လှပတဲ့ကျနော်တို့နိုင်ငံကနေ အားလုံးကို ဖိတ်ခေါ်ပါတယ်။ သို့သော်လည်း ဘာသာရေးကို အသုံးချနေတဲ့သူတွေ၊ နိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းအောင် လုပ်ဆောင်နေသူတွေ ရှိပါတယ်။ ကျနော်တို့သိထားရမှာက ဒါဟာ အနည်းစုပါ။ ဒီနိုင်ငံမှာ ဘာသာရေးနဲ့အမျိုးသားရေးက အသုံးချခံနေရတယ်။ ရှင်းရှင်းပြောရရင်တော့ နိုင်ငံရေးအကြံအစည်တွေပါပဲ။ ရခိုင်မှာဖြစ်သွားတဲ့ကိစ္စတွေက တကယ့်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒီအကျပ်အတည်းက ရုန်းထွက်နိုင်မယ့်နည်းလမ်းလည်း ရှာဖွေနေပါတယ်။ သို့သော်လည်း လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မရပါဘူး။"