
ဦးဆောင်မှုနှင့်ပတ်သက်၍ ပါတီတွင်း အငြင်းပွားမှု ရှိနေခြင်း၊ ပါတီရန်ပုံငွေများကို ဥပဒေနှင့်အညီ စနစ်တကျ ပြုစု မထားခြင်း စသည်တို့ကြောင့် ပါတီ ငါးခုကို ယာယီရပ်ဆိုင်းထားကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က 7Day Daily သတင်းစာအား ပြောသည်။
ယာယီရပ်ဆိုင်းခံထားရသည့် ပါတီများကို ပါတီတွင်း အငြင်းပွားမှုရှိနေသည့် ပါတီဖြစ်ပါက သတ်မှတ်ကာလအတွင်း အငြင်းပွားမှုဖြေရှင်းရန်၊ ပါတီရန်ပုံငွေများ စနစ်တကျ ပြုစုထားခြင်း မရှိသော ပါတီဖြစ်ပါက သတ်မှတ်ကာလအတွင်း ပါတီရန်ပုံငွေစာရင်းများ ရေးဆွဲတင်ပြရန် အသီးသီးညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။
ရပ်ဆိုင်းခံထားရသည့် ပါတီများသည် သတ်မှတ်ကာလအတွင်း ကော်မရှင်ညွှန်ကြားချက်ပါ အမှုကိစ္စများ ဖြေရှင်းရန်မှ အပ ပါတီစည်းရုံးရေးအပါအဝင် အခြားမည်သည့်လုပ်ဆောင်ချက်ကိုမျှ ဆောင်ရွက်ခွင့်မရှိကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။
ရပ်ဆိုင်းခံထားရသည့် ပါတီများသည် သတ်မှတ်ကာလအတွင်း ကော်မရှင်ညွှန်ကြားချက်ပါ အမှုကိစ္စများ ဖြေရှင်းရန်မှ အပ ပါတီစည်းရုံးရေးအပါအဝင် အခြားမည်သည့်လုပ်ဆောင်ချက်ကိုမျှ ဆောင်ရွက်ခွင့်မရှိကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။
ယာယီရပ်ဆိုင်းခံထားရသည့် ပါတီများမှာ
(၁) ပြည်သူ့ဒီမိုကရေစီပါတီ
(၂) အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
(၃) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
(၄) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
(၅) မဟာမိတ် တောင်သူလယ်သမားပါတီ တို့ ဖြစ်သည်။
(၂) အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
(၃) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
(၄) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
(၅) မဟာမိတ် တောင်သူလယ်သမားပါတီ တို့ ဖြစ်သည်။
ပါတီတွင်း ဦးဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ အငြင်းပွားမှုရှိနေသည့် ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီတို့ကို သုံးနှစ်၊ မဟာမိတ် တောင်သူလယ်သမားပါတီကို ခြောက်လအတွင်း ပြန်လည်ဖြေရှင်းတင်ပြရန် ကော်မရှင်က ညွှန် ကြားထားသည်။
ထို့အတူ ပါတီရန်ပုံငွေစာရင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိမှုဖြင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီတို့ကို ကော်မရှင်က သုံးနှစ် ယာယီရပ်ဆိုင်းထားသည်။
ပါတီတစ်ခုသည် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်မှုမရှိကြောင်း စိစစ်တွေ့ရှိပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင်ပြီး ရပ်ဆိုင်းကာလအတွင်း ညွှန်ကြား ချက်ကို ဆောင်ရွက်မှုမရှိပါက ယင်းပါတီ ဖျက်သိမ်းရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ဖော်ပြထားသည်။
လက်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သက်တမ်းအတွင်း ယာယီရပ်ဆိုင်းခံရသည့် ပါတီစုစုပေါင်း ခြောက်ခုရှိသော်လည်း မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ညွှန်ကြားချက်နှင့်ဆောင်ရွက်ကာ တင်ပြလာ၍ ပါတီလုပ်ငန်းများ ဆောင်ရွက်ရန် ဇူလိုင်အတွင်း ပြန်လည်ခွင့်ပြုခဲ့သည်။
Ref; 7Day News
Comments
Post a Comment