ဒီလောက်များတဲ့စိတ်ကြွဆေးတွေ ဘယ်သူသယ်လာတာတုံး သူဌေးကြီးလား သူဌေးလေးလား လူဆိုကြီးလား လူမိုက်ကြီးလား
Zin Myo Aung
ဒီလောက်များတဲ့စိတ်ကြွဆေးတွေ
ဘယ်သူသယ်လာတာတုံး
သူဌေးကြီးလား သူဌေးလေးလား
လူဆိုကြီးလား လူမိုက်ကြီးလား
=================
ဘယ်သူသယ်လာတာတုံး
သူဌေးကြီးလား သူဌေးလေးလား
လူဆိုကြီးလား လူမိုက်ကြီးလား
=================
မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းဝင်း အတွင်းမှ ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၂၃၃၀၈၀ ကို စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး ကွင်းဆက်သတင်းအရ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်းဦး ကြီးကြပ်သည့် ပူးပေါင်းအဖွဲ့သည် ညီချစ်ပိုင် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း ကျောက်ခွဲစက်ဝင်း အတွင်းရှိ အုတ်ပုံအား ရှာဖွေရာ အ၀ါရောင်ပီနန်အိတ် ၂၇ လုံးအတွင်း ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၆၂၃၃၀၈၀ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၂၄၆၆၁၆၀၀၀၀ (ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်း လေးထောင်ခြောက်ရာ ခြောက်ဆယ့် တစ်သိန်း ခြောက်သောင်း) ခန့်ရှိကြောင်း မောင်တော ခရိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#crd.အထူးဟစ်တိုင်



Comments
Post a Comment