Skip to main content

ဗဟိုဝန်ထမ်း တက္ကသိုလ် ကျောင်းကိစ္စ ပြည်သူသိမှာ ဘာကြောင့် ကြောက်နေသလဲ ဟု မေးခွန်းထုတ် ဗဟိုဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီး ဖေါင်ကြီး


Ashin Panna Vara ၏ ဓာတ်ပုံ
ဒီဇင်ဘာ (၂၁)၊ ၂၀၁၈၊ ရန်ကုန်
The Nyang News
ပြည်ထောင်စုရာထူးဝန် အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ် အတွင်း ဖြစ်ပျက်နေမှု များနှင့် ပတ်သက်ပြီး ပြည်သူ သိမည်ကို အဘယ်ကြောင့် ကြောက်နေသလဲဟု မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက မေးခွန်း ထုတ်လိုက်သည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သင်တန်း တွင် သင်ကြားသည့် ပုံစံများသည် စစ်တပ်ပုံစံ ဆန်ကြောင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး မရ ရှိခြင်းမှာ NLD အစိုးရ
စေတနာ မရှိ၍ ဖြစ်ကြောင်း သင်ကြားမှုများ ရှိသည်ဟု ဆိုကာ လူမှုကွန်ရက်တွင် အပိုင်း (၃) ပိုင်းခွဲကာ ရေးသားခဲ့သည့် ဒေါက်တာစိုးသူရဇော် (ပြည်သူ့ကျန်းမားရေး) ကို ဌာနအတွင်း ခုံရုံးဖွဲ့စစ်ဆေးမည့် ကိစ္စအပေါ် မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။
"ဒီကိစ္စ မျက်ခြေ မပြတ် လေ့လာနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့နှစ်ဖွဲ့ ရှိတယ်။ပြည်ထောင်စု ရာထူးဝန် အဖွဲ့ရယ်၊ သူ့ကျန်မာရေးဝန်ကြီး ဌာနရယ်။ဒီသင်တန်းကျောင်းက ဒီထဲမှာ ဒီလိုတွေ ဖြစ်တာကို ပြည်သူတွေ သိမှာ ဘာကြောင့် ကြောက်နေရသလဲ ဆိုတာ မေးခွန်းမေးဖို့ ဖြစ်လာတယ်။ ဒီကိစ္စကို ဘယ်လို ဆက်လက် ဆောင်ရွက်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော့်မေးခွန်းက လွှတ်တော်မှာ လာမှာဖြစ်တဲ့ အတွက် ဒါက အဲဒီ အခြေအနေ အတိုင်း သွားပါမယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မျှတမှု ရှိစေရန်အတွက် စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ဦးမျိုးဝင်းက ငြမ်းမီဒီယာသို့ ပြောသည်။
"ဒီသင်တန်းကို ဆရာဝန်တွေ အနေနဲ့ တက်ရတဲ့ အချိန်မှာ
ဒီဆရာဝန်တွေသည် ဝန်ထမ်းတွေလည်း မဖြစ်သေးဘူး။ ပြန်တမ်းဝင် အရာရှိတွေလည်း မဟုတ်သေးဘူး။ ဒီအချိန်မှာ သူ့တွေ့ရှိချက်ကို သူရေးတယ်။ ရေးတဲ့ အပေါ်မှာ ခုတော့ ဖြစ်နေ ပြီပေါ့။ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လို အရေးယူမလဲ။ ဟုတ်ပြီ ဒီဝန်ထမ်းသည် ဒီတွေ့ရှိချက်ကို တွေ့ရှိချက်အတိုင်း ရေးတာကို ရေးလို့ ဒီဘက်ကို အရေးယူရင် တစ်ဘက်က သင်တန်းဆရာတွေသည် သူ့ရေးသားချက်ထဲမှာ ပါတဲ့အတိုင်း ပြောဆိုသင်ကြားခဲ့တာ ဟုတ်/မဟုတ် ကိုလည်း သက်ဆိုင်ရာ ရာထူးဝန်အဖွဲ့က စစ်ဆေးရမယ့် တာဝန် ရှိတယ်။ အဲဒီအပိုင်းကို မလုပ်ဘူး ဆိုရင်တော့ လွှတ်တော် ကနေ ရာထူးဝန်အဖွဲ့ကို ခေါ်ပြီး မေးရမှာပဲ" ဟု ဦးမျိုးဝင်း က ငြမ်းမီဒီယာသို့ ပြောသည်။
ထို့အပြင် ဗဟိုဝန်ထမ်း တက္ကသိုလ်၏ ခေတ်အဆက်ဆက်က သင်ကြားလာသော သင်ရိုးညွှန်းတမ်းများ၊ အတွေးအခေါ်များကိုလည်း ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံတကာ အဆင့်အတန်း မီသည့် အနေအထားမျိုး ဖြစ်အောင် ပြုပြုပြောင်းလဲရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် က ဆက်ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး NLD အစိုးရအပေါ် ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်ကြားသူ၏ စွပ်စွဲပြောဆိုမှုကို NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွှန့်က "ဒီကိစ္စကို ပါတီအနေနဲ့က သီခြား မတောင်းဆိုတော့ပါဘူး။ ကျွန်တော်တို့ပါတီက တာဝန်ပေးထားတဲ့ အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြုရေးပိုင်းကလူတွေကပဲ သူတို့အလုပ်ကို သူတို့ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်" ဟု ငြမ်း မီဒီယာသို့ ပြောသည်။
ဒေါက်တာစိုးသူရဇော်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဌာနတွင်းခုံရုံးဖွဲ့ စစ်ဆေးမှုအား ကန့်ကွက်ရှုတ်ချကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) သမဂ္ဂက ကြေညာချက် ထုတ်ပြန် ထားသည်။
ဓာတ်ပုံ - Union Civil Service Board Myanmar
ဗဟိုဝန်ထမ်းတက္ကသိုလ်( အထက်မြန်မာပြည်) တွင်ပြုလုပ်သည့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း တစ်ခု
#ငြမ်းမီဒီယာ #thenyangnews #ဗဟိုဝန်ထမ်းတက္ကသိုလ် #လွှတ်တော်ကိုယ်စားလှယ် #ပြည်သူ #ဒေါက်တာစိုးသူရဇော်
Via- Aung Kyaw Moe

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...