Skip to main content

တရားမဝင်အာဏာသိမ်းအဖွဲ့က ထုတ်ပြန်သော ဥပဒေများ၊ အမိန့် ညွှန်ကြားချက်များသည် တရားဝင်မှုမရှိပေ

 တရားမဝင်အာဏာသိမ်းအဖွဲ့က ထုတ်ပြန်သော ဥပဒေများ၊ အမိန့် ညွှန်ကြားချက်များသည် တရားဝင်မှုမရှိပေ

=========================
CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများ၏ မူလတာဝန်နှင့် ရာထူးများကို ပြည်ေထာင်စုလွှတ်ေတာ်က ဥပဒေပြဌားန်ပြီး ကာကွယ်ပေးမည်
ကြေညာချက် အမှတ် ( ၃၊၂၀၂၁ )
ဖေဖော်ဝါရီလ (၁၁)ရက်၊ ၂၀၂၁ခုနှစ်။
၁။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်လုံး၌ တည်သည် ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတရားအရ နိုင်ငံ၏ အချုပ်အခြာအာဏာကို လူတစ်စုက လက်နက် အားကိုးပြုလျက် အဓမ္မ သိမ်းပိုက်ထားချိန်တွင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော နိုင်ငံသားပြည်သူများ (နိုင်ငံ့ဝန်ထမ်းများအပါအဝင်)က အာဏာသိမ်းစစ်အုပ်စုအား အကြမ်းမဖက်သောနည်းဖြင့် ဆန့်ကျင်အာခံ ဖီဆန် ခြင်းသည် မိမိတို့၏ နိုင်ငံသားအခွင့်အရေးကို တရားနည်းလမ်းကျစွာ ခုခံကာကွယ်သည့် လှုပ်ရှားမှုဖြစ်သဖြင့် ဥပဒေနှင့် ညီညွတ်သော ဆောင်ရွက်ချက်ဖြစ်သည်ဟု မှတ်ယူရမည်။
၂။ အာဏာသိမ်း စစ်အုပ်စုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းပါ မည်သည့်ပုဒ်မနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု ချိုးဖောက်လျက် အဓမ္မ အာဏာ သိမ်းခြင်းဖြစ်သည့်အတွက် ဘယ်သောအခါမှ တရားဝင်အစိုးရအဖြစ် မှတ်ယူနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
၃။ တရားမဝင်သည့် အာဏာသိမ်း အဖွဲ့အစည်းတစ်ခုအနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မည်သည့်အာဏာကိုမျှ ရယူကျင့်သုံးခွင့် မရှိပေ။
၄။ တရားမဝင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများအပေါ် သတ်မှတ်ပြဋ္ဌာန်းသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တစ်စုံတစ်ရာသည် တရားဝင်မှုမရှိသည့်အတွက် ပြည်သူများအနေဖြင့် လက်ခံလိုက် နာစရာ လုံးဝမလိုအပ်ပေ။
၅။ Civil Disobedience Movement ပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု သည် နိုင်ငံ့အရေးဆောင်ရွက်ချက်သာဖြစ်ပြီး ပါတီနိုင်ငံရေးဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ(က)နှင့်လည်း ငြိစွန်းခြင်းမရှိပါ။
၆။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအားလုံးသည် Civil Disobedience Movement စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် ဤလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ မူလအလုပ်တာဝန်ရာထူးများ တည်မြဲရေးအတွက် ဥပဒေပြဋ္ဌာန်းလျက် အပြည့်အဝအာမခံချက်ပေးသွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဘောထား ထုတ်ပြန်လိုက်သည်။
ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
Mi Mi၊ Mg Myint Soe နှင့် အခြား ၆၂၄ ဦး
မှတ်ချက် ၈ ခု
မျှဝေသူ ၁၀၃ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ
အသက်ဆိုင်ဆုံး


Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...