Skip to main content

ရှေ့နေဦးကြီးမြင့်ပါ ၃ ဦးကို တပ်မတော် တရားစွဲဆို



ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ကော့သောင်း မြို့နယ်တရားရုံးမှာ တပ်မတော်က တရားစွဲ ဆိုလိုက်တယ်လို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့မေလအတွင်းက တနင်္သာရီတိုင်းမှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံကြိုဆိုပွဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ပြောဆိုခဲ့တာတွေကြောင့်ဆိုကာ ကော့သောင်းမြို့နယ် ခမောက်ကြီး တပ်နယ်က ဒုဗိုလ်မှူးကြီး ဇော်ဇော်က ကော့သောင်းတရားရုံးကို ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ပြီး တရားရုံးက အမှုကို အောက်တိုဘာ ၃၁ ရက်နေ့မှာ လက်ခံခဲ့ပါတယ်။
“အဲ့ဒီပွဲမှာ ဘာကိုမှ လွန်လွန်ကျူးကျူး မပြောခဲ့ဘူး။ ပြီးတော့ အဲ့ဒီပွဲက အာဏာရပါတီက လုပ်တဲ့ပွဲမှာ မိနစ် ၂၀ လောက်ကိုပဲ ဟောပြောခဲ့တာ၊  ပြောတဲ့အကြောင်းကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူတွေက ဘယ်လိုတွေ ဆွဲခဲ့တယ်၊ ပြည်သူကို ကိုယ်စားမပြုခဲ့ဘူး၊ ဒါ့ကြောင့်ပြည်သူကို ကိုယ်စားပြုတဲ့ အခြေခံဥပဒေကို ပြန်ဆွဲရမယ်၊ လက်ရှိ တပ်မတော်ကို ထိခိုက်စေတာ ဘာတခုမှ မပြောခဲ့ဘူး၊ ပုဂ္ဂိုလ်ရေး နာမည်လည်း တပ်မပြောခဲ့ဘူး” လို့ ဦးကြီးမြင့်က ပြောပါတယ်။
ဒါ့အပြင် အခုလို တပ်မတော်က တရားစွဲဆိုမှုဟာ ဥပဒေပါ အခွင့်အရေးမရဘဲ နစ်နာမှုတွေ များစွာ ရှိနေတယ်လို့ ဦးကြီးမြင့်က ဆက်ပြောပါတယ်။
“ဒီလိုအမှုမျိုးကို တရားရုံးကို ဦးတိုက်လျောက်ရင် တရားရုံးက တန်းလက်မခံရဘူး။ တဖက်စွပ်စွဲခံရတဲ့သူတွေကို ဆက်သွယ်ပြီး ဖြေရှင်းချက်တောင်းရတယ် ပြီးတော့မှ နှစ်ဖက်ကို စဉ်းစားပြီးတော့မှ လက်ခံ မခံကို ဆုံးဖြတ်ရတာ ခုက တရားရုံးက ဒီဘက်ကို ဘာမှမပြောပဲ တန်းပြီး အမှုကိုလက်ခံလိုက်တော့ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂အရ ဥပဒေပါ အခွင့်အရေးမရဘူး ဖြစ်နေတယ်လို့” ဆိုပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ပြီး အာမခံမရတဲ့ပုဒ်မပါ။ တရားစွဲဆိုခံထားရတဲ့ ၃ ဦးထဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတော့ လက်တလောမှာ တပ်မတော်ရဲ့တရားစွဲဆိုထားမှုကြောင့်ပဲ ထောင်ဒဏ်ချခံနေရ ပါတယ်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...