မရမ်းကုန်းမြို့နယ်တရားရုံးတွင်အမှုဖွင့်မှုကိုလက်မခံသဖြင့်ကျောက်တံတားမြို့နယ်တရားရုံးမှာယနေ့ထပ်မံအမှု ဖွင့်မည် =========

သီဟအောင်၊ ဆုဆုတေဇ
တမန်တော်မိုဟာမက်အား ပုတ်ခတ်ပြောသည်ဟုဆိုကာ ဘူးလက် ဦးလှဆွေကို အစ္စလာမ် ဘာသာရေးဆရာ တစ်ဦးမှ မရမ်းကုန်းမြို့နယ် တရားရုံးတွင် အမှုဖွင့်မှုကို လက်မခံသဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ ယနေ့ (သြဂုတ် ၇ ရက်) တွင် အမှုဖွင့်မည်ဖြစ်ကြောင်း သိရသည်။
တမန်တော်မိုဟာမက်အား ပုတ်ခတ်ပြောသည်ဟုဆိုကာ ဘူးလက် ဦးလှဆွေကို အစ္စလာမ် ဘာသာရေးဆရာ တစ်ဦးမှ မရမ်းကုန်းမြို့နယ် တရားရုံးတွင် အမှုဖွင့်မှုကို လက်မခံသဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ ယနေ့ (သြဂုတ် ၇ ရက်) တွင် အမှုဖွင့်မည်ဖြစ်ကြောင်း သိရသည်။
ဘူးလက်ဦးလှဆွေမှာ သြဂုတ် ၃ ရက်က ပြုလုပ်သည့် အမေရိကန်နိုင်ငံမှ မြန်မာတပ်မတော် အရာရှိများကို အရေးယူ ပိတ်ဆို့ခြင်းအား ကန့်ကွက်ရှုတ်ချပွဲတွင် အစ္စလာမ်ဘာသာမှ တမန်တော်အား စော်ကားပုတ်ခတ် ပြောဆိုသည် ဟုဆိုကာ သြဂုတ် ၆ ရက်တွင် မရမ်းကုန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့သော်လည်း တရားရုံးမှ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့သည့် ကျောက်တံတား တရားရုံးတွင်သာ လျှောက်ထားရန် ညွှန်ကြားခဲ့ကြောင်း တရားလို ဦးစန်းအောင်ထံမှ သိရသည်။
“တရားစွဲဆိုရတာက သြဂုတ် ၃ ရက်က မြန်မာနိုင်ငံ စစ်ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့အရေးယူတာနဲ့ ပတ်သက်ပြီးတော့ ရှုတ်ချပွဲဆိုပြီးတော့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံရှေ့မှာ အစုအဖွဲ့တစ်ခုက ဆန့်ကျင်ရှုတ်ချပွဲဆိုပြီး လုပ်ကြတယ်။ အဲဒီမှာသုံးသွားတဲ့ စကားလုံးတစ်ခုက တမန်တော်မိုဟာမက်သာ အခုချိန်ရှိခဲ့မယ်ဆိုရင် အမေရိကန်သံရုံးကို အကြမ်းဖက်ဗုံးခွဲမယ်ဆိုတဲ့ စကားရပ်က ဘာသာတစ်ခုကို စော်ကားတယ်လို့ ကမ္ဘာမှာ ဒုတိယအများဆုံး လူဦးရေ ရှိနေတဲ့ ဘာသာတစ်ခုကို စော်ကားလိုက်တယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ တည်ဆဲဥပဒေ အရလည်း ဒီဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ နောက်တစ်ချက်က အရေးကြီးတာက ဒီလိုလုပ်တာ သက်ဆိုင်ရာ ရဲစခန်းမှာ သူတို့ ငြိမ်းစုစီတင်တယ်။ ဒီစာသားတွေပါမယ်ဆိုရင် နယ်လုံက ခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်တော့်အမြင်အရတော့ သူတို့တင်တဲ့ထဲမှာ ဒီစကားတွေပါမှာ မဟုတ်ဘဲ အပိုတွေ။ ကျွန်တော် သိသလောက်က ဒီဆိုင်းဘုတ်တွေမှာ အပိုစကားတောင် ပါလို့မရဘူး။ လူဦးရေ အတိအကျတင်ရတာ။ ဥပဒေမှာ ဒီတိုင်းပဲရှိတယ်။ငြိမ်းစုစီဘက်က ကြည့်ရင်လည်း ဥပဒေ ချိုးဖောက်တယ်မြင်တယ်” ဟု တရားလို ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က ပြောကြားသည်။
ထို့ကြောင့် သြဂုတ် ၇ ရက်တွင် တရားလို ဦးစန်းအောင်က ကျောက်တံတားတရားရုံးသို့ ဦးတိုက်လျှောက်ထားမည် ဖြစ်သည်။
ဘူးလတ်ဦးလှဆွေအား တရားစွဲခြင်းမှာ ပုဂ္ဂိုလ်ရေးအရ တရားစွဲခြင်းဖြစ်ပြီး တရားရုံးသို့ ပုဒ်မ ၂၉၅ ဖြင့် ဦးတိုက်လျှောက်ထားကြောင်း တရားလိုထံမှ သိရသည်။
ယခင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဘူးလတ်ဦးလှဆွေအား သူရဦးရွှေမန်း၏ မော်တော်ယာဉ် မောင်းနှင်သူကလည်း နိုင်လွတ်လုံပုဒ်မ ၁၀ ဖြင့် နေပြည်တော်တွင် ဇူလိုင်လအတွင်းက အမှုဖွင့်ထားကြောင်း သိရသည်။
==========
Eleven Media Group
Comments
Post a Comment