Skip to main content

နမ့်စန်တွင် ကျပ် ၁၀ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ တောခိုသွားသည်ဟု သတင်းများထွက်ပေါ်


ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို အချိန်မီ ထိန်းသိမ်းထားဟု တပ်မတော်ပြော
--------------------------------
နမ့်စန်မြို့နယ်တွင် ကျပ် ၁၀ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ တောခို သွားသည်ဟု သတင်းများ ထွက် ပေါ်နေပြီး ပြည်သူ့စစ်အချို့ကို ထိန်းသိမ်းစစ်ဆေးနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲကျေးရွာအနီး တွင် ကျပ် ၁၀ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ၊ လက်နက်ခဲယမ်းနှင့် မူးယစ် ဆေးဝါးချက်စခန်းအချို့ကို တပ် မတော်က ဩဂုတ် ၂၂ ရက်နှင့်၂၃ ရက်၌ ဖမ်းဆီးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နားပွဲဌာနေပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အပါအဝင် ၃၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးနေစဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ တောခိုသွား သည်ဟု ဒေသခံများကပြောပြီး တပ်မတော်ကလည်း ဟုတ်မှန် သည်ဟု ဆိုသည်။
‘‘တောထဲပြန်ဝင်သွားတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်လို့ ပြော တယ်။ သတင်းကတော့ အခိုင် အမာပေါ့။ အဲဒီလူတွေ (ပြည်သူ့ စစ်အဖွဲ့ဝင်များ) မရှိတော့ဘူး လေ’’ဟု နမ့်စန်မြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။
စိုင်းညွန့်ဆိုသော ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက ဦးဆောင် ၍ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄၀ ခန့် တောခိုသွားသည်ဟု သိရှိထား ကြောင်း မြို့ခံအချို့က ပြော သည်။
ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး က ‘‘ပြည်သူ့စစ်အဖွဲ့က ကျန်တဲ့သူတချို့ တောထဲပြန်ရောက်သွား တယ်လို့ ကြားတယ်’’ဟု ပြော သည်။
တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာ နားပွဲ ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်အချို့ တိမ်းရှောင်နေပြီး အချို့ကို အချိန် မီ ထိန်းသိမ်းနိုင်ခဲ့သည်ဟု ပြော သည်။
‘‘အချိန်မီတော့ ထိန်းသိမ်း လိုက်နိုင်တာ ရှိပါတယ်။ တချို့ လည်း ခရီးဝေးထွက်နေပြီး သတင်း(မူးယစ်ဆေးဝါးများနှင့် ပတ်သက် ၍ ဖမ်းဆီးထားသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသတင်း) ရတဲ့သူ တွေလည်း တိမ်းရှောင်တာ ဖြစ် နိုင်ပါတယ်’’ဟု ၎င်းက ပြော သည်။
ဖမ်းဆီးထားသည့် ပြည်သူ့ စစ်အဖွဲ့ဝင် အရေအတွက်ကို တပ်မတော်က မပြောသေးဘဲ စစ်ဆေးနေဆဲဟု ဆိုသည်။
ပြည်သူ့စစ်တပ်ဖွဲ့သည် တပ်မတော်လက်အောက်ခံအဖွဲ့များ ဖြစ်ပြီး ဒေသတွင်း လတ်တလော အခြေအနေများကြောင့် လုံခြုံရေး ပိုင်းဆိုင်ရာ စိတ်ပူစရာများ ရှိနေ သည်ဟု နမ့်စန်ဒေသခံများက ပြောသည်။ နားပွဲပြည်သူ့စစ် သည် အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင်အဖွဲ့ (RCSS) မှ ခွဲထွက်ကာ ဖွဲ့စည်းထားခြင်းဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
နမ့်စန်တွင် ပမာဏများပြား သော မူးယစ်ဆေးများ ဖမ်းမိပြီး နောက် နောက်ထပ် ဖမ်းဆီးရမိမှု များရှိနေပြီး သီးခြားသတင်းထုတ် ပြန်မည်ဟု တပ်မတော်က ဆို သည်။


Source: 7 Day

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...