Skip to main content

အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ဂါဝရပြုမည်၊ နှစ်ပေါင်း ၅ဝ ကျော်အတွင်း နိုင်ငံတော်သမ္မတ တဦးအနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ၂ ယောက်၊ ရပ်နေသော လူများ
အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ဂါဝရပြုမည်၊ နှစ်ပေါင်း ၅ဝ ကျော်အတွင်း နိုင်ငံတော်သမ္မတ တဦးအနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်
------ ------ ------ ----- -----
(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ဂါရဝ ပြုမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တဦးက News Watch သို့ အတည်ပြုပြောကြားသည်။ ယင်းမှာ နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း နိုင်ငံတော်သမ္မတတဦးအနေဖြင့် အာဇာနည်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ်တက်ရောက်ခြင်းလည်းဖြစ်သည်။
အာဇာနည်နေ့အခမ်းအနားများသို့ နိုင်ငံတော်သမ္မတတက်ရောက်ခဲ့မှု မှတ်တမ်းများအရ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ သမ္မတမန်းဝင်းမောင်၊ ၁၉၆၂၊ ၆၃၊ ၆၄ ခုနှစ်အထိ ဦးနေဝင်းတက်ရောက်ခဲ့သည်။
ယခုလက်ရှိ အရပ်သားအစိုးရလက်ထက်တွင် အာဇာနည်နေ့အခမ်းအနားသို့ သမ္မတတက်ရောက်ဂါဝရပြုခြင်းမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
''သမ္မတတက်မယ်ဆိုတော့ ကောင်းပါတယ်။ တကယ်ကောင်းတဲ့ အလုပ်ပါ။ အရင်တုန်းကတော့ သမ္မတကြီးမန်းဝင်းမောင်နဲ့ ဦးနေဝင်းကိုယ်တိုင်လာခဲ့တယ်။ အဲဒီတော့ နိုင်ငံအကြီးအကဲတွေလာတယ်ဆိုတော့ ကျွန်တော်တို့အတွက်ကတော့ ဂုဏ်ယူရတာပေါ့လေ။ နောက်တခုက ပြည်သူပြည်သားတွေကလည်း ကျေနပ်မှာပေါ့။ နိုင်ငံရဲ့ အကြီးဆုံးကလာပြီးတော့ ဂါဝရပြုတယ်ဆိုတော့ ပြည်သူပြည်သားတွေကလည်း ကြည်နူးဝမ်းသာကြမှာပါ'' ဟု အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်၏သားအကြီးဆုံးဖြစ်သူ ဦးတင်မြင့်က ပြောသည်။
အာဇာနည်နေ့အခမ်းအနားများသို့ သမ္မတဦးစန်းယုလက်ထက်တွင်လည်း ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးက နိုင်ငံအကြီးအကဲကိုယ်စား တက်ရောက်ခဲ့သည်။
''ဒီလိုတက်ရောက်တာ မိသားစုဝင်တွေအနေနဲ့ ဝမ်းသာပါတယ်။ နောက်ပြီးတော့ ဒီလိုစိတ်မကောင်းနေတဲ့၊ ကြေကွဲနေတဲ့နေ့တွေမှာ သမ္မတကိုယ်တိုင်တက်ရောက်ပြီး နှစ်သိမ့်စကားပြောရင် မိသားစုဝင်တွေ အရမ်းဝမ်းသာပါတယ်။ ၁၈ ရက်နေ့လို အာဇာနည်နေ့နီးလာပြီဆိုရင် ဆရာ့အမေ ဒေါ်သိန်းကြွယ်က တနေ့လုံး မျက်ရည်ကျတယ်။ မနေ့ကညဆိုရင် အိပ်မပျော်ဘူး။ ၁၈ ရက်နေ့ဆိုရင် ပိုဆိုးတယ်။ တညလုံးနီးပါးလောက်ကို အိပ်ရင်ခဏပဲ။ ဆရာကတော့ အမေ့ကို ဘယ်လိုနှစ်သိမ့်ရလဲဆိုတော့ မနက်ဖြန် အာဇာနည်ကုန်း အဖေ့ဆီကိုသွားမယ် အိပ်တော့ဆိုမှအိပ်တာ။ အခုနိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကိုယ်တိုင်လာမယ်ဆိုရင် အဓိကကတော့ ဆရာ့အမေကို သူတို့ စကားလာပြောမှာပေါ့။ အမေကတော့ ခံစားရမှာပေါ့။ ဒီလိုဝမ်းနည်းနေတဲ့နေ့မှာ သမ္မတကိုယ်တိုင် အားပေးစကားပြောမယ်ဆိုရင် အတိုင်းထက်အလွန် အားရှိတာပေါ့''ဟု အာဇာနည်ခေါင်းဆောင်ကြီးအတွင်းဝန်ဦးအုံးမောင်၏ သားအငယ်ဆုံးဖြစ်သူ ဒေါက်တာမင်းမြင့်က ပြောသည်။
ယခင် သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းကာလတွင် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်အကြီး အကဲအနေဖြင့် ဒုတိယသမ္မတသာတက်ရောက်ခဲ့ပြီး သမ္မတအနေဖြင့် တက်ရောက်ဂါဝရပြုခြင်းမရှိပေ။
လက်ရှိ NLD အစိုးရသစ်လက်ထက် ၂ဝ၁၆ ခုနှစ်တွင်ပြုလုပ်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ဂါဝရပြုခဲ့သည်။
ယင်းသို့ အာဇာနည်နေ့အခမ်းအနား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဂါဝရပြုခြင်းသည် ၎င်းတာဝန် ထမ်းဆောင်နေသည့်ကာလအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ပြီး တပ်မတော်၏ အဆင့်မြင့်ဆုံးခေါင်းဆောင်တဦး နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၇၊ ၂၀၁၈ ခုနှစ် အာဇာနည်နေ့အခမ်းအနားများသို့ ဆက်တိုက်တက်ရောက်ခဲ့ပြီး ယခုနှစ် ၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းအောင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...