အိန္ဒိယ သမုဒ္ဒရာအတွင်း မြန်မာ သင်္ဘောထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း အိန္ဒိယ ကမ်းခြေ စောင့် တပ်ဖွဲ့ သတင်းထုတ်ပြန်

အိန္ဒိယ သမုဒ္ဒရာအတွင်း မြန်မာကုန်စည် သင်္ဘောတစ်စီးထံမှ မူးယစ်ဆေးဝါး ၁၁၆၀ ကီလိုဂရမ်ဖမ်းဆီးရမိကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ (ICG) ကသတင်းထုတ်ပြန်လိုက်သည်။
မြန်မာကုန်စည်သင်္ဘောသည် အိန္ဒိယ မူးယစ်ဆေးဝါးကွန်ရက်များနှင့် ဆက်နွယ်ဖွယ်ရှိနေကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။ အိန္ဒိယ ကာနီကိုဘာ ကျွန်းအနီးတွင် မြန်မာ ကုန်စည်သင်္ဘောထံမှ ကက်သမင်း မူးယစ်ဆေးဝါး ၁၁၆၀ ကီလိုဂရမ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်ကုန်စည်သင်္ဘောပေါ်တွင် ပါသော သင်္ဘောသား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က “ ကမ်းခြေစောင့်တပ်ဖွဲ့ ရဲ့ ထောက်လှမ်းရေး လေယာဉ်တွေ ဟာ စက်တင်ဘာ ၁၈ ရက်က သမုဒ္ဒရာအတွင်း သံသယဖြစ်ဖွယ်ရှိတဲ့ သင်္ဘောကို တွေ့ရှိခဲ့တယ်။ မြန်မာသင်္ဘောကို ရပ်တန့်ဖို့ ပြောဆိုချိန်မှာ တုံ့ပြန်တာမျိုးမရှိခဲ့ဘူး၊ ဒါကြောင့် အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့က ရက်ဗီယာ သင်္ဘောဟာ မြန်မာကုန်စည်သင်္ဘောကို လိုက်ဖမ်းခဲ့ပါတယ်။ အိန္ဒိယ ကမ်းခြေစောင့်သင်္ဘောဟာ မြန်မာကုန်စည်သင်္ဘောနား ရောက်ရှိချိန်မှာ မြန်မာသင်္ဘောသားတွေ ဟာထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ“ ဟု သတင်းထုတ်ပြန်ထားသည်။
မြန်မာကုန်စည်သင်္ဘောပေါ်မှ အမေရိကန်ဒေါ်လာ ၄၂ သန်း ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
အဆိုပါ မြန်မာကုန်စည်သင်္ဘောသည် မြန်မာနိုင်ငံမှ စက်တင်ဘာ ၁၄ ရက်တွင် စတင်ထွက်ခွာပြီး ထိုင်း- မလေးရှားနယ်စပ် အနီးတွင် အခြားသင်္ဘောတစ်စီးထံ မူးယစ်ဆေးဝါးများ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖမ်းဆီးခံရသော မြန်မာ ကုန်စည်သင်္ဘောသားများကထွက်ဆိုထားကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကပြောသည်။
Ref - XYZ
ဓာတ်ပုံ - XYZ / သတင်း - ZMO
The Standard Time Daily
ဓာတ်ပုံ - XYZ / သတင်း - ZMO
The Standard Time Daily
ZN.H 🇦🇺
Credit...
Credit...
လေးစားစွာဖြင့်
Nay Lin
Nay Lin
Comments
Post a Comment