မြန်မာ - ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးသယ်သည့် မြန်မာနှင့်ထိုင်းပူးပေါင်းအဖွဲ့မှ (၅၃)ဦးကို မူးယစ်ဆေး၊ လက်နက်များနှင့်အတူ UWSA တောင်ပိုင်းအဖွဲ့က ဖမ်းမိထား
UWSAအဖွဲ့ကဖမ်းပေးတာကြောင့်ပိုင်ရှင်မဲ့မဟုတ်တော့ဘူးလေ.....
မြန်မာ - ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးသယ်သည့် မြန်မာနှင့်ထိုင်းပူးပေါင်းအဖွဲ့မှ (၅၃)ဦးကို မူးယစ်ဆေး၊ လက်နက်များနှင့်အတူ UWSA တောင်ပိုင်းအဖွဲ့က ဖမ်းမိထား
https://www.tachileik.net/2019/08/uwsa.html
*********
https://www.tachileik.net/2019/08/uwsa.html
*********
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ လွယ်လျန်းဒေသကို ဖြတ်ကာ ထိုင်းဘက်သို့ မူးယစ်ဆေးသယ်လာသည့်အဖွဲ့အား UWSA “ဝ”တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ထိုင်းနိုင်ငံသား (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၃၉)ဦးကို မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။
“ သြဂုတ် (၂၆) ရက်နေ့ မနက်စောစောမှာ ထိုင်း (၁၄)ယောက်နဲ့ မြန်မာဘက်ခြမ်းက (၃၉)ယောက်ကို တောင်ပိုင်း “ဝ”ပြည်နယ် ၁၇၁ တပ်ဖွဲ့ကနေ ဖမ်းထားတယ်။ ဖမ်းမိတဲ့ပစ္စည်းတွေ မူးယစ်ဆေးနဲ့ လက်နက်တွေကို စိစစ်ဆဲဖြစ်ပါတယ်။ သူတို့က သွားလာနေကြလို့ သတင်းရတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေက စောင့်ဖမ်းတယ်။ သူတို့က တောလမ်း မှောင်ခိုလမ်းကနေ သွားတဲ့အဖွဲ့တွေဖြစ်တယ်”ဟု UWSA ၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၂၉)ရက်နေ့တွင် အတည်ပြုပြောကြားသည်။
မြန်မာနိုင်ငံဘက်ခြမ်း UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် လွယ်လျန်းဒေသမှ မှောင်ခိုလမ်းကြောင်းအတိုင်း နယ်စပ်ဖြတ်၍ မူးယစ်ဆေးသယ်သည့်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ နံနက်အစောပိုင်းတွင် UWSA တပ်ဖွဲ့က ဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး ထိုင်းနိုင်ငံ မယ့်အိုင်းဒေသဘက်သို့ပါ မူးယစ်ဆေးသယ်သူအချို့ ရောက်သွားပြီး ကျန်လူများကို UWSA က ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
“စိတ်ကြွဆေးပြား (၇)သန်းကနေ (၁၀)သန်းအထိ ပါသွားတယ်လို့ သိရတယ်။ သူတို့ပြန်ခေါက်လာချိန်မှာ ဒီဘက်က နည်းနည်းတော့ ဖမ်းမိတယ်။ အတော်များများကတော့ ထိုင်းဘက်ရောက်သွားပြီ။ လက်နက်တွေလည်း ကျွန်တော်တို့ ဖမ်းဆီးရမိထားတာရှိတယ်။ အကုန်လုံးကိုတော့ စစ်ဆေးဆဲဖြစ်လို့ အသေးစိတ်တော့ မသိရသေးဘူး”ဟု UWSA ၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့်အဖွဲ့တွင် မယ်ကျန့် - မဲ့ဆလောင်းလမ်းတွင် ဇူလိုင်လ (၂၄)ရက်နေ့က စိတ်ကြွဆေးပြား (၇)သန်းကျော် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ သတင်းဖေါ်ထုတ်ခဲ့သည့် မယ်ကျန်းဒေသမှ အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးအား သတ်ဖြတ်မှုဖြင့် အလိုရှိနေသူများလည်း ပါဝင်နေသည်ဟု ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။
UWSA “ဝ”တပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား (၁၄)ဦးမှာ ထိုင်းနိုင်ငံ တရားရုံးအသီးသီးမှ ဝရမ်းထုတ်ခံထားရသူများဖြစ်သဖြင့် ပြန်လည်လွှဲပြောင်းပေးရေးအတွက် ညှိနှိုင်းသွားမည်ဟု ထိုင်းသတင်းဌာ၏ ဖေါ်ပြချက်အရ သိရသည်။
UWSA က ဖမ်းဆီးမှုအတွင်း မော်တော်ယာဉ်နှစ်စီးနှင့် လက်နက်မျိုးစုံကိုပါ သိမ်းဆည်းရမိထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - MRG
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - MRG




Comments
Post a Comment