထိုလှုပ်ရှားမှုများကို ပံ့ပိုးပေးနိုင်ရန် နည်းလမ်းရှာဖွေသွားမည်ဟုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုအား အကြမ်းဖက်နှိမ်နင်းခြင်းများကို ဆန့်ကျင်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရန်လည်း အသိပေးတောင်းဆို ထားသည်။ လက်ရှိကာလအတွင်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နည်းလမ်းရှာ ဖြေရှင်း နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း တိုင်းရင်...

လူမျိုးစုခေါင်းဆောင်များသို့ /

  လူမျိုးစုခေါင်းဆောင်များသို့ / ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု လုပ်ရပ်ဟာ တိုင်းပြည်အတွက် ကြမ္မာဂြိုလ်ဆိုးဝင်ရောက်ခြင်းဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း ပြည်သူ့ကံကြမ္မာဟာ လက်နက်ကိုင် အာဏာရှင်တွေရဲ့ လွှမ်းမိုးခြယ်လှယ်ခြင်းကို နှစ်ပေါင်းများစွာ ထပ်မခံကြရမယ့် ကနဦးအစဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ စစ်အာဏာသက်ဟာ သမိုင်းဖြတ်သန်းမှုအရ နှစ်ပေါင်းများစွာ ကြာရှည်မယ်ဆိုတာ ငြင်းစရာ မလိုပါ။ နောင်နှစ်ပေါင်းများစွာမှာ ဖိလိုက် နှိပ်လိုက်နဲ့ အာဏာရှင်လက်အောင်မှာ အမျိုးမျိုး ဖိနှိပ်ခံရအုံးမှာ ဖြစ်ပါတယ်။ ၈၈၈၈ လူထုတော်လှန်ရေးဟာ အပြီးသတ် မအောင်မြင်ခဲ့ပါ။ တစ်ဝက်သာ အောင်မြင်ခဲ့ပါတယ်။ တည်ဆဲ ဆိုရှယ်လစ်လမ်းစဉ် အစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမယ့်၊ စစ်အာဏာရှင်သက်ဆိုးရှည်အောင် ခွင့်ပြုပေးခဲ့ပါ တယ်။ ဒီသမိုင်းသင်ခန်းစာဟာ ကျနော်တို့အတွက် ကောင်းကောင်း သတိချပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာသိမ်း ကောင်စီဟာ အနုနည်း အပါအဝင် အကြမ်းနည်းအမျိုးမျိုးနဲ့ တဖြည်းဖြည်း အာဏာလက်အောက်ကို ဖိသွင်းထားနေပြီးဖြစ်ပါတယ်။ မြန်မာပြည်သူလူထုဟာ စစ်အာဏာလက်အောက်ကို တဖြည်းဖြည်းချင်း အိပဲ့အိပဲ့နဲ့ သက်ဆင်းရတော့မှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ...