"ငါတို့အားလုံးတခုထဲ" ================ ကင်မရာတွေရှေ့ ဗိုက်ဖုံးအင်္ကျီလှန်ပြလိုက်တာ အဲဒီမိန်းမရွယ်ရဲ့ ဗိုက်သားမဟုတ်ဖူး "အနာဂါတ်ကြီး"ဗျ နေ့စေ့ လစေ့ အနာဂါတ်ကြီး "မဖျက်ဆီးနဲ့ အညွှန့်မချိုးနဲ့ "လို့ ပြောနေတာ အိုက်တင်ကောင်းလို့ သရုပ်ဆောင်နေတာမဟုတ်ဘူး ပလက်ဖောင်းပေါ်လက်အုပ်ချီရင်း စီးကျလာတဲ့ မျက်ရည်တွေက စာနာဖို့ ဆင်ခြင်ဖို့ နံရံကို မှုတ်ဆေးနဲ့ လက်ဆော့နေတာမဟုတ်ဘူး ငယ်သူအိပ်မက် အပျက်မခံ ပန်းချီမှာ လွတ်လပ်ခြင်းရဲ့ ဒရမ်တွေ"ထမြည်"နေတာ အိုးခွက်ပန်းကန်တွေကို ထုရိုက်နေတာ မဟုတ်ဘူး ကျင့်ဝတ်မဲ့မကောင်းဆိုးရွားတွေကို မောင်းထုတ်နေတာ ဘဏ်ဖယ်ရီက သူ့ရှေ့လမ်းပေါ် ပစ်ခင်းချလိုက်တဲ့ နှလုံးသားတွေရှေ့ ကျွီ"ကနဲ ဘရိတ်အုပ်လိုက်တော့ အနင်းကျိတ်ခံဖို့ ရွေးထားတဲ့ လူသားစင်စစ် ဧကန်ဖြစ်တွေကိုတွေ့ရတယ် မီးပွိုင့်မှာ စက်သေကုန်တဲ့ကားတွေ ရှေ့ ရင်ကျပ်လာလို့ တုံးလုံးရပ်လိုက်ရတဲ့ လူသားတွေ အို...ကမ္ဘာကြီးရဲ့.... လေထဲဝဲပျံနေတဲ့ ဓါတ်ပုံတွေကြည့်လိုက်ပါ ယုံကြည်ရာပိုစတာကိုယ်စီနဲ့ လမ်းကူးလာတဲ့ လူအိုစုံတွဲလည်းပါတယ် သံပုံးတီးရင်း ငိုမဲ့မဲ့ အဒေါ်ကြီးလည...