Skip to main content

Posts

Showing posts with the label ၄၃၆

လက်ရှိ တရားစီရင်ရေးစနစ်ဖြင့် ဒီမိုကရေစီဖော်ဆောင်ရန် ခက်ခဲနိုင်

4 December 2011 အစိုးရအဖွဲ့သစ်ပြောင်းလဲပြီး ဖြစ်သော်လည်း လက်ရှိတရားစီရင်ရေးစနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းအချို့နှင့် တရားရေးဝန်ထမ်းအချို့၏ လုပ်ဆောင်မှုဆုံးဖြတ်မှုအချို့မှာမူ ဒီမိုကရေစီဖော်ဆောင်နိုင်သည့် အခြေအနေတွင် မရှိနိုင်ကြောင်း အမှုသည်များ၊ ရှေ့နေများထံမှ သိရသည်။ "တရားစီရင်ရေးမဏ္ဍိုင် မတိမ်းစောင်းစေဖို့ ဆိုတဲ့နေရာမှာ အဓိကအားဖြင့်တော့ တရားသူကြီးတွေပေါ်ပဲ မူတည်တာတော့ မဟုတ်ပါဘူး။ ဒီတရားစီရင်ရေး အ၀န်းအ၀ိုင်းကြီးထဲမှာ ပါဝင်ပတ်သက်နေသူတွေ ကိုယ်တိုင်လည်းပဲ ၀ိုင်းဝန်းထိန်းကျောင်းကြရမယ်လို့ ပြောရမှာပါ။ အမှုသည်တိုင်းကတော့ အမှုနိုင်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ လာဘ်လာဘ လမ်းကြောင်းဆိုတာကြီးပေါ် တက်သွားပါပြီ။ ရှေ့နေတွေကလည်း သူ့အမှုသည်ကို နိုင်စေချင်တာပါပဲ။ ဒီမှာလည်း အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လာဘ်လာဘလမ်းကြောင်းကို သွားနေမှာပါပဲ။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း အမှုတိုင်းကို လာဘ်လာဘထက်ဆိုးတဲ့ အဂတိတရား လမ်းကြောင်းပေါ်ကို ရောက်သွားတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုမျိုးဆိုရင် ဒီတရားစီရင်ရေးမဏ္ဍိုင်ဟာ တိမ်းစောင်းသွားမယ့် အခြေအနေဖြစ်...
ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြု လက်မှတ်ပေါင်း ၁၀ သန်း နီးပါးရပြီလို့ NLD ပြောကြား ဇူလိုင် ၂၃    အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြုကြတဲ့ပြည်သူ လူထုလက်မှတ်ပေါင်း ၁၀ သန်းနီးပါးရရှိမယ်လို့  ခန့်မှန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။ အခုချိန်မှာတော့ တစ်နိုင်ငံလုံးရရှိတဲ့
အန်အယ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု ပြီးဆုံး ဇူလိုင် ၂၀  ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ထိုးလှုပ်ရှားမှု ပြီးဆုံးတဲ့ ဇူလိုင်လ ၁၉ ရက်မှာ အန်အယ်ဒီပါတီအနေနဲ့ တတိုင်းပြည်လုံးရှိ မြို့ကြီး ၁၇ မြို့မှာ ဟောပြောစည်းရုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။
ပုဒ်မ ၄၃၆ ပြင်ရေး လွှတ်တော် လိုက်လျောဖို့ လိုအပ်ကြောင်း ကိုမင်းကိုနိုင် ပြောကြား ဇူလိုင် ၁၈    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြည်သူတွေ လက်မှတ်ရေးထိုးဆန္ဒပြုထားတာတွေကို လွှတ်တော်က အကောင်းဆုံးပုံစံနဲ့ လိုက်လျောပေးရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက် ပါတယ်။
ခြေဥပြင်ရေး ထောက်ခံလက်မှတ် ၃ သန်းကျော်ပြီလို့ NLD ပြော ဇူလိုင် ၁၅ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ သဘောထား လက်မှတ်တွေ ကောက်ယူ စုဆောင်းနေတာမှာ လက်မှတ်ပေါင်း ၃ သန်းကျော် ရသွားပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောပါတယ်။ တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့
တစညရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပ ဒု ဇူလိုင် ၁၄ ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့  အမွေးခံ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို သဘောတူကြောင်း။ ဒီပုဒ်မပါ လူထုဆန္ဒခံယူပြီး ပြင်ဆင်ရမယ်ဆိုတဲ့အချက်ကိုလည်း လက်ခံကြောင်း