By
burmaaffairs
အဝိရောဓနတရား မမေ့ကြပါနဲ့
-----------------------------------------
တိုင်းပြည်အရေးနဲ့ပတ်သက်တဲ့ကိစ္စမို့
မပြောမဖြစ် ပြောရပါလိမ့်မယ်.....
သီတဂူဆရာတော်ကြီး ဟောထားတဲ့တရား
အားလုံး နားထောင် သုံးသပ်ကြည့်ကြပါ၊
မစင်စားတဲ့ ဝက်သတ္တဝါတွေက
ခြင်္သေ့ကို အလိုလိုလန့်နေတဲ့အကြောင်း၊
ဝက်သတ္တဝါတွေ ပတ္တမြာဂူနဲ့မထိုက်တန်ကြောင်း
ကျက်သရေမဲ့တဲ့အကြောင်း...
တိုင်းပြည်မှာလည်း ကိုယ့်နေရာကိုယ်မသိ
ကိုယ်နဲ့မထိုက်တန်တဲ့နေရာတက်ထိုင်နေတာ
တိုင်းပြည် ကျက်သရေမဲ့တဲ့အကြောင်း...
နောက်ဆုံး ဟောပြောချက်ထဲမှာ
ရည်ရွယ်ချက်က ဘွားကနဲပေါ်လာတယ်....
တောင်ဥက္ကလာက မဲရုံတစ်ခုမှာ
မဲတွေရေတွက် ဗဟိုပို့ပီးတဲ့အချိန်ရောက်မှ
ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့
မဲ ၄၀၀၀၀လောက်ပါတဲ့ မဲပုံးကြီးတစ်ခု
မဲရုံထဲက စားပွဲပေါ် ကျန်ခဲ့တယ်တဲ့...
ဒီလို မဲမသမာမှုတွေ အများရှိနိုင်တဲ့သဘော...
သာဝတို့ဆရာတော်ကြီးရဲ့ ဟောပြောဟန်က
ကပ္ပိယသာဝတို့နဲ့ တစ်ပုံစံတည်းပဲ၊
ဆရာတပည့်တွေ တီးလုံးတိုက်ထားသလား
တိုင်ပင်ကိုက်ထားသလား အောက်မေ့ရတယ်။
ဟောပြောပုံကလည်း မျက်နှာကိုမဲ့ကာရွဲ့ကာနဲ့
ဟိတ်ဟန်အပြည့် စောင်းချိတ်ဟောထားတာ
ပြည်သူအားလုံး လေ့လာကြည့်ကြပါ။
ဒီသတင်းတကယ်သေချာတယ်ဆိုရင်
သာဝတို့ကပ္ပိယအုပ်စုကလည်း မနေပါဘူး၊
ဒီလိုအကွက်မျိုး ဖန်တီးချင်နေကြတာ။
ဒီမဲလေးသောင်းပါတဲ့ မဲပုံးကျန်ခဲ့တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ပြည်သူတွေသိတယ်၊
မဲရုံတစ်ရုံမှာ မဲပေးတဲ့အရေတွက်
လေးသောင်းထိ မရှိနိုင်သလို
မဲပုံးတစ်ခုထဲ မဲစာရွက်လေးသောင်းဆန့်တာ
ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ သုံးသပ်ကြတယ်၊
မဲတွေကို မဲကိုယ်စားလှယ်တွေအားလုံးရှေ့
ရွေးကောက်ပွဲစောင့်ကြည့်သူ လေ့လာသူတွေရှေ့မှာ
ဆရာဆရာမတွေ မဲရုံမှူးတွေက
ပွင့်လင်းမြင်သာစွာရေတွက်အတည်ပြုကြတာ၊
ဒီလို မဲပုံးကြီး ကျန်နေခဲ့တယ်ဆိုတာ
ဂျင်းသတင်းတွေယုံပြီးပြောတာဖြစ်ပါလိမ့်မယ်။
ဒီလို ယုတ္တိ မတန်တဲ့သတင်းကြီးကို
ဆရာ တပည့်အတိုင်အဖောက်တွေနဲ့
တရားပွဲထဲ ထည့်ဟောသွားတာဟာ
နဲတဲ့ powerတော့ မဟုတ်ဘူး၊
ဒီကိစ္စကို ပြည်သူတွေလျော့မတွက်ကြပါနဲ့၊
ဒါဟာ နိုင်ငံ့အရေးနဲ့ပတ်သက်တဲ့ကိစ္စ၊
ပြည်သူအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စ၊
သာဝတို့အုပ်စုက ဒီအကွက်ချောင်းနေကြတာ။
တိုင်းပြည်ကိုဆုံးမ လမ်းမှန်ပြရမယ့်
ဒီလို အထင်ကရဆရာတော်ကြီးတွေက
တရားဟော ပလ္လင်ထက်ကနေ
အာဏာရှင်ထောက်တိုင်လုပ်
အဂတိလိုက်ပြောနေမယ်ဆိုရင်
တိုင်းပြည်က သံဃာတော်တွေကို
ဘယ်လိုလုပ် လေးစားပါတော့မလဲ၊
ဒီကနေ့ခေတ်ဆရာတော်ကြီးတွေရဲ့
တိုင်းပြည်အပေါ် သြဇာမညောင်းခြင်းဟာ
ဒီလို အဂတိလိုက်ခြင်းတွေက
အကြာင်းတစ်ရပ်ဖြစ်ပါလိမ့်မယ်။
တစ်ချိန်က ပြည်သူရှေ့က
မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ဟီးရိုးကြီး
ဒီကနေ့ အာဏာရှင်ထောက်တိုင်အဖြစ်နဲ့
ဇီးရိုးဘဝကို တဖြေးဖြေးရောက်နေပြီလို့
စိတ်မကောင်းစွာနဲ့ဆိုရပါလိမ့်မယ်။
ပါးစပ်ဆိုတာ ခဲဖျက်မပါဘူး၊
စကားကို ဆင်ခြင်ပြောကြပါ၊
တရားကိုဆင်ခြင်ဟောကြပါ၊
အကြည်ညိုပျက်အောင်မလုပ်ကြပါနဲ့၊
အာဏာရှင်ထောက်တိုင်မလုပ်ကြပါနဲ့၊
လူမိုက်အားပေးမလုပ်ကြပါနဲ့။
ပြည်သူတွေ လှူတဲ့ဆွမ်းကိုစား
ပြည်သူတွေလှူတဲ့ကျောင်းမှာနေ
ပြည်သူတွေလှူတဲ့သင်္ကန်းကိုဝတ်
ပြည်သူလှူတဲ့ပစ္စည်းလေးပါးကိုသုံးစွဲပြီး
ပြည်သူကို အကုသိုလ်မပေးကြပါနဲ့၊
ပြည်သူ့ဆန္ဒနဲ့မဆန့်ကျင်ကြပါနဲ့၊
အဝိရောဓနတရားကို မမေ့ကြပါနဲ့။
သီတဂူ စန်းလပမာ
ချမ်းမြသာယာစေချင်စမ်းပါဘိ။
အရှင်ပညိဿရာလင်္ကာရ
(ရန်ကင်းတောင်)
22/1/2021
၂Kyawswe နှင့် အခြား ၁ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ
- Get link
- X
- Other Apps
Labels
စစ္တပ္ ဗုဒၶ ဘာသာ ရွေးကောက်ပွဲ
Labels:
စစ္တပ္
ဗုဒၶ ဘာသာ
ရွေးကောက်ပွဲ
- Get link
- X
- Other Apps

Comments
Post a Comment