Skip to main content

လူမျိုးစုခေါင်းဆောင်များသို့ /

 လူမျိုးစုခေါင်းဆောင်များသို့ /

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု လုပ်ရပ်ဟာ တိုင်းပြည်အတွက် ကြမ္မာဂြိုလ်ဆိုးဝင်ရောက်ခြင်းဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း ပြည်သူ့ကံကြမ္မာဟာ လက်နက်ကိုင် အာဏာရှင်တွေရဲ့ လွှမ်းမိုးခြယ်လှယ်ခြင်းကို နှစ်ပေါင်းများစွာ ထပ်မခံကြရမယ့် ကနဦးအစဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ စစ်အာဏာသက်ဟာ သမိုင်းဖြတ်သန်းမှုအရ နှစ်ပေါင်းများစွာ ကြာရှည်မယ်ဆိုတာ ငြင်းစရာ မလိုပါ။ နောင်နှစ်ပေါင်းများစွာမှာ ဖိလိုက် နှိပ်လိုက်နဲ့ အာဏာရှင်လက်အောင်မှာ အမျိုးမျိုး ဖိနှိပ်ခံရအုံးမှာ ဖြစ်ပါတယ်။ ၈၈၈၈ လူထုတော်လှန်ရေးဟာ အပြီးသတ် မအောင်မြင်ခဲ့ပါ။ တစ်ဝက်သာ အောင်မြင်ခဲ့ပါတယ်။ တည်ဆဲ ဆိုရှယ်လစ်လမ်းစဉ် အစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမယ့်၊ စစ်အာဏာရှင်သက်ဆိုးရှည်အောင် ခွင့်ပြုပေးခဲ့ပါ တယ်။ ဒီသမိုင်းသင်ခန်းစာဟာ ကျနော်တို့အတွက် ကောင်းကောင်း သတိချပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာသိမ်း ကောင်စီဟာ အနုနည်း အပါအဝင် အကြမ်းနည်းအမျိုးမျိုးနဲ့ တဖြည်းဖြည်း အာဏာလက်အောက်ကို ဖိသွင်းထားနေပြီးဖြစ်ပါတယ်။ မြန်မာပြည်သူလူထုဟာ စစ်အာဏာလက်အောက်ကို တဖြည်းဖြည်းချင်း အိပဲ့အိပဲ့နဲ့ သက်ဆင်းရတော့မှာ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ သမိုင်းကို ကောက်ကြည့်ရင်၊ လက်နက်ကိုင်နည်းအားဖြင့် စစ်အစိုးရ အဆက်ဆက်ကို အနိုင်တိုက် နိုင်ခဲ့ခြင်း မရှိပါ။ ထိုနည်းလည်းကောင်း နိုင်ငံရေးနည်းအားဖြင့်လည်း အပြီးသတ် အမြစ်ပြတ် မတော်လှန်နိုင်ခဲ့ပါ။ ဒါ့ကြောင့် ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့ မြန်မာ့ဒီမိုကရေစီ ခရီးဟာ နောက်ကြောင်း ပြန်ခဲ့ ပြီဖြစ်ပါတယ်။
ဒီနေ့ ဖြစ်ရပ်တွေကို ကြည့်ရင် အကျပ်အတည်းတွေထဲက အခွင့်အလမ်းတွေ ပေါ်လာတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ထူးခြားဖြစ်ရပ်တွေကို ကြည့်ရင်…. ကျနော်တို့ ထင်မှတ်မထားတဲ့ လူငယ်၊ ဆယ်ကျော်သက် မျိုးဆက်တွေရဲ့ အုံလိုက်ကျင်းလိုက် ကန့်ကွက်ဆန္ဒပြတဲ့ ဖြစ်ရပ်ကြီးဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ…. အစိုးရဝန်ထမ်းတွေရဲ့ ရုံးမတက်ဘဲ ရုန်းထွက်တဲ့ CDM (Civil Disobedience Movement) လှုပ်ရှားမှုတွေဟာ မမျှော်လင့်ဘဲ အလွန် အားကောင်းလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင် တချို့ ပါဝင်လာခြင်းဟာ ကောင်းသော လက္ခဏာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာဖိအားတွေဟာ ယခင်ကထက် ပိုပြီး လျင်လျင်မြန်မြန်သက်ရောက်လာနေတယ်ဆိုတာ လည်း တွေ့ရပြီးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသား၊ တိုင်းရင်းသားအားလုံးဟာ အုံလိုက်ကျင်းလိုက် ဆန္ဒပြ ကန့်ကွက်မှုတွေကို လုပ်ဆောင်နေတာကို နိုင်ငံတကာနိုင်ငံအများစုမှာ တွေ့ရပြီး ဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံသားတွေဟာ လွတ်လပ်ခြင်း အရသာကို တွေ့ထိ ခံစားဖူးခဲ့ပြီ။ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန် ရပ်တည်ခြင်းဆိုတာကို ကောင်းကောင်း နားလည်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း တရားမျှတခြင်း၊ ကြောက်ရွံ့မှုမှ လွတ်ကင်းရေးဆိုတာတွေကို ကောင်းကောင်း နားလည်သဘောပေါက်ပြီးဖြစ်ပါတယ်။ အာဏာရှင် စစ်အုပ်စုဟာ ၂၀ ရာစု တော်လှန်ရေးက နည်းဟောင်းတွေနဲ့ ၂၁ ရာစုမှာ ဗျူဟာ ခင်းကျင်းနေဆဲဖြစ် ပါတယ်။ ၂၁ ရာစုဟာ တော်လှန်ရေးနည်းနာသစ်တွေနဲ့ အထွေထွေ လူထုသပိတ်ကြီးဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာပါပြီ။ လူထုကို ကိုယ်၏ဒုက္ခ၊ စိတ်၏သောက ရောက်အောင် အမျိုးမျိုး ဖိနှိပ်ညှင်းဆဲခြင်းကို အသွင် သဏ္ဍာန်အထွေထွေနဲ့ တိုး၍ တိုး၍ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
အခွင့်အရေးသည် နှစ်ခါ မရပါ။
စစ်အာဏာသိမ်းမှုဖြစ်ရပ်ဟာ အကျပ်အတည်းနဲ့ အတူ အခွင့်အလမ်းတွေကိုလည်း ယူဆောင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်သောအခါကမှ လူထုအရွေ့ကို အုံလိုက်ကျင်းလိုက် မျှော်လင့်လို့ မရတဲ့ လူထုလှုပ်ရှားမှု တွေဟာ စစ်အာဏာသိမ်းမှုကို အကြောင်းပြုပြီး အုံကြွ ထကြွလာပါတယ်။ ဘက်ဘက်က တိုက်အား တွန်းအားတွေဟာ ဗဟိုချက် တစ်ခုတည်းမှာ စုဆုံလာဖို့ သင့်ပါပြီ။
လူမျိုးစုခေါင်းဆောင်တွေဟာ လက်နက်ကိုင်နည်းအားဖြင့် ဖက်ဒရယ်စနစ်ဖြစ်ထွန်းဖို့ ကြိုးစားခဲ့ကြတယ်။ ၂၀၁၀ နောက်ပိုင်းနဲ့ ၂၀၁၅ နောက်ပိုင်းတွေမှာလည်း နိုင်ငံရေးပါတီတွေ ဖွဲ့စည်းပြီးတော့ နိုင်ငံရေးနည်းအားဖြင့် ကြိုးစားခဲ့တယ်။ လူမျိုးစုပညာတတ်တွေ ဦးဆောင်တဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလည်း တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်စနစ်ဖြစ်ထွန်းဖို့ တိုက်တွန်း ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ပါလီမန် ဒီမိုကရေစီ ခေတ်ကတည်းက လူမျိုးစုခေါင်းဆောင်တွေဟာ အနုနည်းရော၊ အကြမ်းနည်းရော (တနည်း) နိုင်ငံရေးနည်းရော၊ လက်နက်ကိုင်နည်းရော (နိုင်ငံတကာဖိအားအပါအဝင်) အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် စစ်
အာဏာရှင် အုပ်စုဟာ …
• လူထုကို လူထုနဲ့ တိုက်။
• တိုင်းရင်းသားကို တိုင်းရင်းသားနဲ့ တိုက်။
• မီဒီယာကို မီဒီယာနဲ့ တိုက်။
• နိုင်ငံရေးကို နိုင်ငံရေးနဲ့ တိုက်။
• လက်နက်ကို လက်နက်နဲ့ တိုက်။
• စာပေကို စာပေနဲ့ တိုက်။
• သာသနာကို သာသနာနဲ့ တိုက်။
• ဘုန်းကြီးကို ဘုန်းကြီးနဲ့ တိုက်။
• သံဃာကို သံဃာနဲ့ တိုက်။
• အရပ်ဘက် အဖွဲ့အစည်းကို အရပ်ဘက်အဖွဲ့အစည်းနဲ့ တိုက်။
• ပါတီကို ပါတီနဲ့ တိုက်။
ဆိုတဲ့ သွေးထိုး သပ်ရှို၊ ဝါဒဖြန့် စည်းရုံးပြီး ပျားရည်နဲ့ ဝမ်းချ ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ သိရှိပြီးဖြစ်ပါ လိမ့်မယ်။ စစ်အာဏာရှင် အုပ်စုတွေကို ကလန်ကဆန် လုပ်မယ့်သူတွေကို ဖိနှိပ်မယ်။ ညှင်းဆဲမယ်။ စစ်အာဏာ သိမ်းမှုကို ထောက်ခံတဲ့ အုပ်စုတွေကို ချီးမြှောက်မယ်။ ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေ ပေးမယ်။ စီးပွားရေး အခွင့်အလမ်းတွေ ပေးပြီး ဝေစားမျှစား လုပ်ကြမယ်။ ဒီလိုနည်းနဲ့ လူမျိုးစုတိုင်းရင်းသားတွေကြားမှာလည်း ရေပေါ်ဆီ၊ လူ့မလှိုင် ခရိုနီတိုင်းရင်းသားတွေ ပေါ်ထွက်လာအောင် လုပ်ပြီး ပြည်သူ့စစ် မဟာဗျူဟာနဲ့ ပြည်သူ ပြည်သူချင်း တိုက်ပေးတယ်။ တိုင်းရင်းသား - တိုင်းရင်းသားချင်း တိုက်ပေးတယ်။ ဒီနည်းနဲ့ အာဏာရှင်ဟာ သက်ဆိုးရှည်ခဲ့တယ်။ ဒါ့ကြောင့်လည်း မြန်မာပြည်ဟာ အခုထက်ထိ ဒီမိုကရေစီလည်း နောက်ကြောင်းပြန်ပြီး ဖက်ဒရယ်ဆိုတာလည်း မမျှော်လင့်နိုင်ဖြစ်ခဲ့တယ်။ တက်လာတဲ့ အရပ်သားအစိုးရကလည်း လူမျိုးစုတွေကို စုစည်း စည်းရုံးပြီး ဖက်ဒရယ်ကို သွားတဲ့နေရာမှာ အိပဲ့အိပဲ့နဲ့ သမားရိုးကျ နိုင်လွန်းခဲ့တယ်။ လှေကြီးထိုး ရိုးရိုး လမ်းစဉ်ကိုပဲ ကျင့်သုံးခဲ့တယ်။ ဒါ့ကြောင့်လည်း ဒီမိုကရေစီဟာ နောက်ကြောင်းပြန်ပြီး လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှခွင့်၊ တရားမျှတခွင့်တွေဟာ သင်းသတ်ခံရတော့မယ့် အခြေအနေကို ရောက်လာခဲ့ပြီ။
ဒီနေ့ ဒီအချိန်ဟာ အကဲဆတ်တဲ့ အချိန်။ ထိလွယ်ရှလွယ်ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ အကျပ်အတည်းကြားမှာ ရှင်သန်ရုန်းထွက်ရတဲ့ အချိန်လည်းဖြစ်ပါတယ်။ တခါတရံ အကျပ်အတည်းတွေဟာ အခွင့်အရေးတွေ ဖြစ်တတ် ပါတယ်။
တောင်တန်းနဲ့ မြေပြန့်မှာ ယခင်က လုံးဝ မကြုံဖူးတဲ့ ပုံစံမျိုးနဲ့ အာဏာ ဖီဆန်မှု အထွေထွေဟာ ဒီရေအလား တိုးလို့လာနေပါတယ်။ ဒါဟာ မြန်မာပြည်အတွက် အခွင့်ကောင်းလည်းဖြစ်နိုင်ပါတယ်။ ဘယ်သောအခါကမှ တစ်နိုင်ငံလုံးရဲ့ လူထုအားကို အုံလိုက်ကျင်းလိုက် ပါဝင်လာဖို့ မမျှော်လင့်နိုင်တဲ့အခြေအနေဟာ ဒီနေ့ ရောက်ရှိ လာပါပြီ။ မြန်မာပြည်ရဲ့ တိုင်းနဲ့ ပြည်နယ် အနှံ့မှာ အုံလိုက်ကျင်းလိုက် လူထုလှုပ်ရှားမှုတွေကို တွေ့ရပြီးဖြစ်ပါ လိမ့်မယ်။ ဒီအခွင့်အရေးဟာ နှစ်ခါ မရပါ။
ယခု စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံအတွက် ၂၁ ရာစုအတွင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှုကို လက်ခံပေးလိုက်ရင် ယခင်နည်းအတိုင်းပဲ စစ်ဘေးဒုက္ခသည်တွေနဲ့ လူမျိုးစုဒေသတွေဟာ ထပ်မံ ပြည့်နှက်နေ အုံးမှာ ဖြစ်ပါတယ်။ လောလောဆယ် ပြည်ပနဲ့ မြို့ကြီးတွေရဲ့ လူထုဆန္ဒပြ ဖီဆန်မှုတွေကြောင့် လူမျိုးစုတွေကို ဖိနှိပ် နှိပ်ကွပ်ရေးဟာ ခဏ ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ နောက်များမှာ တစ်ရစ်ချင်းစီ လှည့်လာမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကိုလည်း လူမျိုးစုခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလူမျိုးစု အားလုံး ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းနာ အမှားတွေကို နှစ်ခါ မမှားစေလိုပါ။
ဒီနေ့ ဒီအချိန်ဟာ လူမျိုးစု တိုင်းရင်းသားတွေ ဗဟိုချက်ထား ရည်မှန်းထားတဲ့ ဖက်ဒရယ်စနစ်ကို ပြည်နယ် အစိုးရ တွေရဲ့ အာဏာ အသာစီးရအောင် ကြိုးပမ်းရမယ့် အချိန်ဖြစ်ပါတယ်။ ပြည်မမှာ ဘာဖြစ်နေတယ်ဆိုတာ စောင့်ကြည့်ရမယ့် အချိန် မဟုတ်ပါ။ တော်လှန်ရေးဒီရေဟာ နှစ်ခါ တက်လာရိုး ထုံးစံ မရှိပါ။ လူထုထောက်ခံနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း အခုအချိန်မှာ နိုင်ငံရေးအင်အား ယုတ်လျော့နေ ချိန်ဖြစ်တာတစ်ကြောင်း၊ စစ်အာဏာသိမ်း အုပ်စုဟာ တရားဝင်မှုဖြစ်ဖို့ တိုင်းပြည် သူတို့လက်ထဲ ဖိဖိစီးစီးရောက်ဖို့ လုံးပမ်းနေတာ တစ်ကြောင်း။ ဒီအကြောင်း နှစ်ရပ်ကြောင်း နှစ်ဖက်စလုံးမှာ အင်အား ယုတ်လျော့နေပြီးဖြစ်ပါတယ်။ လူမျိုးစုခေါင်းဆောင်တွေရဲ့ စုပေါင်းအင်အားနဲ့ ဖက်ဒရယ်စနစ်ကို အကောင်းမွန်ဆုံး ဖန်တီးလုပ်ဆောင်နိုင်ဖို့ဟာ ဒီနေ့ ဒီအချိန်က လွဲလို့ တခြားမရှိနိုင်ပါဘူး။
အကြောင်းကတော့….
• လူမျိုးစုခေါင်းဆောင်နဲ့ တိုင်းရင်းသားတွေဆီမှာ ….
• လက်နက်ကိုင်အုပ်စုတွေ ရှိတယ်။
• လူမျိုးစု နိုင်ငံရေးပါတီ အသီးသီးရှိပါတယ်။
• လူမျိုးစုတွေရဲ့ တန်းတူညီမျှရေးနဲ့ လူ့အခွင့်အရေးအတွက် ကူညီနေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ မြောက်မြားစွာ ရှိနေပြီးဖြစ်ပါတယ်။
• ဒါတင်မကသေးပါဘူး။
• ပြည်ပရောက် လူမျိုးစုပညာတတ်တွေ၊ တိုင်းရင်းသားပညာတတ်တွေရဲ့ ပညာအင်အား၊ ဓနအင်အားကလည်း အမြောက်အမြား ရှိနေပြီးဖြစ်ပါတယ်။
• ဒါတွေဟာ ပြည်သူ့အားတွေ ဖြစ်ပါတယ်။
• လူမျိုးစုတွေရဲ့ အားဖြစ်သလို၊ မြန်မာနိုင်ငံသား အားလုံးအတွက် အားတွေ ဖြစ်ပါတယ်။
• ဒါတွေကို ဒီအချိန်ကောင်းမှာ စုပေါင်း အသုံးချဖို့ဖြစ်ပါတယ်။
• ဒီမိုကရေစီဆိုထက် ဖက်ဒရယ်ကို သွားကြပါစို့။
• ဖက်ဒရယ်ကို သွားပြီးဖြစ်မယ်ဆိုရင် ဒီမိုကရေစီဆိုတာ ကျွဲကူးရေပါ ဖြစ်ပါလိမ့်မယ်။
• အမှန်တကယ် ဖက်ဒရယ်စနစ်ကို လိုလားရိုးမှန်ရင် ဒီနေ့ ဒီအချိန်ဟာ အနာဂတ်မှာ ဖြစ်ချင်တာအားလုံး ဖြစ်လာနိုင်မယ့် အချိန်ကောင်းဖြစ်ပါတယ်။ လျော့ရဲနေတဲ့ အချိန်အခါဟာ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်းဆုံး အရွေ့အဖြစ် ပုံဖော်လို့ အကောင်းဆုံး အချိန်ဖြစ်ပါလိမ့်မယ်။ တည်ငြိမ်နေတဲ့အချိန်မှာ တင်းမာမှုတွေ ရှိနေတတ်လို့ လိုရာ မရောက်နိုင်ခဲ့ပါ။
• ဒီမိုကရေစီကိုသာ မတွန်း၊ ဖက်ဒရယ်ကိုပါ တွန်းမှ ရမယ်လို့ ကျနော်တို့ ယူဆလက်ခံပါတယ်။
• ဒါ့ကြောင့် ဖက်ဒရယ် ကြွေးကြော်သံဟာ အခုအချိန်မှာ စုစုစည်းစည်းနဲ့ အကျယ်လောင်ဆုံး ထွက်လာရမယ့် အချိန်ရောက်ပြီဖြစ်ကြောင်း အသိပေး တိုက်တွန်းလိုက်ရပါတယ်။
• ဖက်ဒရယ်ကို သွားတဲ့နေရာမှာလည်း စစ်အုပ်စုက ပေးတဲ့ ဖက်ဒရယ်မျိုး လုံးဝ လက်ခံလို့ မရနိုင်ကြောင်း၊ “စတာလင်မူ” ကဲ့သို့သော ဖက်ဒရယ်မျိုး မဖြစ်စေသင့်ကြောင်း လက်တို့ လိုက်ရပါတယ်။
• ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဟာ ဒီနေ့အတွက် အကောင်းဆုံး အရွေ့ဖြစ်ပါလိမ့်မယ်။
မင်းသေ့
ဖေဖော်ဝါရီ (၁၃) ၊ ၂၀၂၁။
စစ်အာဏာသိမ်းမှု (၁၃) ရက်မြောက်နေ့။
PDF Download >>>>
စာသား ရဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်ပါတယ်
သင်၊ Soesoe Oo နှင့် အခြား ၂ ဦး
မျှဝေမှု ၁ခု
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...